episode 17 unicodr

3.7K 183 1
                                    

ငြိုး.....(episode 17)
-------------------

ဥက္ကာပေးသည့်ဝေဒနာကို သက်ပိုင်ခင်မ်ာ သုံးလေးရက်ခံစားရ၏။
ပါးကြီးသည် ယောင်ကိုင်းနေပြီး စကားပင်ကောင်းကောင်းမပြောနိုင် လေသံများနှင့် လက်ဟန်ခြေဟန်ဖြင့်သာ ပြောနိုင်ရှာသည် ။ အစာပင်ဝါးမရကာ စွတ်ပြုတ်အရည်မ်ားသာ သောက်ရလေ၏။
ထိုအခါ ဥက္ကာကပင် ပြုစုရပြန်သည်။

ပြန်ကောင်းတော့လည်း သက်ပိုင်ကအငြိမ်မနေ နောက်တစ်ခုထပ်၍ပူဆာပြန်သည်။

ရပ်ကွက်အလိုက် ဆွမ်းကြီးလောင်းလှူပွဲတွေရှိလျှင် သက်ပိုင်တို့ငယ်ငယ်လေးကတည်း ပျော်ရွှင်ရမြဲပင်။

သူငယ်ချင်းတွေနဲ့ ပြဲဈေးတန်းလျှောက်ပတ်၊ စားချင်တာစား၊ ရဟတ်တွေစီး၊ ခ်ားတွေစီး၊ ဂလုတ်ဂလုတ်ဆြဲ၊ ပွဲကြည့်။ အဲ့ဒီအမှတ်တရတွေက ခုချိန်ထိ ပြန်တွေးတိုင်း ပျော်စရာကောင်းနေတုန်းပင်။

ခုလည်း နတ်မှော်တန်းပွဲရှိသည်ဟု မေမေ့ဆီကကြားလိုက်ရသည်နှင့် သက်ပိုင်သွားချင်ဇောတွေပြည့်နေသည်။ ကြုံဖူးသည့်ဆွမ်းကြီးလောင်းပွဲများတွင် နတ်မှော်တန်း ပြဲဈေးတန်းကအရှည်ဆုံးဖြစ်မည်ဟုထင်ရသည်။ ရပ်ကွက်လေးခုလောက်ပေါင်းလုပ်တော့ ပြဲဈေးတန်းကတော်တော်ရှည်သည်။ ပြဲဈေးတန်းရှည်၍ စားဆိုင်သောက်ဆိုင်များနှင့် ချားရဟတ်တွေ ဂလုတ်ဂလုတ်ဝိုင်းတွေကပိုပေါသည်။ ထို့ကြောင့် ပိုပျော်ရမည်မှာကျိန်းသေ၍ ပိုသွားချင်မိနေသည်။

"ဟေး...ယူရေ....ဒီနေ့ညနတ်မှော်တန်းမွာ ပွဲရှိတယ်တဲ့....ယူမသွားချင်ဘူးလား....."

သက်ပိုင်သည် ဥက္ကာအခွံနွှာပေးထားသော နေကြာစေ့များကို တမြုံ့မြုံ့ဝါးရင်း စကားခေါ်လိုက်ခြင်းဖြစ်သည်။

ဥက္ကာက နေကြာစေ့ကို သွားကြားတွင်ညှပ်၍ သဘောမတူဟန်ဖြင့် ခပ်တင်းတင်းကြည့်လိုက်သည်။ ဥက္ကာ၏မျက်နှာရိပ်မျက်နှာကဲကိုကြည့်ပြီး အလွယ်တကူစကားခေါ်၍ရမည်မဟုတ်မှန်း သက်ပိုင်အတတ်သိလိုက်သည်။

"ရှုပ်ရှုပ်ရှပ်ရှပ်တွေလာပြန်ပြီ...."

"ယူကမသွားချင်လို့လား...."

~ၿငိဳး.....~Where stories live. Discover now