episode 23 unicode end up

12.1K 331 10
                                    

ငြိုး.....(episode 23) final
------------------------

အရာအားလုံးက ပိန်းပိတ်အောင်မှောင်မဲနေ၏။ မေ့မြောနေခြင်းကြောင့် အသိစိတ်ထဲေမှာင်မဲနေခြင်းမျိုးမဟုတ်ပဲ မျက်လုံးကိုတစ်ခုခုဖြင့် ဖုံးပိတ်ထားသောကြောင့် မှောင်မဲနေခြင်းမျိုးဖြစ်သည်။ တင်းတင်းကြပ်ကြပ် စေးကပ်နေသည်ကိုခံစားရ၍ မျက်လုံးကို တိတ်နှင့်အကပ်ခံထားရမှန်း သက်ပိုင်သိလိုက်သည်။

မွေ့ရာတစ်ခုပေါ်ရောက်နေခြင်းကိုလည်းသိသည်။ သူ့လက်နှစ်ဖက်ကို ပုဝါတစ်ခုဖြင့် စည်းကာဘေးသို့ဆန့်လျက် ချည်နှောင်ခံထားရမှန်းလည်း သိသည်။ ပြီးနောက် ဒီအခန်းအငွေ့အသက်ကိုလည်း ရင်းနှီးနေသလိုခံစားနေရ၏။ သူဘယ်တွေရောက်နေပါလိမ့်။ ကိုကျော်စွာ၏အိမ်ထဲသို့နောက်ဆုံးဝင်ခဲ့သည်ကို သတိပြန်ရ၍ ကိုကျော်စွာများဖမ်းခေါ်လာလေသလားဟု ထိတ်လန့်မိသွားသည်။

"သတိရလာပြီလား....."

ကိုကျော်စွာအသံမဟုတ်ပါ။ ဘယ်သူ့အသံမှန်းလည်း ခန့်မှန်း၍မရပါ။ ခပ်အောအောခပ်လေးလေးဖြင့် ပါးစပ်ကိုတစ်ခုခုကာပြီး ပြောသည့်အသံမျိုးပါ။

"ကို....ကိုကျော်စွာလားဟင်...."

"မင်းနောက်ဆုံးဘယ်သူ့အိမ်ထဲဝင်ခဲ့တာလဲ...."

ကိုကျော်စွာအိမ်ထဲဝင်ခဲ့ပေမဲ့ ဒါကိုကျော်စွာအသံမဟုတ်။ ကိုကျော်စြာက အဲ့လိုအသံခပ်မာမာပြတ်ပြတ်ဘယ်တုန်းကမွမပြောဖူးခဲ့ပါ။

သက်ပိုင်သည် ကြောက်အားလန့်အားဖြင့် ထိုသူကိုတောင်းဆိုမှုပြု၏။

"ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ....ကျွန်တော့်ကိုလွှတ်ပေးပါဗျာ...."

"ဖမ်းလာတာ လွှတ်ပေးဖို့များ ထင်နေတာလား...ဟမ်...."

ထိုသူ၏စကားသံဆုံးသည်နှင့် ထိုင်ခုံကိုနောက်သို့ပွတ်ဆြဲသံ နေရာမှထသံများကို တစ်ဆက်တည်းကြားလိုက်ရသည်။ ထိုသူ ဘာလုပ်ဖို့နေရာမှထလာသနည်း။ သက်ပိုင် ကြောက်စိတ်မ်ား ငယ်ထိပ်သို့ဆောင့်တက်လာကာ ချည်ထားသော ပုဝါမှလွတ်အောင် ရုန်းကန်မိလေသည်။

"ကျွန်တော့်ကိုဘာလုပ်ဖို့ ဖမ်းလာရတာလဲ၊ ခင်ဗျားဘယ်သူလဲ...."

~ၿငိဳး.....~Where stories live. Discover now