Chapter 2

7.4K 678 27
                                    

Pls Scroll down for Zawgyi

"နောက်ဆုံးတော့ မင်းရောက်လာပြီပဲ ဝမ်နင်"

ရထားလုံးရပ်ခါရှိသေး ရထားလုံးတံခါးကို အငမ်းမရ ဆွဲဖွင့်တဲ့လူကြီးကို အမြင်ကပ်လိုက်တာ။ ဒါလား ဘုရင်။ အရူးကြီးနဲ့ပိုတူတယ်။
"ဟွန့်"

ချူးဝမ်နင်က မကျေမချမ်းနဲ့ နှာတစ်မှုတ်လိုက်တယ်။ သူ့အလိုဆန္ဒမပါဘဲ ဒီကိုခေါ်လာခံခဲ့ရတာကို ဘယ်ကျေနပ်နိုင်ပါ့မလဲ။ ပြီးတော့ သူက ယောက်ျားလေး။ ရွာမှာဆို သူက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပဲ။ အိမ်ကို တစ်လတစ်ခေါက်လာနေတတ်တဲ့ ဟိုဘုရင်ကြီးကြောင့်သာ သူ့ကို ဘယ်သူမှ ပေါ်တင်မကြိုက်ရဲကြတာ။ လွန်ခဲ့တဲ့ငါးနှစ် စတွေ့ကတည်းက သူ့ကို ပြေးဖက်ပြီး လူကြီးတန်မဲ့အော်ငိုခဲ့တဲ့သူက စိတ်ရောမှန်ရဲ့လားမသိဘူး။ အဲ့လူကြီးကို တွေ့စက အရမ်းကြောက်လို့ထင်တာပဲ ရင်တွေ တဒိန်းဒိန်းခုန်ခဲ့ရသေးတယ်။ နန်းတော်ကို လိုက်ခဲ့ပါလို့ ခခယယခေါ်နေတဲ့လူကြီးရဲ့ လက်တွေက အရမ်းကြမ်းတာပဲ။ သူကြောက်တယ်။ ပြီးတော့ အဲ့လူကြီးက သူ့နှဖူးကို နမ်း... နမ်းလိုက်သေးတယ်။ ဒေါသထွက်လွန်းလို့ အဖေ့နွား‌ကြောင်းတဲ့ ကြာပွတ်နဲ့ လိုက်ရိုက်ပစ်လိုက်တယ်။ ဒါပေမယ့် သူဘယ်လောက်ပတ်ရှောင်နေနေ နောက်ဆုံးတော့ ဒီရထားလုံးထဲ ပါလာရတာပဲ။ အဲ့လူကြီးကလေ ဘုရင်ဆိုပြီး အရမ်းအနိုင်ကျင့်တာပဲ။ သူ့ရှေ့မှာဆို ရူးကြောင်ကြောင်ဂေါက်တောက်တောက်‌နေတဲ့လူကြီးက ကျန်တဲ့သူတွေနဲ့ဆို သိပ်ဩဇာညောင်းတာ။ အရင်မင်းကြီးရဲ့ ချီးမြှောက်မှုကို ခံထားရတဲ့ သူ့အဖေတောင် သူ့ကိုငါးနှစ်ပဲ အချိန်ဆွဲထားပေးနိုင်တာကိုသာကြည့်တော့။ အဲ့လူကြီးကိုလေ အရမ်းအမြင်ကပ်တာပဲ။

ချူးဝမ်နင်းက ရထားလုံးပေါ်က ဆင်းဆင်းချင်းပဲ တာ့ရှန်ကျွင်းရဲ့ ခြေထောက်ကို တက်‌နင်းလိုက်တယ်။
"အော် မမြင်လို့ပါ။ တောင်းပန်ပါတယ်"

တာ့ရှန်ကျွင်းကတော့ သူ့ခြေထောက်ကို တက်နင်းပြီး ကော့ပတ်ကော့ပတ်နဲ့ အရှေ့ကနေ လှေကားထစ်တွေပေါ် တက်သွားတဲ့ ကောင်ငယ်လေးကို ကြည့်ရင်းပြုံးနေခဲ့တယ်။ ဝမ်နင် က‌လေးလေးလို အရွယ်အစားကျုံ့သွားချိန်တုန်းက ရှစစ်နီအဖြစ်နဲ့ ချစ်‌ဖို့ကောင်းနေပုံတွေကို သူ့မျက်စိနဲ့ တပ်အပ်မြင်ချင်ခဲ့တာ။ ရှစစ်နီလေးရဲ့ ချွဲတာတွေကို ဟိုခွေးကောင်မော့ရန်ပဲ ခံ‌ခဲ့ရတာကို သူလုံးလုံးမကျေနပ်နိုင်ခဲ့ဘူး။ အခုတော့ သူ့ကို ကောင်းကင်ဘုံက ကောင်းချီးပေးတာပဲ။ သူ့ဝမ်နင်းက သူ့ထက် ရှစ်နှစ်တောင်ငယ်တယ်။

Wanning, I want a baby so badWhere stories live. Discover now