Chapter - 8 (ပီသုံးလုံး🚨)

8.8K 480 22
                                    

pls scroll down for Zawgyi

တာ့ရှန်ကျွင်းနဲ့ ချူးဝမ်နင်ဟာ တစ်ယောက်လက်ကို တစ်ယောက်ကိုင်ထားရင်း ငြိမ်းချမ်းစွာလဲလျောင်းနေကြတယ်။ တစ်ဦးက တစ်ဦးအပိုင်ဖြစ်တယ်ဆိုတဲ့အသိက သူတို့ရဲ့ ရင်ကိုသာမက အခန်းတစ်ခုလုံးကိုပါ နွေးထွေးစေတယ်။

တစ်ခန်းလုံးကို အနီရောင်တွေနဲ့ပဲ ပြင်ဆင်ထားတဲ့ တာ့ရှန်ကျွင်းရဲ့ ရည်ရွယ်ချက်က ပြောစရာမလိုအောင်ကို သိသာစေတယ်။ အနီရောင်က လိင်စိတ်ကိုနိုးကြားစေတယ်လို့ သူစာအုပ်တစ်အုပ်ထဲမှာဖတ်ဖူးတယ်။ ဒါပေမယ့် တာ့ရှန်ကျွန်းပီသစွာပဲ မျက်နှာကြတ်တွေ နံရံတွေမကျန် အသုံးအဆောင်ပစ္စည်းကအစ အနီရောင်တွေချည်းပဲ လွန်လွန်းကျူးကျူးပြင်ဆင်ထားတာက မြင်ရသူကို တော်တော်လေးကသိကအောက်ဖြစ်စေတယ်။ အနီရောင်က လိင်စိတ်တင်မက ဒေါသကိုလည်း ဆွပေးတဲ့အရောင် ဆိုတာကိုတော့ တာ့ရှန်ကျွင်းမသိရှာဘူး။

"ငါမရှိခဲ့တဲ့ အချိန်တွေမှာ မင်း အဆင်ပြေရဲ့လား"
ဝမ်နင်က တာ့ရှန်ကျွင်းနဲ့ မျက်နှာချင်းဆိုင် လဲလျောင်းနေရင်းနဲ့ မေးတယ်။ ဒီဘဝမှာ သူ့အသက်က တာ့ရှန်ကျွင်းထက်ပိုငယ်တာမှန်ပေမယ့် အရင်ဘဝအဆက်ဆက်က ဆရာအဖြစ်အပေါ်စီးကပဲ နေနေကျမို့ ဒီဘဝမှာလည်း မင်းနဲ့ငါဆိုတဲ့ အသုံးအနှုန်းကိုပဲသုံးဖို့ သူရွေးချယ်ထားတယ်။

တာ့ရှန်ကျွင်းက ဝမ်နင်ကို ပြုံးကြည့်ပြီးမှ သူ့ရင်ခွင်ထဲဆွဲထည့်လိုက်တယ်။ ပြီးတော့ ဒီဘဝမှာ ဝမ်နင်ကို လိုက်ရှာရင်းကြုံခဲ့ရသမျှ သူခံစားခဲ့ရသမျှကို အနိုင်ကျင့်ခံရတဲ့ ကလေးလေးက သူ့အမေကို ပြန်တိုင်သလိုမျိုး အဆက်မပြတ် ပြောတော့တယ်။

ဝမ်နင်ကတော့ တာ့ရှန်ကျွင်းရင်ခွင်ထဲကနေ ငြိမ်ပြီးနားထောင်ပေးနေတယ်။

စကားတွေအများကြီး‌ ပြောပြီး မောသွားတဲ့ တာ့ရှန်ကျွင်းက ခဏရပ်လိုက်ပြီးမှ ရုတ်တရက်ကြီးပြောလာခဲ့တယ်။
"ဝမ်နင် ကိုယ့်ကို ခွင့်ပြုမယ်မဟုတ်လား"

ဟမ်... အဆက်အစပ်မရှိ ဘာကို ခွင့်ပြုရမှာလဲလို့တွေးမိပေမယ့် မော့ကြည့်လိုက်တဲ့အခါ တာ့ရှန်ကျွင်းရဲ့ မျက်လုံး‌က ရီဝေဝေအကြည့်တွေက မေးခွန်းတွေပြန်မေးနေစရာမလိုအောင်ကို သူဘာလိုချင်သလဲဆိုတာ ရှင်းလင်းနေတယ်။

You've reached the end of published parts.

⏰ Last updated: May 03, 2020 ⏰

Add this story to your Library to get notified about new parts!

Wanning, I want a baby so badWhere stories live. Discover now