Chapter 5

5.1K 546 31
                                    

Scroll down for Zawgyi

တာ့ရှန်ကျွင်းက အခုတလော ဝမ်နင်နား သိပ်မကပ်နိုင်ဘူး။ ဝမ်နင်က တာ့ရှန်ကျွင်းဘာတွေလုပ်နေနေ သိပ်ဂရုမစိုက်ပေမယ့် တာ့ရှန်ကျွင်းက အပြင်က ပြန်လာတိုင်း ပင်ပန်းနေတဲ့ပုံပေါက် နေတော့ သူမသင်္ကာတော့ဘူး။ ဒီလို သန်သန်မာမာကြီးက ဘာတွေလုပ်‌နေလို့ ပင်ပန်းရတာလဲ။ ပြီးတော့ သူ့ကြည့်ရတာ တစ်ခုခုကို ဖုံးကွယ်ထားသလိုပဲ။ တာ့ရှန်ကျွင်း ဘာကြံနေလဲဆိုတာ ဝမ်နင်က သိပ်သိချင်နေတယ်။ တစ်နေ့က‌ဆို မနက်ခင်း သူနိုးလာတာတောင် တော်တော်နဲ့နိုးမလာလို့ တာ့ရှန်ကျွင်းကို ပါးစပ်ဖြဲ ဆားတွေထည့်ပြီး နှိုးလိုက်တယ်။ နှိုးနည်းကတော့ ထိရောက်တယ်ပြောရမယ်။ တာ့ရှန်ကျွင်းတစ်ယောက် ပါးစပ်ထဲ ငံကျိကျိဖြစ်နေတယ်ဆိုပြီး ရေတွေ တဂွတ်ဂွတ်ထသောက်တော့တာပဲ။ ဝမ်နင်က မနက်တိုင်း အဲ့နည်းကိုသုံးပြီး တာ့ရှန်ကျွင်းကို နှိုးဖို့ကြံနေပေမယ့် နောင်ကြာလာရင် တာ့ရှန်ကျွင်းမှာ သွေးတိုးရောဂါရသွားမှာကို တွေးပူနေတယ်။ အဲ့‌ဒါကြောင့် နောက်နေ့အတွက် သံပုရာသီးနဲ့ ငရုတ်သီး တစ်လှည့်စီပြောင်းသုံးဖို့ စဉ်းစားနေတာ။

ဝမ်နင်က တာ့ရှန်ကျွင်း ပုံမှန်ထက် ပိုအိပ်တာကို မကြိုက်ဘူး။ မကြိုက်ဘူးဆိုတာထက် သူက တစ်စုံတစ်ခုကို တွေးပြီးကြောက်နေတာ။ သူ ငယ်ငယ်ကတည်းက မကြာခဏ မက်လေ့ရှိတဲ့ အိပ်မက်တစ်ခုရှိတယ်။ အိပ်မက်ထဲမှာ လူတစ်ယောက်က ဒဏ်ရာဗရာပွနဲ့ ကုတင်တစ်ခုပေါ်မှာ လှဲနေတယ်။ သူဘယ်လောက်ခေါ်ခေါ် နိုးမလာဘူး။ ထလည်းမလာဘူး။ အဲ့လူမှာ အသက်မရှိတော့ဘူးလို့လည်း သူခံစားမိနေတယ်။ အိပ်မက်က နိုးလာတိုင်း သူ့ပါးပေါ်မှာ မျက်ရည်စတွေရှိနေတတ်တယ်။ ရင်ဘတ်ထဲကလည်း အရမ်းနာတာပဲ။ အဲ့အိပ်မက်ကို သူ တာ့ရှန်ကျွင်းစီရောက်ကတည်းက မမက်တော့လို့ မေ့တောင်နေပြီ။ ဒါပေမယ့် တာ့ရှန်ကျွင်း အိပ်ပုပ်ကြီးနေလို့ နိုးမရတာနဲ့ ဝမ်နင် အဲ့အိပ်မက်ကို ဖျတ်ခနဲသတိရသွားတယ်။ အိပ်မက်ထဲကလူက တာ့ရှန်ကျွင်းနဲ့ တူလွန်းတယ်။ တစ်ခုရှိတာက အိပ်မက်ထဲက လူက တာ့ရှန်ကျွင်းထက် ပိုနူးညံ့ပုံပေါ်တယ်။ ဒါပေမယ့် သူတို့တွေက တစ်ယောက်တည်းဖြစ်နေလိမ့်မယ်ဆိုတာ သူ့နှလုံးသားထဲကနေ အလိုလိုသိနေသလိုမျိုးပဲ။ ဝမ်နင်က သူဘာဖြစ်နေလဲဆိုတာ သူ့ဘာသာသူမသိပေမယ့် သူအိပ်မနေရင် တာ့ရှန်ကျွင်းကိုလည်း အိပ်မနေစေချင်ဘူး။

Wanning, I want a baby so badDonde viven las historias. Descúbrelo ahora