Chapter 4

5.3K 585 30
                                    

Pls scroll down for Zawgyi

ဝမ်နင်တစ်ယောက် ကုန်းကုန်းကွကွနဲ့ အိပ်ယာခင်းတွေကို လှန်လောပြီး တစ်ခုခုရှာနေတယ်။ သူရှာတာမတွေ့လို့ထင်ရဲ့။ မျက်မှောင်လေးကလည်း ကျုံ့လို့။

"ကလေး ဘာတွေရှာနေတာလဲ"
ဝမ်နင် မျက်နှာတစ်ချက်ပျက်တာနဲ့ တာ့ရှန်ကျွင်းက မနေနိုင်တော့ပဲ ဝင်ပါရတယ်။

"အကောင်။ ကျွန်တော့ကို ကိုက်သွားတဲ့အကောင်"

"ဘာ အကောင်ကိုက်ခံရတယ်။ ဘယ်နားလဲ။ ပြစမ်း ကလေး"
တာ့ရှန်ကျွင်းက ဝမ်နင်ကိုကိုက်လိုက်တဲ့အကောင်ကို ဘာကောင်နေနေ မျိုးဖြုတ်ပစ်ဖို့ တွေးပြီးနေပြီ။

"ဒီမယ်ကြည့် နှုတ်ခမ်းကို ကိုက်သွားတာ ထင်တယ်"
ဝမ်နင့်ရဲ့နှုတ်ခမ်းလေးက သေးသေးဖူးဖူးလေးရယ်။ အရင်ဘဝကလို တင်းတင်းစေ့ထားတတ်တဲ့ နှုတ်ခမ်းလေးတစ်စုံမဟုတ်တော့ဘူး။ မကျေနပ်တာရှိတိုင်း မသိမသာစူထွက်လာတတ်တဲ့ နှုတ်ခမ်းဖူးဖူး‌သေးသေးလေးဖြစ်နေပြီ။

တာ့ရှန်ကျွင်းက ဝမ်နင်ရှာနေတဲ့အကောင်က သူကိုယ်တိုင်ဖြစ်နေတယ်ဆိုတာ ဝမ်နင်ကို မပြောပြရဲဘူး။

ဝမ်နင်က အရွယ်မရောက်သေးတာမို့ တာ့ရှန်ကျွင်းတစ်ယောက် သူ့စိတ်သူထိန်းထားခဲ့ပေမယ့် ညဘက်ရောက်တိုင်း စိတ်က‌ရော ခန္ဓာကိုယ်ကရော ဖောက်ဖောက်လာတတ်တယ်။ ဝမ်နင်နဲ့အတူ တစ်အိပ်ယာတည်းအိပ်ရတော့ ပိုဆိုးတယ်။

တစ်အိပ်ယာတည်း အိပ်ဖြစ်သွားတာကလည်း တာ့ရှန်ကျွင်းရဲ့ အကြံကြီးမှုကြောင့်ပဲ။ သူက ဝမ်နင်ကြောက်ပြီး သူနဲ့လာအိပ်အောင် အဆောင်တော်တွေမှာ ဆံပင်ဖားလျားနဲ့ သရဲမကြီး‌တွေရှိတဲ့အကြောင်း လိမ်ပြောထားတယ်။ ဒါပေမယ့် ဝမ်နင်က မကြောက်တဲ့အပြင် သရဲဖမ်းချင်ပါတယ် တကဲကဲလုပ်နေလို့ မနည်းချော့ထားရသေးတယ်။ အဲ့ဒါကြောင့် တာ့ရှန်ကျွင်းက သူကိုယ်တိုင်ပဲ သရဲကြောက်ချင်ယောင်ဆောင်ပြီး ဝမ်နင်ကို အဖော်လာအိပ်ပေးဖို့ တောင်းဆိုရရှာတယ်။ ဝမ်နင်က အစကတော့ ငြင်းပေမယ့် နောက်တော့ တိုင်းပြည်ရဲ့ ဘုရင်က သရဲကြောက်တတ်မှန်း အိမ်နီးချင်းတိုင်းပြည်တွေသိသွားရင် အရှက်ကွဲမှာစိုးလို့ဆိုပြီး လာအိပ်ပေးတယ်။

Wanning, I want a baby so badOnde histórias criam vida. Descubra agora