Chapter 7 (ထိမ်းမြားလက်ထပ်ခြင်း)

5.7K 556 44
                                    

Pls scroll down for Zawgyi

တာ့ရှန်ကျွင်းက ဝမ်နင်ရဲ့မွေးနေ့အတွက် လက်ဆောင်ပြင်ဆင်ဖို့ ခေါင်းစားအပြီးမှာ နောက်ထပ်ခေါင်းစားစရာတစ်ခုထပ်ပေါ်လာပြန်တယ်။ သူ ဝမ်နင်ကို ဘယ်လို လက်ထပ်ခွင့်တောင်းရမလဲ။ ကယ်ကြပါဦး!!!

လက်ထပ်ခွင့်တောင်းတာကိုရော မင်္ဂလာပွဲကိုရော ဝမ်နင်အတွက် တစ်သက်မမေ့စရာ... မဟုတ်သေးဘူး ဟိုခွေးကောင်မော့သခင်လေးနဲ့ အတူနေရမယ့်ဘဝတွေမှာတောင် မေ့မသွားအောင် အမှတ်တရဖြစ်နေစေချင်တယ်။ သွေးလွန်းတဲ့ဓားတွေက ထက်လာသလို တွေးရလွန်းနေတဲ့ တာ့ရှန်ကျွင်းရဲ့ဦးနှောက်ကလည်း ဉာဏ်ပိုကောင်းလာတယ်။ အရင်ကလို "ငါကိုယ်တော်မြတ်ကို လက်ထပ်စမ်း ဝမ်နင်"လို့ ခြိမ်းလားခြောက်လားမလုပ်တော့တာက သက်သေပဲ။ ဒါပေမယ့် ရိုမန့်အဆန်ဆုံး ကြည်နူးစရာအကောင်းဆုံး အဆန်းသစ်ဆုံး လက်ထပ်ခွင့်တောင်းနည်းကို စဉ်းစားနိုင်လောက်တဲ့အထိတော့ တာ့ရှန်ကျွင်းက ဉာဏ်မကောင်းသေးဘူး။ ဒါကြောင့် သူက တခြားသူကို အကူအညီတောင်းဖို့ စဉ်းစားလိုက်တယ်။

"ငါကိုယ်တော် မောင်မင်းတို့ကို ဒီနေ့ ညီလာခံခေါ်ရတဲ့အကြောင်းအရင်းကတော့ မောင်မင်းတို့ကို အကူအညီတစ်ခု တောင်းချင်လို့ပဲ"

"မှန်လှပါ ‌မိန့်တော်မူပါ အရှင်"

တာ့ရှန်ကျွင်းက သူကိုယ်တိုင် ခေါင်းခြောက်မခံနိုင်တော့လို့ အာဏာကို အလွဲသုံးစား နည်းနည်းလေး လုပ်လိုက်တယ်။ တာ့ရှန်ကျွင်းတွေးတာက ရှင်းတယ်။ ပညာရှိမှူးမတ်တွေရဲ့ အလုပ်က ဘာလဲ။ သူ့ကို ကူညီစဉ်းစားဖို့လေ! တာ့ရှန်ကျွင်းက နှလုံးသားရေးနဲ့ နိုင်ငံရေးမတူတာကိုတော့ မသိချင်ယောင်ဆောင်ပစ်လိုက်တယ်။

"မောင်မင်းတို့အများစုက ‌အိမ်ထောင်တွေနဲ့မလား"

"မှန်လှပါ"
"မှန်လှပါ သမီးအလှကညာတွေပါ ရှိကြောင်းပါ"
တချို့က သူတို့သမီးတွေအတွက် လမ်းကြုံဈေးဗန်းပါ ခင်းပေးလိုက်သေးတယ်။

"ဒါဆို မင်းတို့မိန်းမကို မင်းတို့ဘယ်လို လက်ထပ်ခွင့်တောင်းခဲ့ကြသလဲ တစ်ယောက်ချင်းလျှောက်တင်ကြစမ်း။ ရှေ့ဆုံးက အမတ်ချုပ်ကြီးက စလိုက်"

Wanning, I want a baby so badTempat cerita menjadi hidup. Temukan sekarang