Part 9

8.4K 407 1
                                    

"အခုရော သဘောကျနေတဲ့သူရှိနေပြီလား''
ပန်းရီရဲ့ မေးခွန်းကြောင့် ရှင်းရင်တွေတုန်လာသည်

(ဘုရား ဘုရား မရှိပါစေနဲ့)

ဆုတောင်းမပြည့်ပါ

"အင်းး''

ပန်းရီကဆက်မေးသည်
"ဘယ်ကလည်း?''

"အဲ့တာက..... Secret"

"ဟာ...."

"အဲ့‌ကောင်ကို ကြိုက်တဲ့သူများတယ် မပန်းရဲ့ သူကိုအခြာuးniကသူတွေတောင်သိကြတယ် အချောလေးတွေတောင်ပါသေး..."

ရှင်း ရင်ထဲအတိုင်းမသိဝမ်းနည်းမိသည်။ ငါမှန်းတာ အရမ်းမြင့်နေလား သူ့ကို ငါသဘောကျမိတာမှားလား? ငါသူ့ကိုသဘောမကျသင့်ဘူးထင်တယ်.....

"လာနောက်ဘုရားတစ်ဆူသွားဖူးကြမယ်"
စားပြီးသောအမှိုက်ထုတ်များကို သိမ်းဆည်း အမှိုက်ပုံးထဲသို့ထည့်ပြီး နောက်ဘုရားတစ်ဆူရှိရာသို့ပြန်လှည့်လာကြသည်။

လမ်းသိသော ပန်းရီတို့က ရှေ့
စုလင်းတို့က အလယ်
ရှင်းနှင့် နှင်းသက်တို့က နောက်ဆုံးကနေ မောင်းလာခဲ့သည်

အရိပ်သိပ်မရှိသည်မို့ နေကတော်တော်ပူသည်။ နက်ရှိုင်းအပေါ်ထပ်ကို အခြားသူများမမြင်ခင် သစ်ပင်အောက်မှာထဲက ပြန်ပေးလိုက်သည်မို့တော်သေးသည်။ မဟုတ်ရင် သူငယ်ချင်းမများက စကြဦးမှာ.....

နောက်ဘုရားတစ်ဆူကတောင်ကုန်းပေါ်တွင်တည်ထားသည့်အပြင် ခပ်မတ်မတ်မောင်းတတ်ရမည့်အနေအထားတွင်ရှိသည်

"ဟဲ့ ငါမတတ်ရဲဘူး နှင်းသက်ရေ ငါဆိုင်ကယ်မောင်းတာ သိပ်လဲကြာသေးတာမဟုတ်ဘူး"

"ရပါတယ်ဟ သဲကိုငါယုံတယ် မောင်းဘာမှ မဖြစ်ဘူး"

နှင်းသက်ဆိုသည်မှာအမြဲအဲ့လိုပင် ကြောက်တတ်တာသိပ်မရှိ ထိုင်းသရဲကား ကိုးရီးယားသရဲကားကဲ့သို့ သွေးသံတရဲရဲ Horrorကားတွေကို မုန့်စားပြီး အေးဆေးကြည့်နိုင်သူ အခုလဲ ဆိုင်ကယ်မောင်းတာနှစ်လမပြည့်သေးသူကို ကုန်းမြင့်ပေါ်မောင်းတတ်ရမည့်အလုပ်ကို အားပေးအားမြောက်တောင် လုပ်နေသေး.....

"ငါမောင်းပြီနော်"

လီဘာကိုဆွဲတင်ပြီး ဘုရားတကာ မောင်းရင် ဘုရားကုန်းပေါ်သို့ရောက်သွားတော့သည်။

မမWhere stories live. Discover now