Chatting With Nine

5.1K 597 25
                                    

❤️Chatting With Nine❤️

"မင်္ဂလာပါ ကျွန်တော် Nineအံ့ပါခင်ဗျာ"

Live စသည်နှင့် viewer အရေအတွက်က ​တရိပ်ရိပ်တက်လာ
ချိန်က အရမ်းမြန်သည်။
Live အတွက် တီငယ်သေချာ​ပြင်ဆင်
ပေးထားသော ကျွန်တော့်အခန်း၏
အပြင်ကိုလည်းအားလုံးက သဘောကျ
နေကြသည်။

"အခန်းက လင်းနေတာ မီးတွေအများ
ကြီးထွန်းထားလို့လား...မဟုတ်ဘူး
ခင်ဗျာ လိုက်ကာတွေတင်ထားလို့ပါ
သြ အနောက်က ဘွန်ဆိုင်းလား ဟုတ်
တယ် ခင်ဗျ ဟိုတစ်ခါဂျပန်ကပြန်လာ
တော့Rainဝယ်ပေးထားတာ"

"ကျွန်တော်တို့ Live စလို့ရပြီလား
ခဏနော် ကျွန်တော် viewerအရေအတွက်ကြည့်လိုက်ဦးမယ် အိုကေ 100k ကျော်နေပြီဆိုတော့
စမယ်နော်။ မင်္ဂလာပါ ကျွန်တော် Nine
အံပါ။ ကျွန်တော်ဒီနေ့ မေးခွန်းတွေကို
မြန်မာလိုပဲ ပြန်လည်ဖြေကြားပေးပါ့
မယ်ခင်ဗျာ။ အဆင်မပြေတာရှိရင်
လည်းကျွန်တော် ကြိုတင်ပြီးတောင်း
ပန်ပါတယ် ခင်ဗျာ"

ဘာမှမဆက်မပြောသေးဘဲ comment
တွေကိုသာ လိုက်ဖတ်နေသည်။ Rain ခ Live လွှင့်စဥ်က အိမ်နေရင်း Tee
ခပ်နွမ်းနွမ်းနဲ့ ဘောင်းဘီတိုလေးသာ
ဝတ်ခဲ့ပေမဲ့ Nine အံ့ကတော့ဖြင့်
Liveအတွက် သေသေချာချာလေး ဝတ်ဆင်ထားသည်။ အဝါပေါ်တွင် အဖြူအစင်းကြားများပါသော ရှပ်ကို
လက်တစ်ဝက်ထိခေါက်တင်လျက်
ဖွေးလျနေသောဘောင်းဘီအဖြူကို
ဆင်ယင်ထားသည်။ လွန်ခဲ့သည့်နှစ်
တွေကလို ခန္ဓာကိုယ်တည်ဆောက်ပုံမှာအရမ်းနုနည်နေတာမျိုးမဟုတ်တော့သော်လည်း မျက်နှာလေးကဖြင့်
အမြဲလိုလိုအေးအေးချမ်းချမ်းဖြစ်နေ
သည်။ အားလုံးက Saty Homeနေတော့ အသားအရည်တွေပိုလှလာတယ်
ပြောတော့လည်း သူ့လည်ပင်းသူပွတ်
ကာ ရှက်နေသေးသည်။

"အခုဘာအစီအစဥ်တွေရပ်လိုက်ရလဲ
တဲ့...ဟုတ်ကဲ့ 2020အစမှာကြော်ငြာထား  ကျွန်တော်တို့Seriesအသစ်ရိုက်ဖို့ရှိတယ် Medical Dramaအမျိုးအစားပေါ့။ အဲ့ဒီ့workshopတွေရပ်ထားလိုက်ရတယ်။ နောက်ပြီး Rain နဲ့အတူ
လက်ခံထားတဲ့ အလုပ်တွေ ၊ ပွဲတွေ ပေါ့
ဟုတ်ကဲ့ခင်ဗျာ...အားလုံးပြီတာနဲ့တော့
ပြန်စနိုင်မှာပဲ။ နောက်ဆုတ်ထားရတဲ့
schedule တွေနဲ့ အသစ်တိုးမယ့်အလုပ်တွေ အကြောင်းတွေးမိရင်
အိပ်တောင်မပျော်ဘူး"

Stay Home MemoWhere stories live. Discover now