When Road We Pass

5.1K 487 21
                                    

★彡When Road We Pass彡★
--------------------------------------------------
--------------------------------------------------

"ခရစ်စမတ်တုန်းက ကလောကိုပြန်ချင်တယ်ဆိုပြီး ဒယ်ဒီသာမပြောခဲ့ရင် ခုချိန်
ကျွန်တော်တို့ အကျယ်ချုပ်ကျနေတော့
မှာပဲ"

ဒယ်ဒီ့ပေါင်ကို ခေါင်းအုံးရင်း ဖုန်းပွတ်
ရတာကို ကြိုက်တယ်။ ဖုန်းထဲမြင်သမျှ
ကို ဒယ်ဒီ့ကို ပြန်ပြောရတာကိုလည်း
သဘောကျတယ်။
ပြောနေတဲ့ ကိစ္စကို ဒယ်ဒီက နားမလည်
ရင် "ဘာအကြောင်းများပြောနေပါလိမ့်"
ဆိုပြီး ကျွန်တော့်လက်ထဲက ဖုန်းကို မသိမသာ ငုံ့ကြည့်ရင် အကြိုက်ဆုံးပါပဲ
ရုတ်တရက်နီးသွားတဲ့ မေးဖျားလေးကို
နမ်းမွှေးလိုက်ရတဲ့ အရသာ က ဘာနဲ့မှ
မတူဘူးနော်။ အနမ်းခံလိုက်ရလို့ရှက်သွားရင် "သား ကတော့ကွာ" ဆိုပြီး
ရှက်ရယ်ရယ်လိုက်သံလွင်လွင်က သူ
ဖွင့်နေကျ အော်ပရါသီချင်းကြီးတွေ
ထက် နားဝင်ချိုတယ်။

အဲ့ဒါဆိုပိုဆိုးပြီနော်။ သား လို့ခေါ်တာ
ကို မကြိုက်တဲ့ ကျွန်တော်က သူ့ကို
အလွတ်မပေးတော့ဘူး။ "မောင်" ပြန်
ပြောင်းမခေါ်မချင်းပေါ့။

အနိုင်ကျင့်တယ် ထင်လား။ မတတ်နိုင်
ဘူး။ ဒီခံစားချက်ကို မမ နဲ့ တွဲတဲ့ လူတွေ
တောင် မသိနိုင်ဘူး။ ဒယ်ဒီ့ကိုသာ အရယူခဲ့ရတဲ့ ကျွန်တော်လိုလူမျိုးပဲသိတဲ့
ခံစားချက်ပေါ့ဗျာ။

ထားပါ။ အခု တုံ့ပြန်သံမကြားဘဲ ငြိမ်
နေတဲ့ ဒယ်ဒီ့ကို ကိုယ့်စကားကို ပြန်ရှင်းပြရဦးမယ်။

"သြော်...ခရစ်စမတ်တုန်းက ကျွန်တော်
သာ ဒယ်ဒီ့စကားနားမထောင်ဘဲ LA
ကို သွားလည်ဖြစ်ရင် အခုချိန် ကျွန်
တော်တို့ ဒီလိုနေရလောက်မှာ မဟုတ်ဘူး
လေ။ Isolated ဖြစ်နေပြီ"

"ဒယ်ဒီက ပြောပြီးမှ သား ကိုအားနာ
ရသေးတာ။ ဒီအရွယ် မြို့ကြီးပြကြီး
တွေမှာပဲ ပျော်ချင်ရှာမှာကို ဒယ်ဒီက
ကလော ကို အတင်းခေါ်ခဲ့သလိုဖြစ်
နေတာ။ ဘယ်မှလည်း မလည်ရနဲ့ ပျင်းနေမှာ သိတော့..."

"မပျင်းဘူး။ ဒီလိုနေရတာကို ပိုသဘောကျနေပြီ"

လက်ထဲကဖုန်းကိုချက်ချင်းပစ်ချပြီး
ဒယ်ဒီ့ဗိုက်ကို မျက်နှာအပ်ထည့် ဒယ်ဒီ့
ခါးကို လက်နှစ်ဖက်လုံးနဲ့ အားပါးတရဖက်ထားပေးလိုက်တယ်။
အရင်ကဆို ရှက်ပြီး တောင့်တောင့်ကြီး
ထိုင်ချင်ထိုင်နေမှာ။ အခုတော့ အထာ
နပ်နေပြီမို့ နွေးနေတဲ့ လက်ချောင်းတွေက ဆံပင်တွေကြားထဲ ငြင်သာစွာရောက်
လာသည်။ ဘယ်လိုနေလို့ကောင်းမှန်း
မသိဘူး။

Stay Home MemoNơi câu chuyện tồn tại. Hãy khám phá bây giờ