You Need A Big Hug

5.8K 764 129
                                    

❤️You Need A Big Hug❤️

"ဖေကြီး"

သားသည်ပြေးထွက်လာပြီးမှသတိသွား
ဟန်ဖြင့် ​ခြေလှမ်းလေးတွေတုံ့ခနဲရပ်သွားသည်။

စိတ်မကောင်းပေမဲ့ သံပန်းတံခါးအပြင်
ဖက်ကနေသာ ပြုံးပြပြီး အိမ်ဘေးပေါက်
မှနေ၍ ပတ်လာခဲ့သည်။
အိမ်နောက်ဖေးတံခါးပေါက်မှရပ်လျက်ရေရောထည့်ထားသော ဒက်တောဆေးကို တရှူးရှူးဖြန်းနေသော ဖေနဲ့ မျက်
လုံးမှိတ်ခေါင်းငုံ့ကာ အဖြန်းခံနေသော
ဖေကြီးကို မျက်လုံးဝိုင်းလေးများဖြင့်ငေးနေသည်။

ဖြန်းပြီးသည်နှင့် တချန်းသည် သားပခုံး
ကိုကုပ်လျက် အခန်းထဲဝင်ရန်
မျက်ရိပ်ပြသည်။ သားသည် အပိုအလို
မဆို အဖေဖြစ်သူဘာဆိုလိုတယ်ဆို
တာကို ချက်ချင်းသိသည်။ အဖေနှစ်
ယောက်၏ အိပ်ခန်းထဲ ဝင်သွားသည်။

"ငပိုင် ငေးမနေနဲ့။ ရေချိုးဖို့လုပ်"

အဝတ်အစားတွေ ချွတ်ကာ အဝတ်လျှော်စက်ထဲချက်ချင်းထည့်ကာ တစ်
ခါတည်း လျှော်ထားလိုက်သည်။
ရေချိုးခန်းထဲတွင် ရေလဲပုဆိုးကအ
ဆင့်သင့် ရှိနေသည်။
ခေါင်းမှစ၍ ရေလောင်းချကာ ဆပ်ပြာ
အလီလီတိုက်ရတော့၏။

မတ်လပေမဲ့ ပြင်ဦးလွင်၏ ညခင်းက
အေးစိမ့်စိမ့်ရယ်။ ရေချိုးခန်းထဲက
ထွက်သည်နှင့် မျက်နှာသုတ်ပဝါကမ်း
ပေးသည်။ ခေါင်းကိုအရင်မသုတ်ဘဲ
ခန္ဓာကိုယ်ကိုအရင်သုတ်နေ၍လားမသိ

"ပေးစမ်းကွာ။ ခေါင်းကိုအရင်သုတ်
လေ ငပိုင်ရ...ဒီအသက်အရွယ်ရောက်
နေပြီ"

ပြောရင်းမျက်နှာသုတ်ပုဝါကို ဆွဲယူကာ
ခေါင်းကို သုတ်ပေးတော့သည်။ ထိုစဥ်
သားကပါ

"သားလည်းသုတ်ပေးမယ်" ဟု ဆိုကာ
ပြေးလာလျက် အဖေဖြစ်သူနဲ့အတူ
သူ့လက်သေးသေးလေးများဖြင့်ခေါင်း
ကိုသုတ်ပေးဖို့ ပြင်သည်။

"ကိုစစ် မလာနဲ့...ဒီရက်တွေမှာ ဖေကြီး
နား မကပ်နဲ့လေ...နော်"

ပြောလိုက်သည်နှင့် ညှိုးငယ်သွားသော
သားမျက်နှာကို တချန်းက ကြာကြာအမြင်မခံ။

"ငုံ့စမ်းပါ" ဆိုသော အမိန့်ဖြင့် မြင်ကွင်း
ကို မျက်နှာသုတ်ပုဝါဖြင့် ဖုံးသည်။

Stay Home MemoWhere stories live. Discover now