When Road We Pass

4.5K 502 40
                                    

★彡𝓦𝓱𝓮𝓷 𝓡𝓸𝓪𝓭 𝓦𝓮 𝓟𝓪𝓼𝓼彡★
----------------------------------------------------------------------------------------------------

ကလောစျေးနေ့တွင် ကော်ဖီရောင် Ford Wagonကို ဂိုဒေါင်ထဲမှထုတ်၍ တောင်ကြားလမ်းအတိုင်းဖြည်းဖြည်းချင်းပဲ မောင်းနှင်၏။
ထင်းရှူးတောနံ့ကို ဒယ်ဒီပါမက ကျွန်တော်လည်းကြိုက်နှစ်သက်
တတ်နေပြီ။ ပုံသဏ္ဍာန်မှာရှေးဆန်လျက် အတိတ်ရနံ့တချို့ လွှမ်းမိုးနေ
သော ကားအိုလေးသည် ပြင်သစ်တွင်ကျန်ခဲ့သော B&Wထက် ပိုနွေးထွေး
နေတယ်ဟုခံစားရတယ်။  ကားမောင်းနေရင်းမှ ခပ်တိုးတိုးညည်းဆိုလိုက်သော ရှေးသီချင်းဟောင်းများကိုလည်း မူရင်းအဆိုရှင်များဆီမှ နားထောင်ရသည်ထက် ဒယ်ဒီအခုလိုစိတ်လိုလက်ရညည်းနေတာကိုပိုသဘောကျသည်။ အမှန်တော့ဒယ်ဒီ့အသက်က အခုမှ သုံးဆယ်ဝင်စ။
ဘာလို့များ အသက်၅၀ကျော် ၆၀ အဘိုးကြီးတစ်ယောက်၏ အကြိုက်တွေနဲ့တူနေရတာလဲ ဟု ကျွန်တော်မေးရင်
ခပ်ပြုံးပြုံးပဲ နေတတ်တယ် ။ ဟုတ်
ပါတယ်။ ကျွန်တော်ကြီးပြင်းလာရတဲ့
ပတ်ဝန်းကျင် နဲ့ သူကျင်လည်ခဲ့ရတဲ့
နောက်ခံအသိုင်းအဝိုင်းက တူမှမတူဘဲ။
ကျွန်တော် က အဖေ့အတွက် ဘိန်းချေး
တွေ လိုက်ဝယ်နေရတဲ့ အရွယ်မှာ
သူက သူ့အဖေပေးတဲ့ ပါတီတွေမှာ
စန္ဒရါးတီးပေးနေရတတ်တယ်တဲ့။
တွေးကြည့်ရင် တကယ် မိုးနဲ့မြေပ​ဲ။
ဒယ်ဒီ့နေပုံထိုင်ပုံက ကြည့်လိုက်တာနဲ့
အထက်တန်းဆန်တယ်။ ကျွန်တော့်ကို
ဘယ်လိုပုံသွင်းသွင်း သူ့ဆီကနေရတဲ့
အငွေ့အသက်မျိုး ကျွန်တော့်မှာမရှိ။
သူကတော့ ပြောတယ်။

"သားက ခြေမွေးမီးမလောင် လက်မွှေး
မီးမလောင် နေရတဲ့ သခင်လေးပုံစံထက် အခုလိုတက်တက်ကြွကြွနဲ့ ကိုယ်
ထူးကိုယ်ချွန်နေတဲ့ ပုံက သားနဲ့ပိုလိုက်
ဖက်တယ်"

ခြေမွှေး​လက်မွှေးဆိုမှ စတီရာတိုင်ပေါ်
က သူ့လက်ကို ကိုင်ချင်လာပြန်ရော။
ကျွန်တော် လက်လှမ်းတော့...တစ်ချက်
ပြန်ငဲ့ကြည့်ပြီး ကျွန်တော့်ခေါင်းကို
ဖွတယ်။ အသံမထွက် ၊ သွားမပေါ်
ဘဲ အားပါးတရလည်းပြုံးသေးရဲ့။အဲ့လိုပြုံးလိုက်တိုင်း နှုတ်ခမ်းထောင့်လေးမှာ အချိုင့်လေးတစ်ခုပေါ်လာပြီး ကော့တက်သွားတဲ့ နှုတ်ခမ်းသားတွေ...ငေးလို့မဝ။ ဘာလို့များဒီလောက်ပြီးပြည့်စုံနေရတာလဲ။
ဒယ်ဒီ့ကို ဖန်ဆင်းနေတုန်းက ဘရားသခင်ကိုယ်တိုင် အနုပညာစျာန်ဝင်စားနေခဲ့ဟန်တူရဲ့။ ဒယ်ဒီ့ရဲ့ အရာရာကိုက အနုပညာဆန်ဆန်ကျက်သရေရှိနေတာ။

Stay Home MemoWhere stories live. Discover now