Wai_Model 2020 Version 1.1

4.8K 551 31
                                    

"မစားချင်ဘူး။ အဲ့လိုခွက်ချထားပြီး
စား ဆိုပြီး ပစ်မထားခဲ့ပါနဲ့...အပြင်က
နေ ထိုင်ကြည့်ပေး"

"ဗီရိုနဲ့ ကွယ်မထိုင်နဲ့  အဲ့နားမှာပဲ ထိုင်...မထိုင်ရင် ကျွန်တော်စျေးတစ်
ပတ် ထွက်ပတ်လိုက်ရမလား"

"အစ်ကို...အပြင်မှာ ရှိလား။ ဖုန်းကိုင်
လေဗျာ"

"Selfie ရိုက်ပြ...Video callခေါ်မယ်
ကိုင်ပါဗျာ နော်...အိပ်နေတဲ့ ပုံလေးတွေ့
ချင်တယ်"

အဝေးကြီးက ပြောနေတဲ့ စကားတွေ
မဟုတ်ပါဘူး။ ဧည့်ခန်းထဲကဝေ့ကို
အိပ်ခန်းထဲကနေ ပြောနေတတ်တဲ့ မြတ်နိုးသော်က ရဲ့ ပူဆာမှုအဖုံဖုံပါ။
ရယ်လည်းရယ်ချင် သနားလည်းသနား
တယ်။

အားလုံးက ဝေ့အပြစ်ပါပဲ။ S'poreမှာ
Covid ကူးစက်ခံလူနာစတွေ့ပြီးတစ်
ပတ်အကြာ သော် ရောက်ချလာတာပါ
ပဲ။ အလုပ်ဇောတိုက်နေတဲ့ ဝေ က
ဘေးကင်းနေဆဲဖြစ်တဲ့ ကိုယ့်နိုင်ငံကိုယ်
ပြန်မရ။ အလုပ်အပ်ထားသော ကုမ္ပဏီ
အတွက် Ground ထိဆင်းပြီး Audit
ပြန်ဝင်နေကြချိန်။ Auditတစ်ယောက်
အဖို့ အရေးကြီးတဲ့ လုပ်ငန်းစဥ်ဖြစ်၍
လူနာတွေ့နေလည်း ဝေ တို့မှာ လုပ်
ရတာက လုပ်ရတာပဲ။

သော် ကတော့ မဟုတ်။ နားမလည်တာ
လည်းမဟုတ်ပေမဲ့ ပုံမှန်အခြေအနေ
တောင် ဝေ့ကို နေ့တိုင်းမြင်ရမှ နေ့တိုင်း
စကားပြောလိုက်ရမှ အဆင်ပြေတတ်
သူ ။ အခုလို အခြေအနေကြီးတွင်တော့
သော် ထားစရာနေရာမရှိဖြစ်နေတာကို
သဘောပေါက်သည်။ ကြိုလင့်နေခြင်း
တွင် ပွေ့ပိုက်မှုပင် မပါ၍ စိုးရိမ်စိတ်က
နေ ဒေါသတွေအဖြစ်ပြောင်းသည်။
နောက်ဆုံး Ground က စာရင်းတွေအကုန်ပြီးလို့ Softwareသွင်းရသည့်
အဆင့်မှ ဝေ တို့ Work from home
စသည်။ ထိုအချိန်တွင် ဝေ တို့ Team
တစ်ခုလုံး ဆေးစစ်ပြီးနေပြီ။ သော်
က စရောက်တည်းက စစ်ထားတာ။
အဖြေက ရှင်းပေမဲ့ သူ့ကို အိမ်မှာတင်
၁၄ရက် စောင့်ကြည့်ဖို့ မှာလိုက်၏။
ထိုမှာ ဇာတ်လမ်းစတာပင်။
One Unit အခန်းမို့ အိပ်ခန်းက တစ်
ခန်းပဲရှိတယ် ။ သူ့ကို ဝေ့ အခန်းထဲမှာ
သိပ်ပြီး ဝေ က အပြင်ထွက်အိပ်သည်။
နေ့စဥ်ဘဝမှာ ခပ်ခွါခွါနေ ခြင်း ကို
စတင်ကျင့်သုံးချိန်တွင်တော့ သော်
၏ ဒေါသသည် ဗိုင်းရပ်အပေါ်ပုံကျ
သည်။ ပိုဆိုးသွားသည်က နိုင်ငံအဝင်
အထွက် Lock လိုက်ချိန်ဖြစ်၍ ပြန်လို့
လည်းမရတော့ သလို ဝေ့ ကိုလည်း
ပြန်လာသည့်ရက်တည်းက ခွါနေရ၍
နေမြင့်လေ အရူးရင့်လေပင်။
ဒီတေါ့ အရူးဘာတော်ထားသလိုဖြစ်
နေတဲ့ ဝေ ကတော့ ငိုရခက်ရယ်ရခက်။

Stay Home MemoWhere stories live. Discover now