Part 5

3.3K 188 2
                                    

နေခန့်မောင်တို့အလုပ်ဆင်း‌ေတာ့
ကုမ္ပဏီ အထက်အရာရှိတစ်ဦးကသူ့ရဲ့မွေးနေ့အထိမ်းအမှတ်အဖြစ် ဆိုင်တစ်ဆိုင်တွင်ညနေစာလိုက်ကျွေးသည်။

ညနေစာစားသောက်ပြီးပြန်လာတော့လမ်းတွင် cafeလေးတစ်ခုကိုကားပေါ်ကအမှတ်ထင်လှမ်းမြင်လိုက်သည်။
ထိုအခိုက်အတန့်
နေ့ခန့်မောင်မျက်နှာတွင်အပြုံးပန်းများဖူးပွင့်သွားသည်။ အကြောင်းမှာထိုဆိုင်လေးသည် သော်သော်အရင်ကနေခန့်ကိုခေါ်ခေါ်လာနေကြဆိုင်လေးဖြစ်တာကြောင့်ပင်။ထိုအချိန်တုန်းကသော်သော်သည်တော်တော်လေးကိုချစ်ဖို့ကောင်းတာ။အခုလည်းချစ်ဖို့ကောင်းတာပဲ။ ဆိုင်လေးကိုမြင်တော့အဲ့ဆိုင်လေးကသော်သော်ကြိုက်တဲ့ 🍰cakeလေးဝယ်သွားဖို့စိတ်ကူးရသွားသည်။
ဆိုင်လေးထဲဝင်လိုက်တာနဲ့အရင်ကအငွေ့အသက်လေးတွေကိုတောင်ပြန်ရသွားတယ်။ ဒီကိုမရောက်တာနှစ်နှစ်လောက်တောင်ရှိပြီထင်တယ်။ဆိုင်လေးကတော့အရင်တုန်းကလိုပဲဘာမှသိပ်မပြောင်းလဲ။
ကောင်တာမှာသော်သော်ကြိုက်တဲ့cakeလေးမှာပြီး အရင်ကတူတူထိုင်နေကြဆိုင်လေးရဲ့ထောင့်စားပွဲဝိုင်းလေးမှာထိုင်လိုက်‌ တော့အရင်ကအမှတ်တရအချို့ကခေါင်းထဲတန်းစီပေါ်လာသည်။
✓✓✓✓✓✓✓✓✓✓✓✓✓✓✓✓✓✓✓✓✓

"ကိုနေခန့်ဒါသော်သော်လာစားနေကြဆိုင်လေ။အပြင်အဆင်‌ လေးကလည်းအရမ်းကဗျာဆန်တယ်ပြီးတော့ဒီဆိုင်ကBerry Cheesecakeကို သော်သော်အရမ်းကြိုက်တာ။ဟိုတစ်နေ့က‌ သော်သော်ကားပျက်တာကိုကူတွန်းပေးလို့ကျေးဇူးတင်တဲ့အနေနဲ့လိုက်ကျွေးတာနော်။ အားနာစရာမလိုဘူး ကိုနေခန့်ကြိုက်တာမှာစားပါ"

"ရပါတယ်သော်တာဦး ဒီလောက်အထူးတလည်ကြီးလိုက်ကျွေးစရာမလိုပါဘူး။"
"အကိုကလည်းဗျာသော်တာဦးလို့မခေါ်ပဲဒီအတိုင်းသော်သော်လို့ပဲခေါ်ပါလား။‌‌ သော်သော်က ကိုနေခန့် နဲ့ခင်မင်ချင်လို့ကို။သော်သော့်ကိုမိတ်ဆွေတစ်ယောက်လိုသဘောထားတယ်မဟုတ်လားဟင်"

ဒီမျက်လုံးဝိုင်းဝိုင်းအသားဖြူဖြူနဲ့ချစ်စရာ‌ကောင်လေးကို ဆေးတက္ကသိုလ်ရဲ့မနှစ်ကfresher welcomeမှာစသိခြင်းဖြစ်သည်။welcomeကိုသွားဖြစ်ရင်း
နေ့ခန့်မောင်ရဲ့သူငယ်ချင်း နီနီနိုင်ဆိုတဲ့တစ်ယောက်ကသူ့‌ မောင်ဝမ်းကွဲလေးဟုမိတ်ဆက်ပေးတာကစပြီးသိကျွမ်းခဲ့တာ။
နေခန့်မောင်သည် အနေအေးပြီးစကားနည်းလို့သူငယ်ချင်းကများများစားစားမရှိ။လူအများကြီးနဲ့လည်းသိပ်မပေါင်းတတ် သူသိတဲ့လူကလည်းခပ်ရှားရှားပါးပါးတစ်ချို့ကိုဆိုfirst yearထဲကတစ်ခန်းတည်းတူတူတတ်လာတာတောင်အခုထိမသိသေး။

နှလုံးသားဖြင့်ရစ်နှောင်သော{Complete}Where stories live. Discover now