Part 6

3K 176 5
                                    

  နေခန့်အိမ်ပြန်ရောက်တော့အိမ်သန့်ရှင်းရေးလေးနည်းနည်းလုပ်ပြီးရေချိုးလိုက်သည်။ အိမ်အလုပ်ကိုဂျူတီခွဲကြတော့ညနေခင်းစောစောပြန်ရောက်တဲ့နေခန့်က ညနေခင်းတာဝန်ယူပြီးမနက်စောစောနိုးတဲ့သော်သော်က မနက်ခင်းသန့်ရှင်းရေးကိုတာဝန်ယူသည်။ ဘယ်အရာမဆိုသဘောထားချင်းတိုက်ဆိုင်လို့လားတော့မသိအတူနေလာတာကြာပြီဖြစ်တာတောင်နှစ်ယောက်ကြားမှာကတောက်ကဆဖြစ်တာမျိုးမရှိ။ အစစအရာရာတိုင်တိုင်ပင်ပင်နဲ့မိမိတို့တည်ဆောက်ထားသောအိမ်ထောင်ရေးကိုအကောင်ဆုံးဖြစ်အောင်ကြိုးစားနေထိုင်ကြသည်။

နဂိုတည်းကမှနှစ်ဖက်အသိုင်းအဝိုင်းကိုဆန့်ကျင်ပြီးခက်ခက်ခဲခဲတည်ဆောက်ထားရတဲ့အချစ်အိမ်ကလေး မတော်တဆအကြောင်းတစ်ခုခုကြောင့်နဲ့များပြိုကွဲခဲ့လျှင် ဝိုင်းထိုးလိုက်ကြမဲ့လက်ညှိုးတွေဆိုတာ အင်္ဂုလိမာလတောင်ဖြတ်လို့နိုင်မှာမဟုတ်။
အိမ်ထောင်တစ်ခုတည်ဆောက်ဖို့ဆိုတာ အချစ်တစ်ခုတည်းနဲ့မလုံလောက် နားလည်မူရှိဖို့ကလည်းလိုအပ်သေးသည်။အချိန်ကြာလာတာနဲ့အမျှ ငြီးငွေ့ယိုယွင်းလာမည့်အိမ်ထောင်ရေးကိုတစ်ဦးနဲ့တစ်ဦး နားလည်ပေးနိုင်ခြင်းကသာ ပြန်လည်တည့်မတ်ပေးနိုင်မည့်အကောင်းဆုံးအရာတစ်ခုပါ။
လူတစ်ယောက်က ထမင်းချည်းပဲနေ့တိုင်းစားနေရရင်ငြီးငွေ့လာမှာပေါ့ တစ်ခါတစ်လေ ခံတွင်းတွေ့မဲ့ ဟင်းလေးတွေနဲ့တွဲဖက်စားတဲ့အခါအပြောင်းအလဲလေးဖြစ်သလို ထမင်းကိုလည်းမငြီးငွေ့တော့ရဘူး။
ထိုအတိုင်းပါပဲ အိမ်ထောင်တစ်ခုက
လူအသက်ဆိုရင်အသက်ရှင်ဖို့ထမင်းစားရသလိုအိမ်‌ထောင်ရေးတည်မြဲဖို့ချစ်ခြင်းမေတ္တာလိုအပ်ကလိုကိုလိုအပ်သည်။ နားလည်မူဆိုတဲ့ဟင်းပွဲလေးပါတွဲဖက်ပေးမှအချစ်ဆိုတဲ့ထမင်းလေးလည်းကပိုအရသာရှိလာမည်မဟုတ်လား။

သော်သော်နဲ့နေခန့်တို့အိမ်ထောင်ရေးကလည်းအဲ့လိုပါပဲ နှစ်ယောက်ကြားမှာချစ်ခြင်းချစ်ခြင်းမေတ္တာနဲ့နားလည်မှုကိုအမြဲချိန်ညှိထားတဲ့အတွက်အရာရာဟာ ညီမျှမူရှိနေတာပေါ့။

************

နေခန့်ကိစ္စ‌ဝိစ္စတွေပြီးလို့နာရီကြည့်လိုက်‌‌ တော့၈နာရီထိုးနေပြီ။ဆိုဖာပေါ်မှာအနားယူရင်း သော်သော့်ဆီကိုဖုန်းခေါ်လိုက်သည်။ နေ့လည်က နေခန့်ဆီဖုန်း‌ဆက်တော့သူဒီ‌နေ့ Night Dutyရှိလို့နည်းနည်းနောက်ကျမယ်လို့တော့ပြောပေမယ့်မိုးချုပ်လာရင်စိတ်ကအလိုလိုပူလာတာပဲ။ည၈နာရီဆိုတာရန်ကုန်မြို့မှာကတော့လူ‌ တွေသွားလို့လာလို့ကောင်းတုန်းဆိုပေမယ့် သူ့ကလေးလေးကိုတော့စိတ်ပူရတယ်။

နှလုံးသားဖြင့်ရစ်နှောင်သော{Complete}Where stories live. Discover now