Part 21

1.7K 104 0
                                    

အရှေ့ဘက်ကနေ တစ်စစသက်ဆင်းလာတဲ့သူရိန်နေမင်းက အပြာရောင်လိုက်ကာစကိုဖြတ်လို့ ချစ်ရသူရဲ့မျက်နှာပေါ်သို့ ဖြာကြနေသည်ကို ဘာရယ်မဟုတ်ကြည့်ကောင်းကောင်းနဲ့ထိုင်ကြည့်နေမိသူက သော်သော် .....  လူတွေကပြောကြတယ် အိပ်တယ်ဆိုတာ ခဏတာ သေဆုံးသွားတာတဲ့။ အသိသတိကင်းမဲ့စွာနဲ့နာရီ‌ပေါင်းအတန်ကြာအိပ်စက်ရာနေရာက အသိပြန်ဝင်လို့နိုးထလာတဲ့အခါကိုယ့်ရဲ့ ခန္ဓာကိုယ်ဟာ ဖရိုဖရဲနဲ့ယိုယွင်းနေပြီး ကြည့်ရဆိုးတတ်ပါသည်။ အဲ့ဒါကြောင့်လည်း လူတွေကပြောကြတာပေါ့ လူတစ်ယောက်ရဲ အလှစစ်ဟာ သူအိပ်ယာထတဲ့အချိန်မှာအသိသာဆုံးပါတဲ့။လူတစ်ယောက်က ဘယ်လောက်ပဲ ပြင်ဆင်ခြယ်သ‌ထားပါစေ အိပ်ယာနိုးလာတဲ့အခါသူရဲ့နဂိုမူလ ပုံစံအတိုင်းသာနိုးထလာမှာဖြစ်တာဆိုတော့ အိပ်ယာထခါစအချိန်ဟာ ကိုယ့်ရဲ့ရုပ်ရည်အစစ်ကိုအမှန်အတိုင်းသိမြင်ရတာပေါ့

အခု သော်သော်ရှေ့ကအမျိုးကောင်းသားကတော့ အသိသတိကင်းမဲ့စွာအိပ်စက်‌တော်မူနေတာတောင် ဖြာကျနေတဲ့နေရောင်အောက်မှာ ချောမောနေဆဲပါပဲ။ ကိုယ့်ချစ်လင်မို့ကိုယ်ပြောတာမဟုတ်
'လူလှလို့ နေခတယ်'ဆိုတာမျိုးပေါ့။ မသိရင် မျက်နှာကအလင်းရောင်တွေပဲဖြာထွက်နေသလားထင်ရအောင်နေခပြီးဂလိုးနေတဲ့ ကိုကို့ကို သော်သော် ကြည့်နေရင်းနဲ့ မနာလိုလာတာနဲ့ ပါးနှစ်ဖက်ကို ခပ်ကြမ်းကြမ်း ဆွဲပစ်လိုက်သည်။

"ကိုကို ထတော့ ..... ထတော့အိပ်ပုတ်ကြီးရဲ့ မိုးလင်းလို့ နေက ဖင်တင်မဟုတ်ဖူး တစ်ကိုယ်လုံးထိုးနေပြီ သိရဲ့လား ကိုကိုအိပ်ပုတ်ရဲ့"

"အင် အင်းးးး"

ထုံးစံအတိုင်းပေါ့ တစ်ခါထဖို့အရေး တအီးအီးတအဲအဲနဲ့ လုပ်ပြီး သော်သော့်ကိုပါ ကုတင်ပေါ်ဆွဲချပြီးဖက်ထားလိုက်သည်။

"အွန်းးး ထပါဆိုဗျာ ဒီနေ့သွားစရာလာစရာရှိတယ်လေကိုကိုရာ သူပဲမနေ့ကပြောတော့ သားနဲ့တူတူ အပြင်မှာလျှောက်လည်ကြမှာဆို ပြီးတော့အခုထိမထနိုင်ဘူး အိပ်ယာတစ်ခါထဖို့အရေးအမြှောက်နဲ့ပစ်နေရတယ်နော်ကိုကို .....အငယ် ဗေဒင်ဆရာနဲ့တွေ့ဖို့လုပ်ထားသေးတယ် ဆယ်နာရီလောက်တွေ့ဖို့သွားရမှာ သားကို
အတိတ်နမိတ်ကောင်းတဲ့နာမည်ရွေးပေးရမယ်လေ ကဲပါ ထထ ကိုကို ထတော့ သားတောင်နိုးလို့အငယ်နဲ့တူတူမနက်စာသွားဝယ်ပြီးပြီ ကိုကိုက ကလေးလောက်တောင်အားမကိုးရဘူး ဟွန့် "

နှလုံးသားဖြင့်ရစ်နှောင်သော{Complete}Where stories live. Discover now