Part 24 (Final)

3.2K 96 1
                                    

After 10 year~~~

"ဒေါက်တာ အားလုံးအဆင်သင့်ဖြစ်ပါပြီရှင့် operationစလို့ရပါပြီ"

"OK ဆရာမ ခဏနေ ကျွန်တော်လာခဲ့မယ်နော် "

သော်သော်တစ်ယောက် နေခန့်နဲ့ဖုန်းပြောနေတုန်း Nurseမလေးတစ်ယောက်က လာအကြောင်းကြားသည်...
ဒီနေ့က တကယ့်ကို D-Day ပဲ အရေးကြီး လူနာတစ်ယောက်ရဲ့ ကျောရိုးခွဲစိတ်မှုမှာ နာမည်ကြီး ပါပါမောက္ခကြီးနဲ့အတူတူ သော်သော်က first assistantအနေနဲ့ operationဝင်ရမှာ...
ဒီ operationအတွက် နှစ်ပတ်လောက်တည်းက သော်သော်အတော်လေးစိတ်ဖိစီးနေခဲ့တာ.....

အခုတော့~~~
ခွဲစိတ်ခန်းထဲဝင်ခါနီးကျမှ သားတော်မောင်ရဲ့ အတန်းပိုင်ဆရာမဆီက ဖုန်းဆက်လာလေရဲ့~~~~
မောင်နေရောင်လင်းစေတစ်ယောက် ရန်ဖြစ်လို့ ကျောင်းအုပ်ကြီးရုံးခန်းရောက်နေပါသတဲ့လေ။ ကိုယ်ကဘယ်လိုမှသွားလို့မရလို့ကိုကိုဆီ အလောသုံးဆယ်နဲ့ဖုန်းဆက်ပြီးသားဆီသွားခိုင်းရသည်။

"ကိုကို ဆရာမနဲ့ ဟိုဘက်ကမိဘတွေကိုသေချာလေးတောင်းပန်လိုက်နော် အရှည်အရှည်တွေမဖြစ်စေနဲ့ သားအတွက်ကောင်းတာမဟုတ်ဖူး  ဟင်းးးး ဆရာမပြောတာတော့ ကိုကို့သားက အရင်ထိုးတာတဲ့ တကယ်လိုဟိုဘက်က လျော်ကြေးတွေဘာတွေတောင်းတယ်ဆိုလည်း တောင်းသလောက်သာပေးလိုက်ဗျာ ..."

".... "

"အင်း အင်း အတက်နိုင်ဆုံးအဆင်ပြေအောင်လုပ်ပေးလိုက်ကိုကိုရာ အကြောင်းစုံကို ‌အိမ်ရောက်မှ သေချာပြန်ပြောပြတော့ အငယ် ဒီ operationပြီးတာနဲ့ duty offပြီ အခုတော့ ဝင်ရတော့မယ် ဒါပဲနော် "

ခွဲခန်းထဲဝင်သာဝင်လာရတယ် စိတ်ကသားကိုတစ်မျိုး ယောကျာ်းကိုတစ်မျိုးလှမ်းပြီးပူပန်နေရသေးတယ် သားအဖတွေက နှစ်ယောက်လုံးတစ်ချိုးတည်းတွေ  ဘယ်သူက သားအဖမဟုတ်ဖူးပြောမှာဆိုးလို့လဲတော့မသိဘူး နှစ်ယောက်လုံးကကိုယ်မှန်တယ်ဆိုလို့ကတော့ မြင်းမိုရ်တောင်ကို ခေါင်းနဲ့ဆောင့်မယ့်အမျိုးတွေ .....
မာနခဲသားအဖကို ပြဿနာရှင်းခိုင်းရတာလည်း သွေးတက်ချင်စရာ ဟူးးး

>>>>>>>>>>>>>>>>>>>

၃နာရီကြာ operationပြီးသွားတာနဲ့ သော်သော်အိမ်ကိုအမြန်ပြန်လာလိုက်သည် ~~

နှလုံးသားဖြင့်ရစ်နှောင်သော{Complete}Where stories live. Discover now