နံနက်စာ / နံနက္စာ

1.1K 150 21
                                    

U:

ယွန်းရှင်းတစ်ယောက်က အလုပ်မသွားရမှုအကြောင်းပြုပြီး ကုလားသေကုလားမော အိပ်နေတာ နေဖင်ထိုးတာတောင်မထသေးဘူး။ ဒီအချိန်သွားကြည့်ရင် သွားရည်စီးကြောင်းတစ်ဖက်တစ်ချက်နဲ့ ပက်လက်ကြီးလန်နေတဲ့ အိုယွန်းရှင်းကို ဆန့်ငင်ဆန့်ငင်အကြောဆွဲပြီးတွေ့ရမှာ:3

မီးဖိုချောင်ထဲမှာ ဂလုံဂလွမ်နဲ့ အသံတွေကြားနေရတယ်။

အိုဟန်နီက အေပရွန်အနီလေးကိုဝတ်ထားတယ်။

"လာ.."

ရှေ့ကနေ လက်ကားပေးတဲ့ အိုဟွန်းနီချိုင်းအောက်ကနေသိုင်းပြီး ပိုနေတဲ့ အေပရွန်အဝါလေးကို ထပ်ဝတ်ပေးလိုက်သည်။ မတော်တရော်မို့ နှစ်ကောင်စလုံးက အေပရွန်တရွတ်တိုက်နဲ့။

ကျွီကနဲ အသံနက်နက်ကြီးထွက်လာပြီး စားပွဲဘေးက ထိုင်ခုံက မီးဖိုဘေးရောက်သွားတယ်။

"ခလုတ်က ဒါကိုဖွင့်ရတာ"

"ကျစ်ဥကျစ်ဥ"
အိုဟွန်းနီကအော်တယ်။ သူခေါက်ပေးထားတဲ့ ကြက်ဥတွေက အနှစ်ကွဲတယ်ဆိုရုံလေး။

"ပေါင်မုန့်နဲ့ ကျစ်ဥက ဘယ်လိုကြော်ရတာလဲမသိဘူး"

ဆီတွေလောင်းထည့်ပြီး ကြက်ဥမွှေထားတာတွေကို ပေါင်မုန့်အပြါးလိုက်တွေနဲရောပြီး ဟန်လေးက အကုန်လုံး အိုးထဲ သွန်ထည့်လိုက်တယ်။ ဖိဖိဖောက်ဖောက်နဲ့ ပလက်တက်တက် ဖြစ်နေတာကို အံ့သြတကြီးဝိုင်းကြည့်ကြတယ်။ တီလေးကြော်ပေးတဲ့ ပေါင်မုန့်ကြက်ဥကြော်က ဒီလိုလုပ်တာပေမဲ့ ဒီပုံစံ ထွက်လာတာတော့မဟုတ်သလိုပါပဲ။

"အာ..နဲ.....ဒဲဂိုလ်နာ က အီကောယား"

"Yah! အိုဟွန်းနီ"

အိုဟွန်းနီက ထိုင်ခုံပေါ်နေ ဆင်းပြီး ကာဖီမှုန့်တွေကို ခွက်အဝိုင်းကြီးထဲသွန်ထည့်နေတယ်။ ဟန်လေးက မီးဖိုခလုတ်ကိုသေချာပိတ်ပြီး လိုက်ဆင်းလာတယ်။ ရေနွေးဘူးက ရေခဲသေတ္တာပေါ်မှာမို့ နှစ်ယောက်လုံး မမှီဘူး။ ဒဲလ်ဂိုနာကို ရေအေးနဲ့ဖျော်မယ်!

"မွှေ...မွှေထား"

အစိလိုက်အစိလိုက်ကာဖီမှုန့်တွေက ရေအေးအေးထဲမှာ ပိုးလို့ပက်လက်မျှောလို့နေတယ်။တစ်ဆုတ်တစ်ခြမ်း သကြားတွေကို ဟွန်းနီက လက်နဲ့ဆုပ်လို့ပစ်ထည့်လိုက်တယ်။ ဟန်လေးမွှေရတာ လက်ပြုတ်ချင်လာပေမဲ့ ကာဖီကနည်းနည်းလေးတောင်အရောင်ပြောင်းမလာဘူး။

ပေါက်စတို့အိမ် 😎Where stories live. Discover now