Zawgyi
'ဆေးရုံအုပ် ဆေးရုံအုပ် လူနာ Lan FengFeng ဆေးရုံဆင်းတော့မယ်တဲ့'
ဆေးအဝယ်တင်ဒါစာရင်းစစ်နေစဉ်မှာပင် အမောတကောလာပြောတဲ့ ဆရာဝန်လေးကြောင့် အလန့်တကြားမတ်တပ်ထရပ်မိသည်။
'ဘာ ဘယ်သူ့ခွင့်ပြုချက်နဲ့လဲ သူဆင်းလို့မရသေးဘူးလေ'
ဆရာဝန်လေးခမြာ အခန်းတံခါးကိုအသာမှီလို့ အမောပင်မဖြေအား အလျင်အမြန်ပင်စကားကိုဆက်ရသည် အရေးပေါ်အခြေအနေကိုး...
'လူနာရဲ့အုပ်ထိန်းသူရောက်နေတယ် သူ့ရဲ့ alpha လေ အဲ့တာ-'
စကားကိုပြီးအောင်ပင် နားမထောင်အား
တာဝန်ကျဆရာဝန်ငယ်ကိုတွန်းတိုက်လို့ လူနာ FengFeng ရှိရာ အရိုးအကြောကုသဆောင်သို့ အပြေးအလွှားလှမ်းရသည်။'ဘယ်လိုဖြစ်တာလဲ Lan မိန်းကလေး ပြန်လို့မရသေးဘူးလေ စစ်ဆေးစရာ ကုသစရာတွေမှမပြီးသေးပဲ'
Lan FengFeng က ကျောက်ပတ်တီးစီးထားတဲ့ လက်တစ်ဖက်ကိုအသာပိုက်လို့ ခေါင်းသာတွင်တွင်ငုံ့လို့နေတယ်။
'ဘာကုစရာကျန်သေးလို့လဲ ပတ်တီးစီးပြီးပြီ ဓာတ်မှန်ရိုက်ပြီးပြီပဲ သောက်စရာဆေးပေးလိုက် အိမ်မှာသောက်ခိုင်းလိုက်မယ် တစ်ရက်နေတာတောင်လွန်လှပြီ ခင်ဗျားတို့ဆေးရုံကအလကားတက်လို့ရတာမှမဟုတ်ပဲ'
အနောက်ကကြားလိုက်ရတဲ့ အသံမာမာကြောင့် မသိလိုက်ခင်မှာပဲ ကျောကိုမတ်လို့ခေါင်းကိုမော့ထားလိုက်မိသည်။
'လူကြီးမင်းက Lan FengFeng လူနာရဲ့ အုပ်ထိန်းသူလား'
ဒေါင်ကောင်းကောင်း ခပ်ဖိုင့်ဖိုင့်လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ဖိနပ်ကိုတမင်အသံထွက်အောင် ကြမ်းပြင်နဲ့ပွတ်တိုက်လျှောက်ရင်း သူ့အရှေ့မှာလာရပ်တယ်။
ပေါ့ပျက်ပျက် မထီမဲ့မြင်ပြုံးပုံက သူ့ရဲ့ရင်ထဲက ပူပန်မှုကိုလောင်စာလောင်းနေသလိုပင်'ဟုတ်တယ် ငါသူ့ alpha ပဲ ဘာဖြစ်ချင်လို့လဲ'
မပြုံးချင်တဲ့နှုတ်ခမ်းလွှာတွေကို အတင်းဆွဲကာပြုံးလိုက်ရင်း ခေါင်းတစ်ချက်ဆတ်ပြလိုက်တယ်။