Chapter 9

5.1K 519 160
                                    

Zawgyi

'ငါသူ့ကို လက်ထပ်လိုက်မယ်ဆိုရင်ကော....'

Liu HaiKuan ရဲ့ မျက်ခုံးတို့က ဆံပင်တွေထဲဝင်လု နီးပါးမြင့်တက်သွားရတော့သည်။

Xiao Zhan က ဒီ Omega လေးကို ဂရုတစိုက်ရှိလှတယ်ဆိုပေမယ့် ဒီလောက်ထိကြီးတာဝန်ယူဖို့စဉ်းစားလိမ့်မယ်လို့ တွေးကိုမတွေးမိတာအမှန်ပင်။

'Xiao Zhan မင်း ဟုတ်မှလည်းလုပ်ပါဦး မင်းအဖေကြောင့်မင်းဒီကလေးကိုတာဝန်ယူချင်တာ စောင့်ရှောက်ချင်တာမှန်ပေမယ့် လက်ထပ်တာကြီးကျတော့....'

Xiao Zhan ဟာလည်း စကားတခွန်းကို အလွယ်ပြောတတ်တဲ့သူမျိုးမှမဟုတ်တာပဲဆိုတော့ HaiKuan နည်းနည်းတော့ စဉ်းစားရတော့သည်။

'မင်း အဲ့ကောင်လေးကို ကြိုက်လို့လား'

ရုတ်ချည်းအဖြေမထွက်လာသည်ကိုက အဖြေပဲမဟုတ်လား။

'HaiKuan မင်း True Match ဆိုတာကို ယုံလား'

True Match?
Xiao Zhan လို လူမျိုးဆီက ဒါမျိုးအကြောင်းအရာတွေ ကြားရမယ်ဆိုတာ HaiKuan ဖြင့် စိတ်ကိုမကူးခဲ့ဖူးတာအမှန်ပင်။

'အင်း ယုံတယ် မယုံဘူးမရှိပါဘူး။ သေသေချာချာသိပ္ပံနည်းကျကျစမ်းသပ်လေ့လာထားတာတွေမရှိတော့ ငါကဘာမှကိုသေချာမသိတာကွ'

အလေးအနက် တစ်ခုခုကိုစဉ်းစားနေပုံရတဲ့ သူငယ်ချင်းဖြစ်သူကြောင့် HaiKuan တော့ အတွေးများရတော့သည်။
အခုပြောနေတဲ့ topic နဲ့ ဒီ True Match ကိစ္စနဲ့ဘာများဆိုင်လို့....
ဧကန္တ ဒီကောင်က သူနဲ့ ဟိုကောင်လေးနဲ့က အဲ့တာတွေလို့ထင်နေတာများလား...?
ခဏနေရင် ဒီအကြောင်းအရာကို အင်တာနက်ပေါ်တက်လို့ သေသေချာချာပြန်လေ့လာကြည့်ရဦးမယ်လို့ တွေးလိုက်မိတယ်။

'မင်းသေချာတော့စဉ်းစားဦးပေါ့ကွာ လက်ထပ်တယ်ဆိုတာ ဘဝကြီးနဲ့ဆိုင်တာလေ၊ ကောင်လေးက ငယ်ငယ်လေးရှိသေးတာ၊ ပြီးတော့ ကောင်လေးပုံကိုကြည့်ရတာလဲ အတော့်ကိုခေါင်းမာမယ့်ပုံပဲ တကယ့်အကြောတင်းလေး'

အခန်းထဲဝင်လာသမျှလူတိုင်းကို သံသယမျက်လုံးနဲ့ ကြည့်တတ်တဲ့ကောင်လေးအကြောင်းတွေးမိတော့ တစ်ချက်ပြုံးလိုက်မိတယ်။

You've reached the end of published parts.

⏰ Last updated: Jul 06, 2020 ⏰

Add this story to your Library to get notified about new parts!

The Light In Me (Hiatus)Where stories live. Discover now