Zawgyi
Warning - နည်းနည်း disturbing ဖြစ်စေတဲ့ အခန်းပါပါတယ်နော်။
ကားပေါ်ကနေဆင်းလို့ အခန်းငယ်တစ်ခုဆီဆွဲခေါ်သွားခြင်းကိုခံရစဉ်မှာ အရာရာဟာ ဝိုးတိုးဝါးတား
အခုလိုဆိုးဆိုးဝါးဝါးနာကျင်မှုကို နာရီနဲ့ချီလို့ခံစားရမယ်လို့တစ်ခါမှမတွေးဖူးခဲ့မိတာအမှန်ပင်။အိမ်ကြီးက ဘာလို့ဒီလောက်ကျယ်သလဲမတွေးမိသလို အိမ်ထဲမှာ ဆေးခန်းလိုအခန်းက ဘာလို့ရှိနေတာလဲဆိုတာလဲ မတွေးတောနိုင်ခဲ့ဘူး။
နာတယ် နာတယ် နာလွန်းလို့ အရာအားလုံးဟာ ဝေဝေဝါးဝါးဂျူတီကုတ်ဝတ်ထားတဲ့ အမျိုးသားတစ်ဦးက သူ့လက်ကိုလက်ကောက်ဝတ်ကနေ ဆွဲဖြောင့်လို့ ပခုံးကိုကိုင်လိုက်ချိန်မှာ ကယောင်ကတမ်းရုန်းကန်မိတယ်။
'နာတယ် နာတယ်'
'ဘာလုပ်နေတာလဲ လာချုပ်ကြလေ ဒီမှာအဆစ်ပြန်တည့်ပေးဖို့လုပ်နေတာ'
အနောက်ကနေသိုင်းဖက်လို့အချုပ်ခံလိုက်ရသလို နောက်လက်တစ်ဖက်ဟာလည်း မိမိရရကိုဖမ်းဆုပ်ထားခြင်းခံလိုက်ရတယ်။
'ဂွပ်' ခနဲအသံနဲ့အတူ သူအာခေါင်ခြစ်လို့အော်လိုက်မိတယ်ထင်ပေမယ့် တကယ်တမ်းက အသံအစား မျက်ရည်တွေသာ တလိမ့်လိမ့်ဆင်းလာခဲ့တယ်။
'အရမ်းကဲမနေပါနဲ့ ပခုံးလေးအဆစ်လွဲတာကို မင်းတို့ Omega တွေက ကလေးတောင်မွေးနိုင်သေးတာပဲ ဒီလောက်လေးတောင်ခံနိုင်ရည်မရှိဘူးလား'
လက်ကိုသိုင်းကြိုးစီးပေးရင်း ပြောနေတဲ့ ဆရာဝန်ရဲ့စကားတွေကို မကြားတစ်ချက် ကြားတစ်ချက်......
'ဒီလောက်လေးဆိုရင် ခင်ဗျားခံကြည့်ပါလား'
နာနေတဲ့ပခုံးကို အားနည်းနည်းနှင့်ပင် ဖိချခံလိုက်ရစဉ်မှာ မျက်လုံးထဲ ပြာခနဲ
'မင်းကိုငါသတိပေးမယ် မင်းဒီအချိုးအတိုင်းဆက်သွားမယ်ဆိုရင် အသက်ဆက်ရှင်ဖို့ကမသေချာဘူး နားလည်လား'
'မင်းလို တန်ဖိုးမရှိတဲ့ Omega တစ်ယောက်က ဆေးထိုးမှားလို့သေသွားတယ်ဆိုလည်း ဘယ်သူက အရေးတယူအဖက်လုပ်မယ်ထင်လဲ'