Chapter (1) အိမ်ရှေ့စံအဖြစ် ကူးပြောင်းခြင်း(zawgyi+Unicode)
4.7K 292 4
Chapter (1) အိမ်ရှေ့စံအဖြစ် ကူးပြောင်းခြင်း
(zawgyi+Unicode)
Feng-ming သေဆုံးခဲ့ရသည်။ ခုလိုအချိန်တိုအတွင်း သူ့ဘဝ  အဆုံးသတ်ရမယ်လို့ သူ လုံးဝမမျှော်လင့်ခဲ့မိပေ။
အသက် ၁၉နှစ် မှ အသက်ကြီး တဲ့အချိန်ထိ ခုလက်ရှိအနေအထားထက် ပိုကောင်းတဲ့ ဘဝကို တည်ဆောက်မယ်လို့ တွေးထားပေမယ့် တနေ့မှာ ကလေးတစ်ယောက်ဆီကို ဦးတည်လာတဲ့ကုန်တင်ကားကြီး တစ်စီးကို တွေ့လိုက်ပြီးသူက ဘာမှ မစဉ်းစားနိုင်ပဲ ကလေးကို ပွေ့ချီကယ်တင်လိုက်ချိန်မှာ သူ့ကံတရားက အားလုံးပြောင်းလဲသွားခဲ့သည်။ သူ့ကိုယ်က လေထဲကို နတ်သားလေး တစ်ပါးလို လှပစွာမြောက်တက်သွားပြီးနောက် လွင့်ခနဲဖြစ်သွားသည်။
ကျယ်လောင်သည့် ကားဘရိတ်အုပ်သံ၊ ပြေးလွှားလာသည့် လူသံတွေကို ကြားလိုက်ရပြီး နောက် သူ သေသွားပြီဆိုတာ သိလိုက်ရသည်။
လူတွေသေရင် ဘယ်ကိုရောက်သွားတာလဲ...
သူ့ ခန္ဓာကိုယ်က ဝိညာဉ်ခွာသွားတာနဲ့  feng-ming ရှင်သန်ခြင်းနှင့် သေဆုံးခြင်း ကြားက လေဟာနယ်ထဲ ရောက်ရှိသွားခဲ့သည်။ ဘယ်သူမှ သူ့ကို မမြင်ရသလို မကြားရပေ။ ဒါက အေးစက်စက်နဲ့ ဆောင်းတွင်းအိပ်မက်ရှည်ကြီး မက်နေရတာနဲ့တူသည်။ Feng -ming က သူတစ်ယောက်တည်းဖြစ်လို့ စိတ်ပျက်အားငယ်နေတုန်း အသံတစ်သံကို ကြားလိုက်ရသည်။ ဒီအသံကို သူ့ကို နည်းနည်းစိတ်သက်သာရာ ရသွားစေသည်။
"မင်း ခုထိ ဒီမှာရှိနေတုန်းလား"
သူနဲ့ မရင်းနှီးတဲ့  အသံတခု။ Feng ming သူအသက်ရှင်တုန်းက ပတ်သက်ခဲ့တဲ့ လူတွေကို စဉ်းစားကြည့်ပေမဲ့ ဒီအသံကိုတော့ မကြားဖူးပေ။ ဒါပေမဲ့ ထိုအသံကိုရှင်းရှင်းလင်းလင်း ထပ်ကြားလိုက်ရသည်။
"ကျွန်တော့်ကို မေးတာလား"
Feng -ming ကြောက်လန့်တကြား ပြန်မေးလိုက်သည်။
"ကျွန်တော့်ကို ပြောနေတာလား။ ခင်ဗျား ဘယ်သူလဲ...? ဘုရားလား..ဒါမှမဟုတ် မကောင်းဆိုးဝါးလား..?"
သဘောကျစွာရယ်သံတခုနှင့်အတူ.လူတစ်ယောက်က သူ့ရှေ့မှာပေါ်လာခဲ့သည်။
"မဟုတ်ပါဘူး။ ငါက ဘုရားရော မကောင်းဆိုးဝါးရော မဟုတ်ဘူး။ ငါက လေဟာနယ် တံခါးစောင့်တဲ့သူပါ...ငါ အခု ဒီမှာရပ်နေတယ်လေ"
Feng -ming သူ့ရှေ့က လေဟာနယ်ရဲ့ ပတ်လည်ကို ခေါင်းလှည့်ပြီးလိုက်ရှာလိုက်တော့ သူ အသက်ကယ်ထားတဲ့ ကလေး လက်ကို ကိုင်ထားသည့် သက်လတ်ပိုင်းလူစိမ်း တစ်ယောက်ကို တွေ့ရသည်။
"ငါက မှော်ဆရာတစ်ယောက်ပါ။ နောက်ပြီး မှော်အစွမ်းကိုလည်း ပိုင်ဆိုင်ထားတယ်။ ငါ့ကလေးကိုကယ်ပေးခဲ့တဲ့ မင်းရဲ့ကြင်နာမှုအတွက် မင်းကို ဘဝအသစ်တခုပြန်ပေးနိုင်တယ်"
"တကယ်ပဲလား"
Feng-ming တကယ်အံအားသင့်သွား သည်။
"တကယ်ပေါ့"
ထိုလူက ခေါင်းညိတ်ကာပြန်ဖြေလိုက်သည်။
"ဒီနေ့မှာ အခု ကမ္ဘာ နဲ့ တခြားကမ္ဘာတို့က မျဉ်းတစ်ဖာင့်တည်းကျတယ်။ ဒီကမ္ဘာကနေ အချိန်တံခါးဖွင့်ဖို့ မင်းသာခွင့်ပြုမယ်ဆိုရင် မင်းဝ်စားနိုင်ဖို့ လောလောလတ်လတ် သေဆုံး သွားတဲ့ခန္ဓာကိုယ်ကို လိုအပ်တယ်"
"ခင်ဗျားပြောတဲ့ အတိုင်းပါပဲ။ ဒါပေမဲ့ မတူညီတဲ့ အချိန်နဲ့နေရာကိုသွားဖို့ ကျွန်တော့်မှာ ရွေးချယ်ခွင့်မရှိ တော့ဘူးလား"
"အမှန်ပဲ။ ဒီဟာက ရခဲတဲ့အခွင့်အရေးတစ်ခုပဲ။ မင်း ငါနဲ့သိတာ ကံကောင်းတယ်။ မင်းကို အသက်ရှင်နိုင်မယ့် နေရာကို ပို့ပေးနိုင်တာ ငါတစ်ယောက်တည်းရှိတယ်။ တကယ်လို့ မင်းက ဒီဟင်းလင်းပြင်မှာ ဆက်နေဦးမယ်ဆိုရင် နောက် 12 နာရီကြာတာနဲ့ မင်း ဝိဉာဉ်အားပျော့လာပြီး ဒီလောကထဲကနေ ထာဝရပျောက်ကွယ်သွားလိမ့်မယ်။  "
"ဒါဆို ကျွန်တော် ဒီနေ့  ခင်ဗျားနဲ့တွေ့တာ ကံကောင်းတာပေါ့။
ကျွန်တော်ထင်တာက သေတဲ့လူတွေ အကုန်လုံး လူဝင်စားကြတယ် လို့လေ"
" မင်းက ငါ့ရဲ့ ကလေးကိုကယ်ရင်းသေဆုံးခဲ့ တာမို့ ..နောက်ပြီး ငါတို့ကမ္ဘာ နဲ့တခြား ကမ္ဘာ  တစ်ထပ်တည်းကျတဲ့ဒီလိုနေ့မျိုးမှာပဲ ငါ လုပ်ပေးနိုင်မှာ။ မင်း သွားဖို့ ဆုံးဖြတ်ပြီးပြီလား"
"ဒီထက်ပိုပြီး ဘာစဉ်းစားစရာ ရှိအုံးမှာလဲ"
"ဒါဆို ကောင်းပြီ။ ငါတို့ အခု စကြတာပေါ့"
"ခဏနေပါဦး"
"မင်းမှာ ငါ့ကိုဘာပြောစရာ ရှိသေးလဲ"
"ခင်ဗျား သေပြီးသားကိုယ်ခန္ဓာကိုရှာရင် ကျွန်တော်တခုလောက် ရွေးချယ်လို့ရမလား"
"မင်း ဘာကိုတောင်းဆိုချင်တာလဲ"
Feng-ming ထိုလူကို စူးစမ်းကြည့်လိုက်သည်။
"တကယ်တော့  ကျွန်တော် လူကောင်းတစ် ယောက်ကိုယ်ထဲတော့ ပြန်ဝင်စားချင်တယ်။ ငယ်ရွယ်တဲ့သခင်လေး တစ်ယောက်ဖြစ်ပြီး အရိုသေခံရရင်တော့ ပိုကောင်းတာပေါ့။ ကျွန်တော့်ရဲ့ဝိညာဉ်ကို မိန်းမတစ်ယောက်ရဲ့ ကိုယ် ထဲကိုတော့ မထည့်လိုက်ပါနဲ့။ ကျွန်တော့်ရဲ့ ရုပ်က ချောမောနေပြီး အရပ်က ငါးပေအောက်တော့ မနိမ့်စေနဲ့။ ငါးပေထက်ကျော်ရင် ပိုကောင်းတယ်"
"ငါ အကောင်းဆုံးဖြစ်အောင် ကြိုးစားပါ့မယ်"
"ကြိုးစားမယ်ဆိုတာ ဘာကိုပြောတာလဲ"
"မင်း ဘယ်တော့မှမရနိုင်တာ အချို့ရှိတယ်"
ရုတ်တရက် ဒီလူရဲ့ ရုပ်သွင်က ဝေဝါးလာသည်။
" သေစမ်း! အချိန်တံခါး စပွင့်နေပြီ။ ငါတို့စဖို့ လိုပြီ "
စူးရှတဲ့အလင်းရောင်တခုက လေဟာနယ်ထဲကို ဖြတ်သန်းသွားကြပီး feng-ming မျက်လုံးတွေ ကန်းမလိုဖြစ်သွားသည်။ လေတိုက်သံ တွေက သားရဲတွေရဲ့ မြည်ဟိန်းသံလို နားတွေ အူစေပြီး သူ့တစ်ကိုယ်လုံးကို မမြင်နိုင်င်တဲ့စွမ်းအားတခုက ဖိထားသလို ခံစားရသည်။
ထိုစွမ်းအားကနေ ရုန်းကန်ဖို့ feng-ming အင်အား မဲ့လာပြီး  သူ့ရဲ့ဝိညာဉ်က မုန်တိုင်းတခုလို ပြင်းထန်လာတဲ့ လေတွေကြားမှာ စုပ်ယူ ဝါးမျိုခြင်း ခံရသည်။ ဝင်ပေါက်ရဲ့ဗဟိုထဲကိုဝင်သွားသည်နှင့် Feng ming ရဲ့ စူးစူးဝါးဝါးအော်သံကြီး ထွက်ပေါ်လာပြီး သူရဲ့ဝိညာဉ်လည်း တပိုင်းတစစီဖြစ်သွားသည်။
...................... .................... ....................
Xi-re တိုင်းပြည်..။ တော်ဝင်နန်းတော် နန်းစိုက်ရာမြေ။
အိမ်ရှေ့စံမင်းသားရဲ့နန်းဆောင်တွေထဲက အကြီးဆုံးခန်းမဆောင်ထဲတွင် ..နန်းတွင်းအစေခံမိန်းမပျိုတွေ အားလုံး ကြောက်ရွံ့ထိတ်လန့်စွာ ရှိနေကြသည်။
အရှင်မင်းသား တခုခုဖြစ်နေပြီ။
တော်ဝင်သမားတော် အပြေးအလွှား ရောက်လာပြီး ပြန်ထွက်သွားသည်။ သူတို့ရဲ့ အမူအရာတွေက စိုးရိမ်နေပုံပေါ်ကာ သူတို့ရဲ့မျက်ဝန်းတွေထဲမှိာ မျှော်လင့်ချက်မဲ့တဲ့ ပုံရိပ်တွေထင်ဟပ်နေ သည်။ လူတိုင်း ခက်ခဲနေကြပြီး   သူတို့ရဲ့ လက်တွေတုန်ယင်နေ ကြသည်။
အရှင်မင်းသား သေဆုံးသွားပြီ။  အရှင်မင်းသားဆီမှာ တာဝန်ထမ်းဆောင်သူမှန် သမျှ မင်းသားနှင့် အတူမြှုပ်နှံခံရမည်။
"အရှင်မင်းသား!!"
အစေခံတွေနှင့် အစောင့်တွေအားလုံး အော်ဟစ်ကြသည်။
"အို.. အရှင်မင်းသား....ငါတို့ရဲ့မင်းသား!!"
မင်းသားရဲ့နန်းဆောင်တခုလုံး အော်ဟစ်ငိုယိုသံတွေနှင့် ဖုံးလွှမ်းသွား သည်။ လူတိုင်းရဲ့နှလုံးသားမှာ စိတ်ပျက်အားငယ်နေ ကြသည်။
"မြန်မြန်......ဘုရင်ခံကို လျှောက်တင်လိုက်ပါ.......... သူရဲ့အရှင်....အရှင်သား.."
သမားတော်အိုဟာ တောမီးလိုပြန့်နှံသွားတဲ့ ငိုသံတွေကြားမှာ ဒီသတင်းဆိုးကြီးကို လျှောက်တင်ဖို့ အထောက်တော်ကို သတိလက်လွတ်ကာ တတွတ်တွတ်ပြောကြားနေလေသည်။
နန်းတွင်းသမားတော် သူတို့ရဲ့ မင်းသား ကို မကယ်ဆယ်နိုင်ဘဲ လက်လျှော့ခဲ့ပြီးနောက် မင်းသားရဲ့အိပ်ဆောင်အပြင်ဘက်ကို ထွက်လာခဲ့သည်။
လူတိုင်း ကြောက်ရွံ့ထိတ်လန့်နေပြီး သူတို့ရဲ့ ညံ့ဖျင်းမှုအတွက် ဘုရင်ခံကပေးမည့်ကြောက်မက်ဖွယ် အပြစ်ပေးမှုကို ကြိုတွေးပြီးထိတ်လန့်နေသည်။ မင်းသားသေဆုံးသွားတဲ့အတွက် ပြန်ပေးဆပ်ရမှာက  သူတို့ရဲ့ဦးခေါင်းများ ဖြစ်လိမ့်မည်။ သူတို့အားလုံး ရဲ့ အသက်က ဘုရင်ခံရဲ့ သနားညှာတာမှုပေါ်တွင် မူတည်နေသည်။ ဒီနေရာမှာရှိတဲ့သူအားလုံး အသက်ရှင်လျက် မြှုပ်နှံခံရမည်ဖြစ်ဖြစ်လို့ အကုန်လုံးမှာ စိတ်နှလုံးမသာမယာရှိကြလေ သည်။
စင်္ကြန်မှာရှိနေတဲ့ အစေခံမိန်းမပျိုတွေ လည်း သူတို့ဆီကျရောက်လာမယ့် ကြမ္မာဆိုးကို တွေးက စိတ်ချောက်ချားပြီး မူးမေသည့်အထိ ဖြစ်ကြ သည်။ နန်းတော်တခုလုံး အကြီးအကျယ် ပွက်လောရိုက်သွားသည်။
ဒါပေမဲ့.ရုတ်တရက် ပျော်ရွှင်စွာအော်ဟစ်လိုက်သံ ထွက်ပေါ်လာသည်၊
"အရှင်မင်းသား......အရှင်မင်းသား သတိရလာပြီတူတယ်! !....သမားတော်"
နန်းတွင်းသမားတော်က အိမ်ရှေ့စံနန်းဆောင်ထဲဝင်သွားသည်နှင့် နန်းတွင်းအစေခံများ၊ ရာထူးနိမ့် အမတ်ငယ်များနှင့် ရာထူးကြီး အမတ်ကြီးများ အားလုံး တိတ်ဆိတ်သွားသည်။ သူတို့အားလုံး ဒီမယုံနိုင်စရာ အံသြဖွယ်ဖြစ်ရပ် ကိုတွေးတောကာ စဉ်းစားရခက်နေသည်။ သမားတော်က အိမ်ရှေ့စံမင်းသားရဲ့ အခြေ အနေကို စမ်းသပ်လိုက်သည်။ မင်းသားရဲ့ မျက်နှာအခြေအနေကို မြင်ရပြီးနောက် မျှော် လင့်ချက်ရောင်ခြည်ထွန်းတောက်လာသည်။ မင်းသားရဲ့မျက်နှာမှ စိုးရိမ်ဖွယ်အခြေအနေများအရ လျော့ပါးလာပြီဖြစ် သည်။
ခဏကြာပြီးနောက် အိမ်ရှေ့စံမင်းသားရဲ့ကိုယ်ရံတော်တစ်ယောက် ပြေးလာပြီး အသံကျယ် လောင်စွာဖြင့် ဝမ်းသာအားရကြေညာလိုက် သည်။
"အရှင်မင်းသား နောက်ဆုံးတော့ သတိရလာပြီ။ အရှင်မင်းသား ........ သတိရလာပြီ"
အိမ်ရှေ့စံ မင်းသားနောက်ဆုံးမှာ ကျန်းမာလာပြီဖြစ်လို့ ထိုသတင်းကို ကြားတဲ့လူ အားလုံး ပျော်ရွင်ဝမ်းမြောက်စွာ လက်ခုတ်တီးကြသည်။
Feng-ming သတိရလာသည်နှင့် ခေါင်းက စူးကနဲ ကိုက်သွားတာကြောင့် နှုတ်ခမ်းကော မျက်နှာပါမဲ့သွားသည်။ အသံပေါင်းစုံက သူ့နားထဲကိုရိုက်ခတ်နေ သည်။ သူ့မျက်လုံးတွေကိုဖွင့်ဖို့အတော်အားယူ နေရသည်။
''အရှင်မင်းသား"
''အရှင်မင်းသား"
ဘေးကနေ အသံများစွာ ထွက်ပေါ်လာသည်။
"ငါ ဘယ်နေရာမှာ အဆုံးသတ်သွားတာလဲ"
ပတ်ပတ်လည်မှ လူတွေအားလုံး သူ့တို့ဆီပြန် လာဖို့ခေါ်နေသလိုမျိုး မနားတမ်း စိုးရိမ်တကြီး သူ့ကိုခေါ်နေကြသည်။  သူ မျက်လုံး ဖွင့်ဖွင့်ချင်းမှာပဲ သူ့ကိုစူးစိုက်ကြည့်နေသည့် အသက်ကြီး ကြီးလူကြီး တစ်ယောက်ကိုတွေ့ရလေသည်။ မီးခိုးရောင်ဆံပင်နှင့် လူကြီးရဲ့နောက်မှာတော့ အစေခံ မိန်းမပျိုနှစ်ယောက်ရပ်နေလေသည်။
ဒါ ဘယ်ခေတ်က ဝတ်စားဆင်ယင်ပုံမျိုးလဲ။
သူမျက်လုံးတွေကြည်လာတာတဲ့ သူ ဘာကိုမှမရှက်နိုင်ဘဲ ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်လိုက်သည်။ သူ့နူတ်ခမ်းတွေကို တစ်ချက်သပ်ကာ မေးလိုက် သည်။
"ဒါက ဘယ်နေရာလဲ"
သူတို့အားလုံး ပင့်သက်ရှိုက်ကာ တုန်လှုပ်သွား ကြသည်။ အိမ်ရှေ့စံမင်းသားကို အဖြေမပေးမီ သူတို့ရဲ့ မျက်ဝန်းတွေက ကြောက်ရွံ့စွာ ရှိနေကြသည်။
"အရှင်မင်းသား"
အသက်ကြီးကြီးလူကြီးက သူ့ကို ဂရုတစိုက် ခေါ်ကာကာ မေးလိုက်သည်။
"အရှင်မင်းသား ဘာကိုမေးတာလဲ"
Feng -ming သူ့မျက်ဝန်းတွေကိုမှိတ်လိုက်ကြီး ပတ်ဝန်းကျင်ကို အလျင်အမြန် လေ့လာ လိုက်သည်။
အာ.. ဟုတ်သားပဲ။ ဒါက အမှန်ပဲ။
Feng- ming တခြားတစ်ယောက်ရဲ့ ခန္ဓာကိုယ် ထဲရောက်နေတယ်ဆိုတာ သူ့ကိုယ်သူ သတိပေးလိုက်သည်။ ဟိုလူပြောပုံအရ  ဒါက လူသေရဲ့ ခန္ဓာကိုယ်ဖြစ်လိမ့်မယ်။အရင်တုန်းက အကြောင်းတွေကို ပြန်မပြောနိုင်ဘဲ အခုလို သတိရလာခဲ့တာက သူ့ကိုစိတ်မနှံ့တဲ့လူလို့ ထိုလူကြီးတွေးထင်လိမ့်မှသေချာသည်။
"ငါပြောတာက..."
Feng -ming သူရဲ့ပတ်ဝန်းကျင်ကို စိုးရိမ်စွာလှည့်ကြည့်လိုက်သည်။
"ငါက မင်းသားတစ်ပါးလား။ ဘယ်တိုင်းပြည်က မင်းသားလဲ။"
ဒါက Tang မင်းဆက်လား။ Ming မင်းဆက် လား။ ကောင်းပြီလေ။ အရပ်သားတစ်ယောက် ဖြစ်တာထက် မင်းသားတစ်ပါးဖြစ်နေတာက ပိုမိုမယ့်ပုံပဲ၊
"Xi-re တိုင်းပြည်ရဲ့မင်းသားပါ အရှင်မင်းသား"
Xi-reတိုင်းပြည်။ အဲဒါက ဘာလဲ။
Feng -ming မျက်မှောင်ကြုတ်လိုက်ကာ ခေါင်းတညိတ်ညိတ် လုပ်လိုက်ရင်း အေးဆေးတည်ငြိမ်စွာ နဲ့ နားလည်ချင်ယောင်ဆောင် လိုက်သည်။
"သြော် Xi-re.. ငါသိပြီ"
Feng-ming သူ့အတွေးတွေကိုစုစည်းဖို့ မျက်ဝန်းတွေကို ခဏတာ မှိတ်လိုက်ပေမဲ့ သူ့အိပ်ယာဘေးမှာ သူတို့ရှိနေခြင်းက သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေသည်။ သူ့ရဲ့ဘေးမှာ အစေခံမိန်းမပျိုသုံးယောက်က တရိုတသေ ဒူးထောက်ထိုင်ရင်း သူအနားယူတာကို စောင့်ကြည့်နေကြသည်။
Feng-ming အချိန်ကူးကြောင်းခြင်းး ဝင်ပေါက်ကိုဖြတ်လာပြီးနောက် သူ့မှာ ကိုက်ခဲမှုတွေကျန်ရစ်ခဲ့သည်။ နေကောင်းကာစ မင်းသားက သူအနားယူနိုင်ဖို့ လူတွေအားလုံးကို ဖယ်ထုတ်လိုက်သည်။
အိပ်ဆောင်ထဲက ထွက်သွားကြတဲ့လူတွေက အရှင်မင်းသားကို ဂရုစိုက်ဖို့ ကျန်ရှိခဲ့သည့် အစေခံမိန်းမပျိုကို မှာကြားခဲ့လေသည်။
လူစုလူဝေးကြီး ထွက်သွားပေမဲ့ Feng-ming ကတော့ အနားမယူနိုင်ဘဲရှိနေသည်။ ပြန်အိပ်ဖို့ကြိုးစားပေမဲ့ အိပ်မပျော်ဘဲ လူးလွန့်ကာနေသည်။ ကြာလာတော့ အိပ်ချင်ယောင်ဆောင်ရတာ ပင်ပန်းလာပြီး သူ့မျက်ဝန်းတွေ ကိုဖွင့်လိုက်သည်။ Feng-ming သူနဲ့အနီးဆုံး မှာရှိတဲ့ မိန်းမပျိုတစ်ယောက်ကို လက်ယပ်ခေါ် လိုက်သည်။
=====================