Chapter (6) - ခ်စ္ျခင္းတစ္ခု အစျပဳခ်ိန္ (Zawgyi+Unicode)

1.2K 120 4
                                    

Chapter (6) - ခ်စ္ျခင္းတစ္ခု အစျပဳခ်ိန္  (Zawgyi+Unicode)

(ဇာတ္ေကာင္ အမည္မ်ားကို အသံထြက္အတိုင္း ေဖာ္ျပသြားပါမယ္။ အဂၤလိပ္လို ႐ိုက္လိုက္၊ ျမန္မာေဖာင့္ေျပာင္းလိုက္က နည္းနည္း အဆင္မေျပလို႔ပါ။ )

ဖုန္မင္ - 21 ရာစုမွ ေရွးေခတ္ထဲ ဝိဉာဥ္ကူးေျပာင္းေရာက္ရွိသြားသူ
အိမ္ေရွ႕စံမင္းသားေလး - ဖုန္မင္၏ ဝိဉာဥ္ ဝင္ေနသည့္ အေယာင္ျပ အိမ္ေရွ႕မင္းသားေလး
႐ုန္ဝမ္/ ႐ုန္ထ်န္း - ရွီးလိန္တိုင္းျပည္၏ လက္ရွိဘုရင္ခံ ၊ အင္အားႀကီး အျခားတိုင္းျပည္မွ မင္းသား

(Feng Ming) ဖုန္မင္ ၏ စကားသံေတြကို ရပ္တန႔္သြားေစရန္ သန္မာသည့္ (Rong Wang/ Rong Tian) ႐ုန္ဝမ္ ၏ ခႏၶာကိုယ္က ဖုန္မင္ကို ဖိထားၿပီး ျပင္းျပစြာ နမ္းေတာ့သည္။ ဖုန္မင္၏ ေစ့ပိတ္ထားသည့္ ႏူတ္ခမ္းကို လွ်ာျဖင့္ ထိုးေဖာက္ကာ မြတ္သိပ္စြာျဖင့္ ႏူးညံ့ေသာ ႏူတ္ခမ္းမ်ားကို တက္ႂကြစြာ စားသုံးေတာ့သည္။ ေလထုထဲတြင္ စိတ္လႈပ္ရွားစရာ ေကာင္းသည့္ နမ္းရႈိက္ေနသံတို႔ျဖင့္ ျပည့္ေနသည္။

 
"ငါ မင္းကို ထိေတြ႕ခဲ့တဲ့တာ အေတာ္ၾကာေနၿပီ   "

႐ုန္ဝမ္က သူ ဘာျဖစ္ခ်င္ေနသည္ကို သိေစရန္ လႈိက္ေမာစြာျဖင့္ ဖုန္မင္ကို ေျပာလိုက္သည္။ ဖုန္မင္က သူ သတိလက္လႊတ္ျဖစ္ေနခ်ိန္တြင္ ခုလို ၾကားလိုက္ရေတာ့ ပထမ ေၾကာက္လန႔္သြားသည္။ သူက ဘာမွ မတတ္ႏိုင္ပဲ ႐ုန္ဝမ္၏ ရင္ခြင္ထဲကေနၿပီး အလန႔္တၾကားေလးျဖင့္ ေခ်ာေမာခန႔္ညားသည့္ ႐ုန္ဝမ္၏မ်က္ႏွာကို ေငးစိုက္ၾကည့္ေန႐ုံသာ တတ္ႏိုင္ေတာ့သည္။ ထိုလွပခန႔္ညားသည့္ လူက သူလိုခ်င္တာကို ရေအာင္ယူမည္ဟု ဆုံးျဖတ္ထားပုံရသည္။ ၿပီးေတာ့ သူလိုခ်င္သည္ကို ရေအာင္ လုပ္ႏိုင္စြမ္းလည္းရွိသည္။


"အိုး...အဲ့ဒါက......"

 ဒီေန႔ သူ႔လူပ်ိဳဘဝကို တကယ္ဆုံးေတာ့မွာလား။

ဖုန္မင္ အသည္းအသန္ စတင္႐ုန္းကန္ေပမယ့္ အားႀကီးသည့္ ႐ုန္ဝမ္၏ ရင္ခြင္ထဲ ခ်ဳပ္မိတာက လုံးဝမလြတ္ႏိုင္သည့္အျပင္ ႐ုန္ဝမ္၏ အနမ္းတို႔က ပိုနက္ရႈိင္းလာခဲ့ၿပီးသူပိုင္ဆိုင္သည့္ လူသားျဖစ္ေၾကာင္း ျပသေနသလိုပင္။

ဘာလုပ္ရမွန္းမသိျဖစ္ကာ ဖုန္မင္၏ ရင္ထဲ ေၾကာက္႐ြံ႕စြာ ေအာ္ဟစ္လ်က္ ေခါင္းကို ျဖစ္ညစ္ကာ အႀကံထုတ္ေနသည္။ အခု သူ႔လက္ေတြက ခ်ဳပ္ထားခံရၿပီး တဖက္သား၏ သန္မာေသာ ရင္ခြင္တြင္ အခ်ဳပ္ခံေနရသည္။ သူ႔အနမ္းေၾကာင့္ ဖုန္မင္၏ ေျခေထာက္တို႔လည္း ေပ်ာ့ေခြေနသည္။ ဒါေၾကာင့္ ေနာက္ဆုံး႐ုန္ဝမ္၏ လွ်ာကို ကိုက္ကာ သူ႔အလစ္မွာ ထြက္ေျပးဖို႔ တနည္းပဲ ရွိေတာ့သည္။ ဒီလိုေတြးၿပီး ဖုန္မင္က ႐ုန္ဝမ္၏ က်ဴးေက်ာ္ေနသည့္လွ်ာကို ကိုက္လိုက္သည္။

သတိႀကီးသည့္ ႐ုန္ဝမ္က ဖုန္မင္၏လုပ္ရပ္ကို သတိထားမိၿပီး အခ်ိန္မွီေရွာင္ လိုက္သည္။ ဒါေၾကာင့္ ဖုန္မင္က သူ႔လွ်ာသူ အားျပင္းျပင္းႏွင့္ ကိုက္လိုက္မိေတာ့သည္။

႐ုန္ဝမ္က သိုင္းသမားျဖစ္သည့္အျပင္ စစ္သူႀကီးလည္းျဖစ္ေသာေၾကာင့္ တဖက္လူ၏ ေမး႐ိုးလႈပ္ရွားလာသည္ႏွင့္ သူ႔မ်က္လုံးေတြက ေတာက္ပလာၿပီး သူလွ်ာကို အခ်ိန္မွီဆြဲထုတ္ကာ အကိုက္ခံရမည့္ ေဘးမွ လြတ္သြားခဲ့သည္။

"မင္း ငါ့ကို ကိုက္ခ်င္တာလား"

႐ုန္ဝမ္ဟာ မ်က္ခုံးကို  ပင့္ကာ ေမးလိုက္သည္။ ဒါေပမယ့္ ဖုန္မင္၏ ပါးစပ္က စီးက်လာသည့္ ေသြးမ်ားကို ေတြ႕လိုက္ေသာအခါ သူ႔အမူယာက ေမွာင္မိုက္သြားၿပီး ေဒါသတႀကီးႏွင့္ ဖုန္မင္၏ လည္ပင္းက အက်ႌ ေကာ္လံစကို ဆုပ္ကိုင္ကာ ေမးလိုက္သည္။

 "မင္းက ကိုယ့္ဖာသာကို သတ္ေသခ်င္ေနတာလား"

ဖုန္မင္၏႐ုပ္က အိမ္ေရွ႕စံမင္းသားႏွင့္ တူေပမယ့္ သူ႔စိတ္မာေက်ာမႈက အေတာ္ေလးကြာသည္။  

"အေစာင့္ေတြ....နန္းတြင္းသမားေတာ္ ကို သြားေခၚခဲ့ၾကစမ္း"

ေသြးေတြ ဆက္လက္ထြက္ေနစဥ္ ႐ုန္ဝမ္ဟာ ဖုန္မင္ရဲ႕အက်ႌေကာ္လံကို ေဆာင့္ဆြဲလိုက္ၿပီး အမိန႔္ေပးလိုက္သည္။

"မင္းဖာသာ သတ္ေသလို႔မရဘူး။ ငါေျပာတာ ၾကားလား။ မင္းကို ငါ ေသခြင့္မျပဳဘူး။ "

 လွ်ာက ျပတ္ထြက္သြားၿပီလားဟု ထင္ရေအာင္ အလြန္နာက်င္ေနေပမယ့္ ဒီေန႔ ႐ုန္ဝမ္က သူ႔ကို အႏိုင္က်င့္ သိမ္းပိုက္တာ မလုပ္ႏိုင္ေတာ့ဘူးဆိုတာ သိရလို႔ ဖုန္မင္ ဝမ္းသာသြားခဲ့သည္။ တေထာင့္တညပုံျပင္ေျပာၿပီး ႐ုန္ဝမ္လက္က လြတ္ေအာင္လုပ္မည့္ အစီစဥ္ က်ရႈံးခဲ့ေပမယ့္ အခု လွ်ာကိုက္လိုက္တဲ့ နည္းက မထင္မွတ္ပဲ အလုပ္ျဖစ္သြားသည္။

 ႐ုန္ဝမ္ကို ကိုက္ဖို႔ရည္႐ြယ္ထားေပမယ့္ သူ႔လွ်ာသူ ျပန္ကိုက္မိတာ ကိုေတာ့ ဖုန္မင္ မေက်နပ္ေခ်။ ဒါေပမယ့္ ဒီအေၾကာင္းကို ႐ုန္ဝမ္ကို သူ ဘယ္ေတာ့မွ ျပန္ေျပာျပမည္ မဟုတ္ေပ။

  ႐ုန္ဝမ္ေဒါသတႀကီး ေအာ္ဟစ္ေနစဥ္ နန္းတြင္းသမားေတာ္ႀကီး ေရာက္လာၿပီး အိမ္ေရွ႕မင္းသားေလး၏ လွ်ာမွ ဒဏ္ရာကို ေဆးထည့္ကာ ပါးစပ္ကို ပတ္တီးစည္းေပးလိုက္သည္။ ထိုညအတြက္ ႐ုန္ဝမ္က သူ႔ ေသြးသားဆႏၵျပည့္ေစဖို႔ ဘာမွ ထပ္မလုပ္ေတာ့ေပ။ ဒါေၾကာင့္ ဖုန္မင္က အစားခံရမည့္ ေဘးမွ လက္မတင္ေလးလြတ္သြားကာ ပတ္တီးစည္းထားသည့္ ပါးစပ္ျဖင့္ ေဘးေစာင္းၿပီး စိတ္ခ်မ္းသာစြာ အိပ္စက္သြားေတာ့သည္။

ေနာက္တေန႔တြင္ အိမ္ေရွ႕စံမင္းသားေလး  လွ်ာကိုက္မိကာ အျပင္းအထန္ ဒဏ္ရာရသြားပါသည္ဆိုသည့္သတင္းက နန္းတြင္းထဲ ျပန႔္သြားေတာ့သည္။ ေကာလဟာလေတြလည္း ပြထလို႔လာသည္။ ပထမ ္မင္းသားေလးက ထမင္းစားရင္းလွ်ာကိုက္မိရာက အစျပဳၿပီးေနာက္ဆုံး အိမ္ေရွ႕စံမင္းသားေလးက ႐ုန္ဝမ္ကို ဆန႔္က်င္ေျပာဆိုမိရာမွ ႐ုန္ဝမ္က ေဒါသေပါက္ကြဲၿပီး မင္းသားေလးရဲ႕ လွ်ာကို ကိုက္ပစ္လိုက္သည္အထိ စကားေတြ ကားသြားခဲ့သည္။ ဒီအေၾကာင္းကို ေျပာသည့္သူမ်ားက သူတို႔ကိုယ္တိုင္ ျမင္ရသလို ခိုင္မာစြာေျပာေနၾကသည္။

 ႐ုန္ဝမ္က နန္းတြင္းထဲက ေကာလဟာလေတြကို လုံးဝ သတိမထားမိေပ။ မေန႔ညက ဖုန္မင္ရဲ႕လုပ္ရပ္က သူ႔ကို လုံးဝေပါက္ကြဲသြားေစသည္။ ဒီနန္းေတာ္ထဲမွာ သူ႔အရည္ခ်င္း၊ အာဏာေတြေၾကာင့္ သူလိုခ်င္သည့္ ေယာက်ာ္း၊ မိန္းမ တိုင္းက ဘယ္သူမွ ျငင္းသည္မရွိပဲ သူ႔အလိုကို လိုက္ေလ်ာရသည္ခ်ည္းျဖစ္သည္။ သူ သေဘာက်တာ ခံရလို႔ ကိုယ့္ ဖာသာ လွ်ာကိုက္ေသသည္ဆိုတာ မရွိခဲ့ဖူးေပ။ သူ႔လိုလူရဲ႕ အခ်စ္ေတာ္၊ အနီးကပ္လူ၊ အေရးေပးခံရသူျဖစ္ခ်င္ေသာေၾကာင့္ ေယာက်ာ္း၊မိန္းမ အားလုံးက  သူတို႔ခႏၶာကိုယ္ေတြကို အလိုအေလ်ာက္ကို လာေပးေနၾကတာခ်ည္းပဲျဖစ္သည္။ ဒါေပမယ့္ မေန႔ညကေတာ့  မင္းသားအေယာင္ေဆာင္ေလးက သူ႔ေရွ႕မွာတင္ သူ႔လွ်ာကိုသူကိုက္ၿပီး ကိုယ့္ကိုယ္ကို သတ္ေသပစ္ဖို႔ႀကိဳးစားခဲ့သည္။

ဖုန္မင္၏ ပါးစပ္တြင္းက ေသြးေတြအမ်ားႀကီးထြက္လာသည္ကို ျမင္လိုက္ရေတာ့ ႐ုန္ဝမ္  ေဒါသအႀကီး အက်ယ္ ထြက္ေတာ့သည္။ ထိုေကာင္ေလးကို သူ႔ေဒါသေတြ ေျပသြားတဲ့အထိ ခ်က္ခ်င္းကို ႏွိပ္စက္ပစ္ၿပီး သူ႔ အမိန႔္တိုင္းကို ျငင္းဆန္လို႔မရဘူးဆိုတာ ဖုန္မင္ သိေအာင္ လုပ္သင့္သည္။ ဒါေပမယ့္ ဖုန္မင္က ေသြးေတြထြက္သည့္ ၾကားက သူ႔ကို လုံးဝေၾကာက္႐ြံ႕ျခင္းမရွိပဲ အာခံသည့္ အရိပ္မ်ားျဖင့္ စူးရဲစြာ ျပန္စိုက္ၾကည့္ေနေသးသည္။ ၾကည့္ရတာ ဒီေကာင္ေလး အ႐ြယ္ေရာက္လာလို႔ အာခံခ်င္ေနၿပီထင္သည္။

စိတ္ဓာတ္ႀကံ့ခိုင္မႈႏွင့္ လွပသည့္ခႏၶာကိုယ္ေလးတို႔က အရမ္းကို လိုက္ဖက္ကာ အရင္တစ္ေယာက္ထက္ ပိုစြဲေဆာင္မႈရွိသည္ကို ႐ုန္ဝမ္ သေဘာေပါက္လိုက္သည္။ ဖုန္မင္က ေနာင္မွာ ပိုပို ေခ်ာေမာလာမွာျဖစ္ၿပီး လူမ်ားစြာကို ပိုဆြဲေဆာင္ႏိုင္ေပလိမ့္မည္။ ႐ုန္ဝမ္က ဖုန္မင္အေၾကာင္းကို ေတြးမိေနၿပီး အရင္ အိမ္ေရွ႕စံလို သူ႔ကို မဆက္ဆံပဲ အလိုက္အထိုက္ ဆက္ဆံရင္း အကဲခတ္ ဖို႔ ဆုံးျဖတ္လိုက္သည္။ လိုအပ္သလို လိုက္ေလ်ာညီေထြ ဆက္ဆံတတ္တာလည္း ပညာတစ္ခုျဖစ္သည္။ ဒီအႀကံျဖင့္ ႐ုန္ဝမ္က အိမ္ေရွ႕စံမင္းသားေလး၏ အေဆာင္ကို မနက္ေစာေစာ ထြက္လာခဲ့သည္။

အိမ္ေရွ႕စံမင္းသားေလး၏ အေဆာင္ေတာ္တြင္ အေႁခြရံအားလုံးက ခါတိုင္း ဘုရင္ခံ ႐ုန္ဝမ္ လုပ္သမွ် ငိုယိုကာ ခံေနရသည့္ အျဖစ္မွ ဘယ္လိုျဖစ္ၿပီး အခုလို ႐ုန္ဝမ္ကို ကလန္ကဆန္ ဆန႔္က်င္ရဲလာသည္ကို နားမလည္ႏိုင္ျဖစ္ကာ စိုးရိမ္ေနၾကသည္။ မေတာ္လို႔ ႐ုန္ဝမ္က ေဒါသထြက္ၿပီး အားလုံးကို ကြပ္မ်က္ခိုင္းရင္ ဘယ္လိုလုပ္မလဲဟု ေတြးကာ မင္းသားေလးကို အရင္လို ေပ်ာ့ညံ့သည့္ လူသာျပန္ျဖစ္လိုက္ေစခ်င္သည္။

ဖုန္မင္ႏိုးလာေသာအခါ ေဘးမွာ မ်က္ႏွာသစ္ေရ ျပင္ဆင္ကာ အသင့္ေစာင့္ေနသည့္ အေႁခြရံမေလး (Chiu Lian ) ခ်ဳံးလိန္ ရဲ႕  စိုးရိမ္ပူပန္ေနသည့္ပုံကို ခ်က္ခ်င္း  ျမင္လိုက္ရသည္။


"အရွင့္သား၊ ႏိုးလာၿပီလား"

 ခ်ဳံးလိန္က အနား တိုးလာၿပီး ဖုန္မင္ကို အဝတ္အစားဝတ္ေပးသည္။

 လွ်ာက ေယာင္လို႔ေနတုန္းျဖစ္လို႔ ဖုန္မင္က 'အာ' ဆိုသည့္အသံကိုသာ ျပဳႏိုင္သည္။

"နန္းတြင္းသမားေတာ္ႀကီးက မင္းသားေလး ခုတေလာ ဆန္ျပဳတ္ေလးနည္းနည္းေလာက္ ကလြဲၿပီး ဘာမွသိပ္စားလို႔မရေသးဘူးလို႔ေျပာတယ္၊  ႏွစ္ရက္ေလာက္ၾကာလို႔ မင္းသားရဲ႕ဒဏ္ရာ သက္သာလာမွ သစ္သီးေတြ စားလို႔ရမယ္တဲ့"

 ဆန္ျပဳတ္အျဖဴထည္ ပန္းကန္ေလးဟာ ဖုန္မင္ေရွ႕ကို ေရာက္လာသည္။ လူတိုင္းက သူ ဘာေၾကာင့္ ေျပာင္းလဲသြားသလဲဆိုတာ သိခ်င္လို႔ အားလုံးဝိုင္းစိုက္ၾကည့္ေနသည္။

ဖုန္မင္က ပါးစပ္ကို အသာဟကာ ဆန္ျပဳတ္နည္းနည္းေသာက္လိုက္ေတာ့ ဒဏ္ရာကို ထိမိၿပီး အီစိမ့္ေအာင္ နာသြားသျဖင့္ မ်က္ေမွာင္ၾကဳတ္ကာ နာက်င္မႈကို မနည္းေတာင့္ခံေနရသည္။ ဒီအေၾကာင္းေၾကာင့္ ႐ုန္ဝမ္ကို ေဒါသထြက္လာမိသည္။ ဒင္းေၾကာင့္သာ မဟုတ္ရင္ ခုလို ဒဏ္ရာရမွာ မဟုတ္သလို အငတ္ခံေနစရာလည္း မလိုေပ။ ေတြးေလ ေတြးေလ ႐ုန္ဝမ္ကို မုန္းတီးေလျဖစ္လာသည္။

" ႐ုန္ဝမ္ ဘုရင္ခံမင္းႀကီး ႂကြခ်ီလာပါၿပီ။ "

အေဆာင္အျပင္မွ အပါးေတာ္ၿမဲ ေၾကျငာသံက ဖုန္မင္ နားထဲ ဝင္လာေတာ့  သူ႔စိတ္ထဲ သစၥာေဖာက္ေကာင္ လာၿပီဟူ ေတြးေနမိသည္။

႐ုန္ဝမ္က အိမ္ေရွ႕စံ၏အေဆာင္ကို ခုလို မနက္ေစာေစာ လာခဲၿပီး အခုေတာ့ သူ႔စိတ္အေျခေနက ၾကည္ေနသည္။ သူ၏ ေတာင့္တင္းသည့္
 ကိုယ္ခႏၶာႏွင့္ ေတာ္ဝင္ဝတ္စုံက အရမ္းကို လိုက္ဖက္လွသည္။ တကယ္ေတာ့ ႐ုန္ဝမ္က အရမ္းကို ခန႔္ညားေခ်ာေမာသည့္ ေယာက်ာ္းတစ္ ေယာက္ျဖစ္ၿပီး သူက 21 ရာစုမွ ေမြးဖြားလာမည္ဆိုလွ်င္ သူ႔႐ုပ္ရည္ႏွင့္  တီဗြီထဲပါႏိုင္သည့္အျပင္ သူ႔ကို အ႐ူးမူးျဖစ္မည့္ ေယာက်ာ္း မိန္းမ ပရိတ္သတ္မ်ားစြာ ရွိႏိုင္သည္။

႐ုန္ဝမ္က သူ႔ဆီသို႔ ခ်ည္းကပ္လာသည္ကို ေတြ႕လိုက္ရတာေၾကာင့္ ဖုန႔္မင္လည္း အေတြးပ်က္ကာ စိတ္အခ်ဥ္ေပါက္လာျပန္သည္။ ဒီလို သစၥာေဖာက္ေကာင္က ေမာ္ဒယ္လို ၾကည့္ေကာင္းေနျပန္သည္။ ဘယ္ေလာက္ေတာင္ ကံေကာင္းလိုက္တဲ့ ေခြးသားလဲ။

 ႐ုန္ဝမ္ဟာ ကိုယ္ကိုကိုင္းၿပီး ဖုန္မင္ကို ရင္ခြင္ထဲဆြဲသြင္းကာ နမ္းလိုက္ေသာ္လည္း မေန႔အျဖစ္ကို ႐ုန္ဝမ္သတိရလာသည္။ သူ႔ရင္ခြင္ထဲက ေကာင္ေလးဟာ မေန႔ညက သူ႔ကို အာခံၿပီး ကိုယ့္ကိုယ္ကိုသတ္ေသဖို႔ကိုသာ ေ႐ြးခ်ယ္သည့္သူျဖစ္သည္ကို သတိရလိုက္ေသာေၾကာင့္ လူခ်င္းခြာကာ ဖုန္မင္၏ အိပ္ရာေဘးက ပစၥည္းကို ၾကည့္ကာ ေမးလိုက္သည္။

 "မင္းရဲ႕လွ်ာ နာေနေသးလား၊  သက္သာရဲ႕လား"

ဖုန္မင္က ဘာမွ ျပန္ ျပန္မေျဖပါ။ သူေျဖခ်င္ေပမယ့္ လွ်ာနာေနလို႔ စကား မေျပာႏိုင္ပဲ ဒီအတိုင္း ထိုင္ေနရသည္။ မေန႔ညက ဒီႏူတ္ခမ္းေလး က သူ႔ရဲ႕ စိတ္ကို အာ႐ုံေျပာင္းပစ္ဖို႔ မရပ္မနား စကားေျပာေနေပမယ့္ အခုေတာ့  တိတ္ေနပါလားဟု ေတြးမိသည့္အခါ ႐ုန္ဝမ္ ႏွလုံးသားထဲမွာ  မီးေလာင္ သလို ခံစားလာရသည္။

ေနေရာင္ျခည္ေအာက္မွာ အေယာင္ေဆာင္ အိမ္ေရွ႕မင္းသားေလးက အရင္ မင္းသားထက္ ပိုဆြဲေဆာင္မႈရွိသည္ကို  ႐ုန္ဝမ္ သတိထားမိလိုက္သည္။ အထူးသျဖင့္ ေတာက္ပၿပီး ရဲရင့္သည့္ မ်က္လုံးေလးမ်ားက အသက္ဝင္ လို႔ေနသည္။ ႏွစ္ေယာက္ကို ယွဥ္ေ႐ြးခိုင္းလွ်င္ ႐ုန္ဝမ္က အခုေကာင္ေလး ကို ေ႐ြးမွာေသခ်ာသည္။   ျဖစ္ႏိုင္ရင္ သူ ဖုန္မင္ကို တေနကုန္ ထိုင္ၾကည့္ ခ်င္ ေနမိသည္။ ဒါဆိုရင္ ေကာင္ေလးက သူ႔ကို ေၾကာက္ေနဦးမလား လည္း သိခ်င္သည္။ ဒါေပမယ့္ ဒီ ႏိုင္ငံမွာ သူလုပ္ရမည့္ တာဝန္ေတြက မ်ားလွသည္။
 
"ကိုယ္မနက္  ညီလာခံတက္ရဦးမယ္၊ လိမ္လိမ္မာမာနဲ႔ ဒီနားမွာပဲ ထိုင္ေနေနာ္၊ ေနာက္ထပ္ဘာမွ ထပ္မလုပ္ရဘူး ၾကားလား။ ညေနက်ရင္ ကိုယ္တစ္ေခါက္ထပ္လာခဲ့မယ္။ "

႐ုန္ဝမ္ဟာ ဖုန္မင္ရဲ႕ ေဘးမွာ ထိုင္ၿပီး အၾကာႀကီးေငးၾကည့္ေနခ်င္ေပမယ့္ လုပ္စရာေတြ ရွိေသးလို႔ ေလးလံစြာထကာ သူ႔ကို ၾကင္နာစြာ ေျပာလိုက္သည္။

ဘာ ....ဒီကို ထပ္လာဦးမွာလား...

ထိုစကားကိုၾကားေတာ့ ဖုန္မင္၏မ်က္လုံးတို႔ ျပဴးသြားၿပီး ႐ုန္ဝမ္ကို ေဒါသျဖင့္ စိုက္ၾကည့္လိုက္သည္။

ပထမတခါလာေတာ့ ငါ့နာမည္အရင္းကို ေျပာျပလိုက္ရတယ္... ဒုတိယတခါလာေတာ့ ငါ့လွ်ာ ကိုက္မိသြားတယ္။   တတိယတခါ ဆိုရင္ ငါ့ရဲ႕လူပ်ိဳဘဝေလးကို ဘယ္လိုကာကြယ္ရေတာ့မွာလဲ...။ အေၾကာင္းကို ေတြးၾကည့္ၿပီး ဖုန္မင္ရဲ႕ တကိုယ္လုံး ေၾကာက္လို႔ တုန္လို႔လာရခဲ့သည္။

႐ုန္ဝမ္ကလည္း ဖုန္မင္ဘာေတြးေနသည္ကို သိေသာေၾကာင့္  ၿပဳံးလိုက္ပါေလသည္။ ဖုန္မင္ကို အရင္ အိမ္ေရွ႕စံမင္းသားလို   မဆက္ဆံဖို႔ သူဆုံးျဖတ္လိုက္သည္။ ဒါေၾကာင့္ ေတြ႕ခါစက ဖုန္မင္နဲ႔ပတ္သတ္သည့္ စိုးရိမ္စရာအေတြးေတြ ႐ုန္ဝမ္ရဲ႕ ရင္ထဲ မရွိေတာ့ေပ။ ဖုန္မင္အေပၚ သေဘာက်သည့္စိတ္ေၾကာင့္ ႐ုန္ဝမ္၏ စကားေျပာပုံနဲ႔ ေလသံက အရင္နဲ႔မတူပဲ ႏူးညံ့လို႔ေနသည္။

 "မေၾကာက္ပါနဲ႔၊ ဒီေန႔ည  မင္းကို ဘာမွ အတင္းအက်ပ္မလုပ္ပါဘူး"

သူေျပာၿပီးေခါင္းညိတ္ျပကာ ထြက္သြားေတာ့  ဖုန္မင္ႏွင့္ နန္းေဆာင္ထဲမွ အေစခံမ်ားအားလုံး  ႐ုန္ဝမ္ရဲ႕စိတ္ေနသေဘာထား ေျပာင္းလဲသြားတာကို နားမလည္ေတာ့ေပ။ ပထမ မင္းသားေလး ထူးဆန္းေနၿပီး အခု ႐ုန္ဝမ္လည္း ထူးဆန္းေနသည္။

 ႐ုန္ဝမ္လာသည္ကို သူ တားလို႔မရမွန္း ဖုန္မင္သိသည္။ သူ႔မွာ ထုတ္သုံးစရာ ဘာနည္းလမ္းမွကို မရွိေတာ့ဘူးေပ။ ဒီလူက ဒီရွီးလိန္ျပည္ႀကီးရဲ႕ ကိုယ္စားအုပ္ခ်ဳပ္သူ ဘုရင္ခံ မင္းႀကီးမွ ဟုတ္ရဲ႕လား။ ညေန ေမွာင္စပ်ိဳးခ်ိန္   ႐ုန္ဝမ္ေရာက္လာသည္။

"အခုမွ ညီလာခံၿပီးလို႔ ညစာေတာင္မစားရေသးဘူး၊ မင္းနဲ႔တူတူ ညစာစားခ်င္လို႔ ဒီကို တန္းလာခဲ့တာ"

 ထိုစကားတို႔ကိုေျပာၿပီး ႐ုန္ဝမ္ဟာ အေစခံမ်ားဘက္သို႔လွည့္ကာ
ညစာျပင္ရန္ အမိန႔္ေပးလိုက္သည္။

လွ်ာနာေနတာေၾကာင့္ ဖုန္မင္ဟာ အစာစားခ်င္စိတ္မရွိျဖစ္ၿပီး   ေဒါသထြက္ၿပီး ေခါင္းခါျပသည္။

သူ႔ရင္ထဲက အေတြးတို႔ကို မဖုံးကြယ္တတ္သည့္ ဖုန္မင္ကို ၾကည့္ရင္း
႐ုန္ဝမ္သေဘာက်လာသည္။ ဒီေကာင္ေလးက ဘယ္လိုလုပ္ လုပ္ႀကံသူျဖစ္ႏိုင္မွာလဲေလ။ သူက အိမ္ေရွ႕မင္းသားနဲ႔ ႐ုပ္တူလို႔ ေ႐ြးလိုက္တာမ်ားလား။

"ဘာလဲ၊ မင္းက ကိုယ္နဲ႔ညစာ အတူ မစားခ်င္ဘူးလား"

 ဖုန္မင္ သူ႔ေဘးနားမွာ ရွိေန႐ုံႏွင့္ ႐ုန္ဝမ္၏ စိတ္ေတြ ေပ်ာ္႐ႊင္လာၿပီး
 ညီလာခံမွာ ရင္ဆိုင္ခဲ့ရသည့္ ႏိုင္ငံေရး ျပႆနာ မ်ားစြာ၏ ဖိအားတို႔ ေပ်ာက္ကြယ္သြားသလို ခံစားလိုက္ရသည္။   ႐ုန္ဝမ္က ထမင္းစားပြဲ ဆီသို႔ ဖုန္မင္ကို အတင္းဆြဲေခၚလာၿပီး ဟင္းပြဲတစ္ခုခ်င္းအေၾကာင္း တက္ႂကြစြာ ရွင္းျပေနသည္။
 
"ဒါက ဘဲသားနဲ႔ ၾကက္သြန္ၿမိတ္ ကိုေတာက္ေတာက္စင္းၿပီး ဂ်ဳံမႈန႔္နဲ႔ေရာနယ္ၿပီး ေက်ာ္ထားတဲ့ဟင္းပဲ။ ဒီဘဲက ၂ လသားအ႐ြယ္ပဲ ရွိေသးလို႔ အသားေတြက ႏူးညံ့ေနတယ္။ ၿပီးေတာ့ ပဲငံျပာရည္အရသာက ဘဲသားထဲ စိမ့္ဝင္ေနၿပီး အရသာလည္း အရမ္းေကာင္းတယ္။ "

ဖုန္မင္က လွ်ာနာထားလို႔  စြပ္ျပဳတ္ကလြဲလို႔  ဘာမွစားမရသည္ကို
သိလ်က္ႏွင့္ ႐ုန္ဝမ္က ဘဲသားဟင္းလ်ာကို အေသးစိတ္ သြားရည္ယိုခ်င္စရာေကာင္းေအာင္ ရွင္းျပေနသည္။ သူ႔ေရွ႕မွာ ဆန္ျပဳတ္ခြက္ေလးကို ခ်ၿပီး ေမႊးပ်ံ႕သည့္ ဘဲသားဟင္းကို ေငးၾကည့္ကာ တံေတြးသာၿမိဳခ်ေနရရွာသည္။ ဒီခ်စ္စရာေကာင္းသည့္ ေကာင္ေလးကို ၾကည့္ၿပီး ႐ုန္ဝမ္က ႐ုတ္တရက္ အက်ယ္ႀကီး ထရယ္လိုက္ေတာ့သည္။
မင္းသားအေဆာင္မွ အေစခံမ်ား အားလုံး ထာဝရ မ်က္ႏွာထား တည္လွ သည့္ ႐ုန္ဝမ္ရဲ႕အားပါးတရရယ္သံကို ၾကားတာေၾကာင့္ ေၾကာင္သြားၾကေလသည္။  ဖုန္မင္၏ စူးရဲစြာ စိုက္ၾကည့္ေနသည့္ ေဒါသမ်က္ဝန္းေလးေအာက္တြင္ ႐ုန္ဝမ္က အထူးတလည္ လုပ္ယူစရာ မလိုပဲ ဟက္ဟက္ပက္ပက္ရယ္ေမာလိုက္မိေတာ့သည္။

ဒီေကာင္ေလးက ခက္ထန္ၾကမ္းတမ္းသည့္ သူ႔ႏွလုံးအိမ္ကို ႏူးညံ့ေအာင္ ျပဳစားလို႔ေနသည္။ ဒါက သူတို႔ႏွစ္ေယာက္ၾကားက ခ်စ္ျခင္းတစ္ခု အစျပဳလို႔လာခဲ့သည္ဟု ႐ုန္ဝမ္ ယူဆသည္။

==========================

Chapter (6) - ချစ်ခြင်းတစ်ခု အစပြုချိန်  (Zawgyi+Unicode)

(ဇာတ်ကောင် အမည်များကို အသံထွက်အတိုင်း ဖော်ပြသွားပါမယ်။ အင်္ဂလိပ်လို ရိုက်လိုက်၊ မြန်မာဖောင့်ပြောင်းလိုက်က နည်းနည်း အဆင်မပြေလို့ပါ။ )

ဖုန်မင် - 21 ရာစုမှ ရှေးခေတ်ထဲ ဝိဉာဉ်ကူးပြောင်းရောက်ရှိသွားသူ
အိမ်ရှေ့စံမင်းသားလေး - ဖုန်မင်၏ ဝိဉာဉ် ဝင်နေသည့် အယောင်ပြ အိမ်ရှေ့မင်းသားလေး
ရုန်ဝမ်/ ရုန်ထျန်း - ရှီးလိန်တိုင်းပြည်၏ လက်ရှိဘုရင်ခံ ၊ အင်အားကြီး အခြားတိုင်းပြည်မှ မင်းသား

(Feng Ming) ဖုန်မင် ၏ စကားသံတွေကို ရပ်တန့်သွားစေရန် သန်မာသည့် (Rong Wang/ Rong Tian) ရုန်ဝမ် ၏ ခန္ဓာကိုယ်က ဖုန်မင်ကို ဖိထားပြီး ပြင်းပြစွာ နမ်းတော့သည်။ ဖုန်မင်၏ စေ့ပိတ်ထားသည့် နူတ်ခမ်းကို လျှာဖြင့် ထိုးဖောက်ကာ မွတ်သိပ်စွာဖြင့် နူးညံ့သော နူတ်ခမ်းများကို တက်ကြွစွာ စားသုံးတော့သည်။ လေထုထဲတွင် စိတ်လှုပ်ရှားစရာ ကောင်းသည့် နမ်းရှိုက်နေသံတို့ဖြင့် ပြည့်နေသည်။

 
"ငါ မင်းကို ထိတွေ့ခဲ့တဲ့တာ အတော်ကြာနေပြီ   "

ရုန်ဝမ်က သူ ဘာဖြစ်ချင်နေသည်ကို သိစေရန် လှိုက်မောစွာဖြင့် ဖုန်မင်ကို ပြောလိုက်သည်။ ဖုန်မင်က သူ သတိလက်လွှတ်ဖြစ်နေချိန်တွင် ခုလို ကြားလိုက်ရတော့ ပထမ ကြောက်လန့်သွားသည်။ သူက ဘာမှ မတတ်နိုင်ပဲ ရုန်ဝမ်၏ ရင်ခွင်ထဲကနေပြီး အလန့်တကြားလေးဖြင့် ချောမောခန့်ညားသည့် ရုန်ဝမ်၏မျက်နှာကို ငေးစိုက်ကြည့်နေရုံသာ တတ်နိုင်တော့သည်။ ထိုလှပခန့်ညားသည့် လူက သူလိုချင်တာကို ရအောင်ယူမည်ဟု ဆုံးဖြတ်ထားပုံရသည်။ ပြီးတော့ သူလိုချင်သည်ကို ရအောင် လုပ်နိုင်စွမ်းလည်းရှိသည်။


"အိုး...အဲ့ဒါက......"

 ဒီနေ့ သူ့လူပျိုဘဝကို တကယ်ဆုံးတော့မှာလား။

ဖုန်မင် အသည်းအသန် စတင်ရုန်းကန်ပေမယ့် အားကြီးသည့် ရုန်ဝမ်၏ ရင်ခွင်ထဲ ချုပ်မိတာက လုံးဝမလွတ်နိုင်သည့်အပြင် ရုန်ဝမ်၏ အနမ်းတို့က ပိုနက်ရှိုင်းလာခဲ့ပြီးသူပိုင်ဆိုင်သည့် လူသားဖြစ်ကြောင်း ပြသနေသလိုပင်။

ဘာလုပ်ရမှန်းမသိဖြစ်ကာ ဖုန်မင်၏ ရင်ထဲ ကြောက်ရွံ့စွာ အော်ဟစ်လျက် ခေါင်းကို ဖြစ်ညစ်ကာ အကြံထုတ်နေသည်။ အခု သူ့လက်တွေက ချုပ်ထားခံရပြီး တဖက်သား၏ သန်မာသော ရင်ခွင်တွင် အချုပ်ခံနေရသည်။ သူ့အနမ်းကြောင့် ဖုန်မင်၏ ခြေထောက်တို့လည်း ပျော့ခွေနေသည်။ ဒါကြောင့် နောက်ဆုံးရုန်ဝမ်၏ လျှာကို ကိုက်ကာ သူ့အလစ်မှာ ထွက်ပြေးဖို့ တနည်းပဲ ရှိတော့သည်။ ဒီလိုတွေးပြီး ဖုန်မင်က ရုန်ဝမ်၏ ကျူးကျော်နေသည့်လျှာကို ကိုက်လိုက်သည်။

သတိကြီးသည့် ရုန်ဝမ်က ဖုန်မင်၏လုပ်ရပ်ကို သတိထားမိပြီး အချိန်မှီရှောင် လိုက်သည်။ ဒါကြောင့် ဖုန်မင်က သူ့လျှာသူ အားပြင်းပြင်းနှင့် ကိုက်လိုက်မိတော့သည်။

ရုန်ဝမ်က သိုင်းသမားဖြစ်သည့်အပြင် စစ်သူကြီးလည်းဖြစ်သောကြောင့် တဖက်လူ၏ မေးရိုးလှုပ်ရှားလာသည်နှင့် သူ့မျက်လုံးတွေက တောက်ပလာပြီး သူလျှာကို အချိန်မှီဆွဲထုတ်ကာ အကိုက်ခံရမည့် ဘေးမှ လွတ်သွားခဲ့သည်။

"မင်း ငါ့ကို ကိုက်ချင်တာလား"

ရုန်ဝမ်ဟာ မျက်ခုံးကို  ပင့်ကာ မေးလိုက်သည်။ ဒါပေမယ့် ဖုန်မင်၏ ပါးစပ်က စီးကျလာသည့် သွေးများကို တွေ့လိုက်သောအခါ သူ့အမူယာက မှောင်မိုက်သွားပြီး ဒေါသတကြီးနှင့် ဖုန်မင်၏ လည်ပင်းက အင်္ကျီ ကော်လံစကို ဆုပ်ကိုင်ကာ မေးလိုက်သည်။

 "မင်းက ကိုယ့်ဖာသာကို သတ်သေချင်နေတာလား"

ဖုန်မင်၏ရုပ်က အိမ်ရှေ့စံမင်းသားနှင့် တူပေမယ့် သူ့စိတ်မာကျောမှုက အတော်လေးကွာသည်။  

"အစောင့်တွေ....နန်းတွင်းသမားတော် ကို သွားခေါ်ခဲ့ကြစမ်း"

သွေးတွေ ဆက်လက်ထွက်နေစဉ် ရုန်ဝမ်ဟာ ဖုန်မင်ရဲ့အင်္ကျီကော်လံကို ဆောင့်ဆွဲလိုက်ပြီး အမိန့်ပေးလိုက်သည်။

"မင်းဖာသာ သတ်သေလို့မရဘူး။ ငါပြောတာ ကြားလား။ မင်းကို ငါ သေခွင့်မပြုဘူး။ "

 လျှာက ပြတ်ထွက်သွားပြီလားဟု ထင်ရအောင် အလွန်နာကျင်နေပေမယ့် ဒီနေ့ ရုန်ဝမ်က သူ့ကို အနိုင်ကျင့် သိမ်းပိုက်တာ မလုပ်နိုင်တော့ဘူးဆိုတာ သိရလို့ ဖုန်မင် ဝမ်းသာသွားခဲ့သည်။ တထောင့်တညပုံပြင်ပြောပြီး ရုန်ဝမ်လက်က လွတ်အောင်လုပ်မည့် အစီစဉ် ကျရှုံးခဲ့ပေမယ့် အခု လျှာကိုက်လိုက်တဲ့ နည်းက မထင်မှတ်ပဲ အလုပ်ဖြစ်သွားသည်။

 ရုန်ဝမ်ကို ကိုက်ဖို့ရည်ရွယ်ထားပေမယ့် သူ့လျှာသူ ပြန်ကိုက်မိတာ ကိုတော့ ဖုန်မင် မကျေနပ်ချေ။ ဒါပေမယ့် ဒီအကြောင်းကို ရုန်ဝမ်ကို သူ ဘယ်တော့မှ ပြန်ပြောပြမည် မဟုတ်ပေ။

  ရုန်ဝမ်ဒေါသတကြီး အော်ဟစ်နေစဉ် နန်းတွင်းသမားတော်ကြီး ရောက်လာပြီး အိမ်ရှေ့မင်းသားလေး၏ လျှာမှ ဒဏ်ရာကို ဆေးထည့်ကာ ပါးစပ်ကို ပတ်တီးစည်းပေးလိုက်သည်။ ထိုညအတွက် ရုန်ဝမ်က သူ့ သွေးသားဆန္ဒပြည့်စေဖို့ ဘာမှ ထပ်မလုပ်တော့ပေ။ ဒါကြောင့် ဖုန်မင်က အစားခံရမည့် ဘေးမှ လက်မတင်လေးလွတ်သွားကာ ပတ်တီးစည်းထားသည့် ပါးစပ်ဖြင့် ဘေးစောင်းပြီး စိတ်ချမ်းသာစွာ အိပ်စက်သွားတော့သည်။

နောက်တနေ့တွင် အိမ်ရှေ့စံမင်းသားလေး  လျှာကိုက်မိကာ အပြင်းအထန် ဒဏ်ရာရသွားပါသည်ဆိုသည့်သတင်းက နန်းတွင်းထဲ ပြန့်သွားတော့သည်။ ကောလဟာလတွေလည်း ပွထလို့လာသည်။ ပထမ ်မင်းသားလေးက ထမင်းစားရင်းလျှာကိုက်မိရာက အစပြုပြီးနောက်ဆုံး အိမ်ရှေ့စံမင်းသားလေးက ရုန်ဝမ်ကို ဆန့်ကျင်ပြောဆိုမိရာမှ ရုန်ဝမ်က ဒေါသပေါက်ကွဲပြီး မင်းသားလေးရဲ့ လျှာကို ကိုက်ပစ်လိုက်သည်အထိ စကားတွေ ကားသွားခဲ့သည်။ ဒီအကြောင်းကို ပြောသည့်သူများက သူတို့ကိုယ်တိုင် မြင်ရသလို ခိုင်မာစွာပြောနေကြသည်။

 ရုန်ဝမ်က နန်းတွင်းထဲက ကောလဟာလတွေကို လုံးဝ သတိမထားမိပေ။ မနေ့ညက ဖုန်မင်ရဲ့လုပ်ရပ်က သူ့ကို လုံးဝပေါက်ကွဲသွားစေသည်။ ဒီနန်းတော်ထဲမှာ သူ့အရည်ချင်း၊ အာဏာတွေကြောင့် သူလိုချင်သည့် ယောကျာ်း၊ မိန်းမ တိုင်းက ဘယ်သူမှ ငြင်းသည်မရှိပဲ သူ့အလိုကို လိုက်လျောရသည်ချည်းဖြစ်သည်။ သူ သဘောကျတာ ခံရလို့ ကိုယ့် ဖာသာ လျှာကိုက်သေသည်ဆိုတာ မရှိခဲ့ဖူးပေ။ သူ့လိုလူရဲ့ အချစ်တော်၊ အနီးကပ်လူ၊ အရေးပေးခံရသူဖြစ်ချင်သောကြောင့် ယောကျာ်း၊မိန်းမ အားလုံးက  သူတို့ခန္ဓာကိုယ်တွေကို အလိုအလျောက်ကို လာပေးနေကြတာချည်းပဲဖြစ်သည်။ ဒါပေမယ့် မနေ့ညကတော့  မင်းသားအယောင်ဆောင်လေးက သူ့ရှေ့မှာတင် သူ့လျှာကိုသူကိုက်ပြီး ကိုယ့်ကိုယ်ကို သတ်သေပစ်ဖို့ကြိုးစားခဲ့သည်။

ဖုန်မင်၏ ပါးစပ်တွင်းက သွေးတွေအများကြီးထွက်လာသည်ကို မြင်လိုက်ရတော့ ရုန်ဝမ်  ဒေါသအကြီး အကျယ် ထွက်တော့သည်။ ထိုကောင်လေးကို သူ့ဒေါသတွေ ပြေသွားတဲ့အထိ ချက်ချင်းကို နှိပ်စက်ပစ်ပြီး သူ့ အမိန့်တိုင်းကို ငြင်းဆန်လို့မရဘူးဆိုတာ ဖုန်မင် သိအောင် လုပ်သင့်သည်။ ဒါပေမယ့် ဖုန်မင်က သွေးတွေထွက်သည့် ကြားက သူ့ကို လုံးဝကြောက်ရွံ့ခြင်းမရှိပဲ အာခံသည့် အရိပ်များဖြင့် စူးရဲစွာ ပြန်စိုက်ကြည့်နေသေးသည်။ ကြည့်ရတာ ဒီကောင်လေး အရွယ်ရောက်လာလို့ အာခံချင်နေပြီထင်သည်။

စိတ်ဓာတ်ကြံ့ခိုင်မှုနှင့် လှပသည့်ခန္ဓာကိုယ်လေးတို့က အရမ်းကို လိုက်ဖက်ကာ အရင်တစ်ယောက်ထက် ပိုစွဲဆောင်မှုရှိသည်ကို ရုန်ဝမ် သဘောပေါက်လိုက်သည်။ ဖုန်မင်က နောင်မှာ ပိုပို ချောမောလာမှာဖြစ်ပြီး လူများစွာကို ပိုဆွဲဆောင်နိုင်ပေလိမ့်မည်။ ရုန်ဝမ်က ဖုန်မင်အကြောင်းကို တွေးမိနေပြီး အရင် အိမ်ရှေ့စံလို သူ့ကို မဆက်ဆံပဲ အလိုက်အထိုက် ဆက်ဆံရင်း အကဲခတ် ဖို့ ဆုံးဖြတ်လိုက်သည်။ လိုအပ်သလို လိုက်လျောညီထွေ ဆက်ဆံတတ်တာလည်း ပညာတစ်ခုဖြစ်သည်။ ဒီအကြံဖြင့် ရုန်ဝမ်က အိမ်ရှေ့စံမင်းသားလေး၏ အဆောင်ကို မနက်စောစော ထွက်လာခဲ့သည်။

အိမ်ရှေ့စံမင်းသားလေး၏ အဆောင်တော်တွင် အခြွေရံအားလုံးက ခါတိုင်း ဘုရင်ခံ ရုန်ဝမ် လုပ်သမျှ ငိုယိုကာ ခံနေရသည့် အဖြစ်မှ ဘယ်လိုဖြစ်ပြီး အခုလို ရုန်ဝမ်ကို ကလန်ကဆန် ဆန့်ကျင်ရဲလာသည်ကို နားမလည်နိုင်ဖြစ်ကာ စိုးရိမ်နေကြသည်။ မတော်လို့ ရုန်ဝမ်က ဒေါသထွက်ပြီး အားလုံးကို ကွပ်မျက်ခိုင်းရင် ဘယ်လိုလုပ်မလဲဟု တွေးကာ မင်းသားလေးကို အရင်လို ပျော့ညံ့သည့် လူသာပြန်ဖြစ်လိုက်စေချင်သည်။

ဖုန်မင်နိုးလာသောအခါ ဘေးမှာ မျက်နှာသစ်ရေ ပြင်ဆင်ကာ အသင့်စောင့်နေသည့် အခြွေရံမလေး (Chiu Lian ) ချုံးလိန် ရဲ့  စိုးရိမ်ပူပန်နေသည့်ပုံကို ချက်ချင်း  မြင်လိုက်ရသည်။


"အရှင့်သား၊ နိုးလာပြီလား"

 ချုံးလိန်က အနား တိုးလာပြီး ဖုန်မင်ကို အဝတ်အစားဝတ်ပေးသည်။

 လျှာက ယောင်လို့နေတုန်းဖြစ်လို့ ဖုန်မင်က 'အာ' ဆိုသည့်အသံကိုသာ ပြုနိုင်သည်။

"နန်းတွင်းသမားတော်ကြီးက မင်းသားလေး ခုတလော ဆန်ပြုတ်လေးနည်းနည်းလောက် ကလွဲပြီး ဘာမှသိပ်စားလို့မရသေးဘူးလို့ပြောတယ်၊  နှစ်ရက်လောက်ကြာလို့ မင်းသားရဲ့ဒဏ်ရာ သက်သာလာမှ သစ်သီးတွေ စားလို့ရမယ်တဲ့"

 ဆန်ပြုတ်အဖြူထည် ပန်းကန်လေးဟာ ဖုန်မင်ရှေ့ကို ရောက်လာသည်။ လူတိုင်းက သူ ဘာကြောင့် ပြောင်းလဲသွားသလဲဆိုတာ သိချင်လို့ အားလုံးဝိုင်းစိုက်ကြည့်နေသည်။

ဖုန်မင်က ပါးစပ်ကို အသာဟကာ ဆန်ပြုတ်နည်းနည်းသောက်လိုက်တော့ ဒဏ်ရာကို ထိမိပြီး အီစိမ့်အောင် နာသွားသဖြင့် မျက်မှောင်ကြုတ်ကာ နာကျင်မှုကို မနည်းတောင့်ခံနေရသည်။ ဒီအကြောင်းကြောင့် ရုန်ဝမ်ကို ဒေါသထွက်လာမိသည်။ ဒင်းကြောင့်သာ မဟုတ်ရင် ခုလို ဒဏ်ရာရမှာ မဟုတ်သလို အငတ်ခံနေစရာလည်း မလိုပေ။ တွေးလေ တွေးလေ ရုန်ဝမ်ကို မုန်းတီးလေဖြစ်လာသည်။

" ရုန်ဝမ် ဘုရင်ခံမင်းကြီး ကြွချီလာပါပြီ။ "

အဆောင်အပြင်မှ အပါးတော်မြဲ ကြေငြာသံက ဖုန်မင် နားထဲ ဝင်လာတော့  သူ့စိတ်ထဲ သစ္စာဖောက်ကောင် လာပြီဟူ တွေးနေမိသည်။

ရုန်ဝမ်က အိမ်ရှေ့စံ၏အဆောင်ကို ခုလို မနက်စောစော လာခဲပြီး အခုတော့ သူ့စိတ်အခြေနေက ကြည်နေသည်။ သူ၏ တောင့်တင်းသည့်
 ကိုယ်ခန္ဓာနှင့် တော်ဝင်ဝတ်စုံက အရမ်းကို လိုက်ဖက်လှသည်။ တကယ်တော့ ရုန်ဝမ်က အရမ်းကို ခန့်ညားချောမောသည့် ယောကျာ်းတစ် ယောက်ဖြစ်ပြီး သူက 21 ရာစုမှ မွေးဖွားလာမည်ဆိုလျှင် သူ့ရုပ်ရည်နှင့်  တီဗွီထဲပါနိုင်သည့်အပြင် သူ့ကို အရူးမူးဖြစ်မည့် ယောကျာ်း မိန်းမ ပရိတ်သတ်များစွာ ရှိနိုင်သည်။

ရုန်ဝမ်က သူ့ဆီသို့ ချည်းကပ်လာသည်ကို တွေ့လိုက်ရတာကြောင့် ဖုန့်မင်လည်း အတွေးပျက်ကာ စိတ်အချဉ်ပေါက်လာပြန်သည်။ ဒီလို သစ္စာဖောက်ကောင်က မော်ဒယ်လို ကြည့်ကောင်းနေပြန်သည်။ ဘယ်လောက်တောင် ကံကောင်းလိုက်တဲ့ ခွေးသားလဲ။

 ရုန်ဝမ်ဟာ ကိုယ်ကိုကိုင်းပြီး ဖုန်မင်ကို ရင်ခွင်ထဲဆွဲသွင်းကာ နမ်းလိုက်သော်လည်း မနေ့အဖြစ်ကို ရုန်ဝမ်သတိရလာသည်။ သူ့ရင်ခွင်ထဲက ကောင်လေးဟာ မနေ့ညက သူ့ကို အာခံပြီး ကိုယ့်ကိုယ်ကိုသတ်သေဖို့ကိုသာ ရွေးချယ်သည့်သူဖြစ်သည်ကို သတိရလိုက်သောကြောင့် လူချင်းခွာကာ ဖုန်မင်၏ အိပ်ရာဘေးက ပစ္စည်းကို ကြည့်ကာ မေးလိုက်သည်။

 "မင်းရဲ့လျှာ နာနေသေးလား၊  သက်သာရဲ့လား"

ဖုန်မင်က ဘာမှ ပြန် ပြန်မဖြေပါ။ သူဖြေချင်ပေမယ့် လျှာနာနေလို့ စကား မပြောနိုင်ပဲ ဒီအတိုင်း ထိုင်နေရသည်။ မနေ့ညက ဒီနူတ်ခမ်းလေး က သူ့ရဲ့ စိတ်ကို အာရုံပြောင်းပစ်ဖို့ မရပ်မနား စကားပြောနေပေမယ့် အခုတော့  တိတ်နေပါလားဟု တွေးမိသည့်အခါ ရုန်ဝမ် နှလုံးသားထဲမှာ  မီးလောင် သလို ခံစားလာရသည်။

နေရောင်ခြည်အောက်မှာ အယောင်ဆောင် အိမ်ရှေ့မင်းသားလေးက အရင် မင်းသားထက် ပိုဆွဲဆောင်မှုရှိသည်ကို  ရုန်ဝမ် သတိထားမိလိုက်သည်။ အထူးသဖြင့် တောက်ပပြီး ရဲရင့်သည့် မျက်လုံးလေးများက အသက်ဝင် လို့နေသည်။ နှစ်ယောက်ကို ယှဉ်ရွေးခိုင်းလျှင် ရုန်ဝမ်က အခုကောင်လေး ကို ရွေးမှာသေချာသည်။   ဖြစ်နိုင်ရင် သူ ဖုန်မင်ကို တနေကုန် ထိုင်ကြည့် ချင် နေမိသည်။ ဒါဆိုရင် ကောင်လေးက သူ့ကို ကြောက်နေဦးမလား လည်း သိချင်သည်။ ဒါပေမယ့် ဒီ နိုင်ငံမှာ သူလုပ်ရမည့် တာဝန်တွေက များလှသည်။
 
"ကိုယ်မနက်  ညီလာခံတက်ရဦးမယ်၊ လိမ်လိမ်မာမာနဲ့ ဒီနားမှာပဲ ထိုင်နေနော်၊ နောက်ထပ်ဘာမှ ထပ်မလုပ်ရဘူး ကြားလား။ ညနေကျရင် ကိုယ်တစ်ခေါက်ထပ်လာခဲ့မယ်။ "

ရုန်ဝမ်ဟာ ဖုန်မင်ရဲ့ ဘေးမှာ ထိုင်ပြီး အကြာကြီးငေးကြည့်နေချင်ပေမယ့် လုပ်စရာတွေ ရှိသေးလို့ လေးလံစွာထကာ သူ့ကို ကြင်နာစွာ ပြောလိုက်သည်။

ဘာ ....ဒီကို ထပ်လာဦးမှာလား...

ထိုစကားကိုကြားတော့ ဖုန်မင်၏မျက်လုံးတို့ ပြူးသွားပြီး ရုန်ဝမ်ကို ဒေါသဖြင့် စိုက်ကြည့်လိုက်သည်။

ပထမတခါလာတော့ ငါ့နာမည်အရင်းကို ပြောပြလိုက်ရတယ်... ဒုတိယတခါလာတော့ ငါ့လျှာ ကိုက်မိသွားတယ်။   တတိယတခါ ဆိုရင် ငါ့ရဲ့လူပျိုဘဝလေးကို ဘယ်လိုကာကွယ်ရတော့မှာလဲ...။ အကြောင်းကို တွေးကြည့်ပြီး ဖုန်မင်ရဲ့ တကိုယ်လုံး ကြောက်လို့ တုန်လို့လာရခဲ့သည်။

ရုန်ဝမ်ကလည်း ဖုန်မင်ဘာတွေးနေသည်ကို သိသောကြောင့်  ပြုံးလိုက်ပါလေသည်။ ဖုန်မင်ကို အရင် အိမ်ရှေ့စံမင်းသားလို   မဆက်ဆံဖို့ သူဆုံးဖြတ်လိုက်သည်။ ဒါကြောင့် တွေ့ခါစက ဖုန်မင်နဲ့ပတ်သတ်သည့် စိုးရိမ်စရာအတွေးတွေ ရုန်ဝမ်ရဲ့ ရင်ထဲ မရှိတော့ပေ။ ဖုန်မင်အပေါ် သဘောကျသည့်စိတ်ကြောင့် ရုန်ဝမ်၏ စကားပြောပုံနဲ့ လေသံက အရင်နဲ့မတူပဲ နူးညံ့လို့နေသည်။

 "မကြောက်ပါနဲ့၊ ဒီနေ့ည  မင်းကို ဘာမှ အတင်းအကျပ်မလုပ်ပါဘူး"

သူပြောပြီးခေါင်းညိတ်ပြကာ ထွက်သွားတော့  ဖုန်မင်နှင့် နန်းဆောင်ထဲမှ အစေခံများအားလုံး  ရုန်ဝမ်ရဲ့စိတ်နေသဘောထား ပြောင်းလဲသွားတာကို နားမလည်တော့ပေ။ ပထမ မင်းသားလေး ထူးဆန်းနေပြီး အခု ရုန်ဝမ်လည်း ထူးဆန်းနေသည်။

 ရုန်ဝမ်လာသည်ကို သူ တားလို့မရမှန်း ဖုန်မင်သိသည်။ သူ့မှာ ထုတ်သုံးစရာ ဘာနည်းလမ်းမှကို မရှိတော့ဘူးပေ။ ဒီလူက ဒီရှီးလိန်ပြည်ကြီးရဲ့ ကိုယ်စားအုပ်ချုပ်သူ ဘုရင်ခံ မင်းကြီးမှ ဟုတ်ရဲ့လား။ ညနေ မှောင်စပျိုးချိန်   ရုန်ဝမ်ရောက်လာသည်။

"အခုမှ ညီလာခံပြီးလို့ ညစာတောင်မစားရသေးဘူး၊ မင်းနဲ့တူတူ ညစာစားချင်လို့ ဒီကို တန်းလာခဲ့တာ"

 ထိုစကားတို့ကိုပြောပြီး ရုန်ဝမ်ဟာ အစေခံများဘက်သို့လှည့်ကာ
ညစာပြင်ရန် အမိန့်ပေးလိုက်သည်။

လျှာနာနေတာကြောင့် ဖုန်မင်ဟာ အစာစားချင်စိတ်မရှိဖြစ်ပြီး   ဒေါသထွက်ပြီး ခေါင်းခါပြသည်။

သူ့ရင်ထဲက အတွေးတို့ကို မဖုံးကွယ်တတ်သည့် ဖုန်မင်ကို ကြည့်ရင်း
ရုန်ဝမ်သဘောကျလာသည်။ ဒီကောင်လေးက ဘယ်လိုလုပ် လုပ်ကြံသူဖြစ်နိုင်မှာလဲလေ။ သူက အိမ်ရှေ့မင်းသားနဲ့ ရုပ်တူလို့ ရွေးလိုက်တာများလား။

"ဘာလဲ၊ မင်းက ကိုယ်နဲ့ညစာ အတူ မစားချင်ဘူးလား"

 ဖုန်မင် သူ့ဘေးနားမှာ ရှိနေရုံနှင့် ရုန်ဝမ်၏ စိတ်တွေ ပျော်ရွှင်လာပြီး
 ညီလာခံမှာ ရင်ဆိုင်ခဲ့ရသည့် နိုင်ငံရေး ပြဿနာ များစွာ၏ ဖိအားတို့ ပျောက်ကွယ်သွားသလို ခံစားလိုက်ရသည်။   ရုန်ဝမ်က ထမင်းစားပွဲ ဆီသို့ ဖုန်မင်ကို အတင်းဆွဲခေါ်လာပြီး ဟင်းပွဲတစ်ခုချင်းအကြောင်း တက်ကြွစွာ ရှင်းပြနေသည်။
 
"ဒါက ဘဲသားနဲ့ ကြက်သွန်မြိတ် ကိုတောက်တောက်စင်းပြီး ဂျုံမှုန့်နဲ့ရောနယ်ပြီး ကျော်ထားတဲ့ဟင်းပဲ။ ဒီဘဲက ၂ လသားအရွယ်ပဲ ရှိသေးလို့ အသားတွေက နူးညံ့နေတယ်။ ပြီးတော့ ပဲငံပြာရည်အရသာက ဘဲသားထဲ စိမ့်ဝင်နေပြီး အရသာလည်း အရမ်းကောင်းတယ်။ "

ဖုန်မင်က လျှာနာထားလို့  စွပ်ပြုတ်ကလွဲလို့  ဘာမှစားမရသည်ကို
သိလျက်နှင့် ရုန်ဝမ်က ဘဲသားဟင်းလျာကို အသေးစိတ် သွားရည်ယိုချင်စရာကောင်းအောင် ရှင်းပြနေသည်။ သူ့ရှေ့မှာ ဆန်ပြုတ်ခွက်လေးကို ချပြီး မွှေးပျံ့သည့် ဘဲသားဟင်းကို ငေးကြည့်ကာ တံတွေးသာမြိုချနေရရှာသည်။ ဒီချစ်စရာကောင်းသည့် ကောင်လေးကို ကြည့်ပြီး ရုန်ဝမ်က ရုတ်တရက် အကျယ်ကြီး ထရယ်လိုက်တော့သည်။
မင်းသားအဆောင်မှ အစေခံများ အားလုံး ထာဝရ မျက်နှာထား တည်လှ သည့် ရုန်ဝမ်ရဲ့အားပါးတရရယ်သံကို ကြားတာကြောင့် ကြောင်သွားကြလေသည်။  ဖုန်မင်၏ စူးရဲစွာ စိုက်ကြည့်နေသည့် ဒေါသမျက်ဝန်းလေးအောက်တွင် ရုန်ဝမ်က အထူးတလည် လုပ်ယူစရာ မလိုပဲ ဟက်ဟက်ပက်ပက်ရယ်မောလိုက်မိတော့သည်။

ဒီကောင်လေးက ခက်ထန်ကြမ်းတမ်းသည့် သူ့နှလုံးအိမ်ကို နူးညံ့အောင် ပြုစားလို့နေသည်။ ဒါက သူတို့နှစ်ယောက်ကြားက ချစ်ခြင်းတစ်ခု အစပြုလို့လာခဲ့သည်ဟု ရုန်ဝမ် ယူဆသည်။

==========================






နဝမေကာင္းကင္ဘံုမွ ဇာမဏီ / နဝမကောင်းကင်ဘုံမှ ဇာမဏီ 凤于九天Where stories live. Discover now