Chapter (2) (zawgyi+Unicode)
2.2K 201 4
Chapter (2) (zawgyi+Unicode)
"မင်းရဲ့နာမည် ဘယ်လိုခေါ်လဲ"
Feng -ming မေးလိုက်မိပြီးမှာ သူ့အပြုမုကို ပြန်ရှင်းပြလိုက်သည်။
"ငါ သတိရလာပြီးတဲ့နောက်မှာ ခေါင်း နည်းနည်းမူးနေလို့ ဘာကိုမှ ကောင်းကောင်းသတိမရဘူး..."
မိန်းမပျိုက ပြုံးလိုက်သည်။
"အရှင်မင်းသား ဒီလိုဖြစ်မနေလည်း ကျွန်တော်မျိုးမရဲ့ နာမည်ကိုခေါ်မှာ မဟုတ်ပါဘူးရှင်။ ကျွန်တော်မျိုးမ နာမည်က
Chiu -lianပါ "
"မင်း ဘာကို ဆိုလိုတာလဲ။ တကယ်လို့ ငါနေမကောင်းမဖြစ်ရင်တောင်မှ ငါ နာမည်တချို့ကိုတော့ သိလောက်တယ် မဟုတ်ဘူးလား။"
မိန်းမပျိုက အခုနကထက် ချိုသာစွာပြုံးလိုက်ပြီး ပြန်ဖြေလိုက်သည်။
"အရှင်မင်းသားက ကျွန်တော်မျိုးမတို့လို အစေခံတွေကို စကားပြောခဲပါတယ်။ ကျွန်တော်မျိုးမ ဒီမှာ ခစားနေတာ နှစ်နှစ်ရှိပါပြီ။ အရှင်မင်း သား တယောက်ယောက်ရဲ့ နာမည်ကိုမေးတာ ဒါပထမဆုံးပါပဲ"
ဒါဆို Feng- ming က စိတ်သက်သာရသွားပြီး သက်ပြင်းချလိုက်သည်။ မဟုတ်ရင် နာမည်တွေ လိုက်မှတ်ရတာနဲ့ သူ မလွယ်လောက်ဘူး။
ဒါပေမဲ့ Feng-ming စာအုပ်ထဲမှာဖတ်ဖူး တာအရာ မင်းသားတစ်ပါးက ပျော်ရွှင်လွတ်လပ်စွာ နေထိုင်နေရတာတော့ မဟုတ်ပါဘူး။
မင်းသားတစ်ပါးရဲ့ လုပ်ဆောင်ချက်အားလုံးက တိုင်းပြည်ရဲ့ တာဝန်တွေကိုထမ်းဆောင်နိုင်ဖို့ တင်းကျပ်တဲ့ လေ့ကျင့်သင်ကြားပေးမှုအောက်မှာရှိတယ်လို့ ဖတ်ဖူးတယ်။
 နောက်ပြီး ကိုယ်ကျင့်တရားကောင်း မွန်ဖို့ စိတ်ဓာတ်ကောင်းဖို့ ဆိုတဲ့ကျင့်ဝတ်တွေကို  သင်ကြားရတာ တကယ်မလွယ်တဲ့ပုံပဲ။
"ငါက စကားအများကြီးပြောတာကို မကြိုက်ဘူးပေါ့။ ဟုတ်လား"
Feng- mingက နူးညံ့စွာ ပြုံးပြီး မေးလိုက်သည်။
"ကောင်းပြီ။ ငါ အပြင်းဖျားပြီးတဲ့နောက် စကား ကောင်းကောင်းမွန်မွန် ပြောတာဖြစ်တယ် ထင်တယ်။"
Chiu-lain သူ့သခင်ပြောတာကို  စိတ်ရှည်စွာ မှတ်သားပြီး သူမသခင် မမှတ်မိတာကို ပြောပြပေးနေသည်။
"အရှင်မင်းသား ဘယ်တုန်းကမှ မဖျားဖူးပါဘူး။ အရှင်မင်းသားမြစ်ထဲပြုတ်ကျလို့ ကယ်ဆယ်ခဲ့ရ တာပါ။ အဲဒီနောက်ပိုင်း နန်းတော်တခုလုံး လှံဖျားထိပ်မှာ ရပ်နေရသမျိုး ကြောက်ရွံ့ထိတ်လန့် နေရတယ်။ နန်းတော်သမားတော်တွေက အရှင်မင်းသားအသက်ကို ကယ်တင်ဖို့နောက်ကျသွားပြီလို့ ပြောကြတယ်။"
"မြစ်ထဲ ပြုတ်ကျတာလား"
Feng ming ကို့ရို့ကားယားနှင့် ရှက်ရွံစွာ ပြုံးလိုက်သည်။
"အာ.. ဟုတ်သားပဲ။ အဲတုန်းက ရာသီဥတုသာ ယာလို့ ငါ မြစ်ဘေးမှာ လမ်းလျှောက်ထွက်ဖို့ စဉ်းစားခဲ့တာလေ။ အဲဒီနောက်သတိမထားမိဘဲ မြစ်ထဲကို ချော်ကျသွားတာ။ မင်းတို့တွေ ငါ့ကို အချိန်မှီကယ်နိုင်လို့ တော်သေးတာပေါ့"
Chiu-lian က သူမရှေ့မှာရှိတဲ့ မင်းသားကို  စိတ်ရှုပ်ထွေးစွာ စူးစိုက်ကြည့်နေသည်။ အဲလိုကြည့် တာက Feng- ming ကို နေရ ခက်စေသည်။
"ဘာမှားနေလို့လဲ"
Feng- ming သူမကိုမေးလိုက်သည်။
"အရှင်မင်းသား ဒီနေ့ ထူးဆန်းနေလို့ပါ"
Chiu-lian တာဝန်ကျေပွန်စွာ ပြန်ဖြေလိုက် သည်။
ဒါက ဘာလို့ မထူးဆန်းဘဲနေရမှာလဲ။ ငါက မင်းသားရဲ့ခန္ဓာကိုယ်ထဲ ဝင်ချင်နေ တယ်လို့ ထင်လား။ ငါလည်း မင်းတို့ရဲ့မင်းသား မဖြစ်ချင်ပါဘူး။ မင်းတို့ရဲ့မင်းသားက ဘာကြောင့် ဒီလောက်စိတ်ပျက်စရာကောင်းအောင် အသက်တိုရတာလဲ။
အချိန်နေရာ ရွှေ့ပြောင်းဝင်ပေါက်ကဖြတ်လာပြီးတဲ့နောက်ပိုင်း  သူဘာမှမမှတ်မိပေမဲ့  ဒီခန္ဓာကိုယ်ထဲရောက် နေပြီဖြစ်လို့ သူ ဒီမင်းသားရဲ့ပုံစံနှင့် ကိုက်ညီအောင်နေဖို့ သူ့အမူကျင့်ပုံစံကို ပြောင်းလဲပစ်ရမည်ဖြစ်သည်။ ဒါပေမဲ့ သူနောက်ဆုံးသိလိုက်ရတာက သူ့အသက် ၁၉နှစ်မှာသေခဲ့တယ်။ သူ့ဝိညာဉ် ပျောက်ကွယ်မသွားအောင် ဒါကိုလုပ်ဖို့ ဆုံးဖြတ်ချက် ချခဲ့တာပဲ။ Feng -ming သူ့ရွေးချယ်မှုအတွက် အားတင်းရင်း စိတ်ထဲမှ တီးတိုးရေရွတ်လိုက်သည်။
"Chiu-lian ငါ ရေငတ်တယ်။ တခုခုသောက်ချင်တယ်"
Feng-ming အိပ်ယာကဖြည်းညှင်းစွာထလိုက်ပေမယ့်  သူ့ရဲ့အရိုးတွေနှင့်ကြွက်သားတွေရဲ့ နာကျင်မှုက ခေါင်းထဲထိရိုက်ခတ် သွားသည်။
အစေခံမိန်းမပျိုက သူပြောတာကိုလုပ်ပေး ဖို့ နန်းဆောင်ထဲက ထွက်သွားသည်။
အခုတော့ Xi-re တိုင်းပြည်ရဲ့အိမ်ရှေ့စံနေရာ မှာ Feng-ming နေရတော့မည်ဖြစ်သည်။ သူ တခါမှ မကြားဘူးတဲ့ နေရာတခု။ ဘယ်မင်းဆက် ကို ရောက်နေလဲဆိုတောင် သူမသိပါဘူး။
Feng-ming ဘယ်လိုရေကရားနှင့်ရေခွက်တွေက ဘယ်ခေတ်မှာ အသုံးပြုကြတယ်ဆိုတာ မသိဘူး။ ရေခွက်တွေ ပစ္စည်းတွေ ကိုင်တွယ်သုံးစွဲပုံမှားယွင်း ရင် သူရဲ့အပြုအမူတွေအတွက် နေ့တိုင်းထိတ်လန့်နေရမည်ဖြစ်သည်။ ဒီဟာတွေကို ဘယ်လိုသုံးရမယ်ဆိုတာ မသိရင် သူက အယောင်ဆောင်ဆိုတာ ရိပ်မိသွားနိုင်သည်။ ဒါမှမဟုတ် မြစ်ထဲပြုတ်ကျရင်း သူတို့မင်းသားရူးသွားတယ်လို့ သူတို့ ထင်သွားနိုင်သည်။
ခဏအကြာတော့ အစေခံမိန်းမပျို အခန်းထဲကို ဖြည်းညှင်းစွာ ဝင်ရောက်လာသည်။ သူမရဲ့လက် ထဲမှာ ငွေခွက်တခုနှင့် လက်ကိုင်မပါ တဲ့ ကရားရှည်တခုကို ကိုင်ဆောင်လာသည်။ Cuiu-lian အရည်အချို့ကို တဖိတ်ဖိတ်လက် နေတဲ့ ခွက်လေးထဲလောင်းထည့်ပြီး အိပ်ယာ ဘေးကို လျှောက်လာရင်း Feng-ming ကို ရိုသေစွာ ပေးလိုက်သည်။
ခွက်ရောက်လာသည်နှင့် Feng-ming လေ့လာ ဖို့ အခွင့်အရေးရလေသည်။ သူမျှော်လင့်ထား သည်နှင့်အနည်းငယ်တူတာမို့  သက်သာရ ရသွားသည်။ပတ်ဝန်းကျင် အခြေအနေအရဆိုရင် ဒါက Tang မင်းဆက် ဖြစ်နိုင်သည်ဟု သူယူဆလိုက်သည်။
ခြောက်သွေ့နေတဲ့ သူ့လည်ချာင်းဆီတွေကြောင့် သူက  ခွက်ကိုကိုင်ပြီး အက်ကွဲနေတဲ့နှုတ်ခမ်းတွေပေါ် ကနေ ပါးစပ်အပြည့် အကုန်လုံးကို အငမ်းမရ မော့သောက်လိုက်သည်။ စိတ်ညစ်လို့ အရသာပင် မခံနိုင်ဘဲအရည်တွေကို သောက်ပြီးတဲ့နောက်မှာတော့ သူမျှော်လင့် မထားတဲ့ ခါးသက်မှုနှင့်ပူလောင်မှုကိုခံစားလိုက်ရ သည်။ သူ အငမ်းမရမျိုချလိုက်တဲ့အရည်တွေက သူ့ အစာအိမ်ထဲကနေ ပြန်အန်ထွက်လာတော့မလို ထင်ရသည်။ သူ့နှာခေါင်းပေါက်တွေထဲကနေ  ထူးဆန်းတဲ့အငွေ့တွေ ထွက်လာပြီး Feng-ming သူ့ရင်ဘတ်တွေကို လက်နှင့် ချက်ချင်းဆုပ်ကိုင် လိုက်သည်။ သူ့ရဲ့မျက်လုံးတွေ ပူလောင်လာပြီး မျက်ရည်တွေ တန်းထွက်လာသည်။
သူ တံထွေးတွေ မျက်ရည်တွေကိုသုတ်လိုက်ပြီး လည်ချောင်းထဲ ရှင်းလင်းသွားပြီးတော့မှ မျက်နှာတခုလုံး ပျက်ယွင်းသွားသည်။
ဒါက ဘာကြီးတုန်း။ ဒါက Xi-re တိုင်းပြည်ရဲ့သောက်ရေလို့တော့ ငါ့ကို မပြောပါနဲ။
မင်းသားရဲ့ရင်ဘတ်ကအပြင်းအထန်ချောင်းဆိုး လိုက်လို့ နှိမ့်ချည်မြင့်ချည်ဖြစ်နေသည်။ သူ အနည်းငယ် အဆင်ပြေသွားသည်နှင့် Chiu-lian ကို ဒေါသတကြီးကြည့်လိုက်သည်။ Chiu-lian ကတော့ သူ့ကို ဘာမှမဖြစ်သလိုဘဲ ကြည့်နေသည်။
သူ အယောင်ဆောင်ထားတဲ့သူဖြစ်ပေမယ့် အခြွေရံက သူ့ကို ဒီလို မလုပ်သင့်ဘူးမဟုတ်လား။ ဒီမိန်းမပျိုက မင်းသားကို ကစားရဲတယ်ပေါ့။
သူချောင်းဆိုးတာ သက်သာသွားတာနှင့် ဒီအရည်အကြောင်းကို မေးလိုက်သည်။
"ဒီဟာတွေက ဘာအရည်တွေလဲ"
Chiu-lian က Feng-ming ရဲ့မေးခွန်းကြောင့် အလွန်အံ့အားသင့်သွားကာ အမိန့်ကိုနာခံစွာနှင့်  အမြန်ပြန်ဖြေလိုက်သည်။
"ဒါက ဝိုင်အရက်တွေပါ...."
"ဝိုင်တွေ လား"
Feng-mingက သူမလက်ထဲ ကိုင်ထားတဲ့ကရား ကိုကြည့်ကာ အံ့အားသင်စွာပြောလိုက်သည်။ သူရဲ့ ပြီးခဲ့တဲ့ဘဝက အသက်၁၉နှစ်ဖြစ်ပေမယ့်  ဒါက အရက်သောက်ရမဲ့ အရွယ်မဟုတ်သေးဘူးလေ။ Feng-ming က သူမရဲ့ပေါ့ဆမှုအတွက် ခွင့်လွှတ်ရ မလား ဒါမှမဟုတ်အပြစ်ပေးရမလားစဉ်းစားရင်း ခေါင်းကို ခါလိုက်သည်။
"ငါ ရေဆာလို့ သောက်စရာ ယူခိုင်းတာလေ ။
မင်းမှာ ဦးနှောက်မရှိဘူးလား။ မင်း ဘာလုပ်ဖို့ ကြိုးစားတာလဲ။"
သူ က အခြွေရံကု ကြိမ်းမောင်းလိုက်သည်။
သူမသခင်ရဲ့ ဒေါသသံကို ကြားသည်နှင့် သနားစရာမိန်းမပျိုဟာ ချက်ချင်း ဒူးထောက်ထိုင်ပြီး ကိုယ်ကိုကိုင်းညွတ်ချ လိုက်သည်။ သူမရဲ့သခင်က သူ့ကိုဒေါသထွက်နေပြီ။ သူမရဲ့ခေါင်းပေါ်ကို  ဝိုင်တွေနဲ့ လောင်းချမယ့်အစား သူမကို ဒေါသထွက်စွာကြည့်နေသည့် မင်းသားကို ကြည့်ပြီး သူမ အရမ်းကြောက်လာခဲ့သည်။  သူမ အမှား မလုပ်ဘဲနဲ့ မင်းသားက သူမကို သင်္ကာ မကင်း ဖြစ်နေသည်။
"ဒါပေမဲ့ အရှင်မင်းသားက ဘယ်တုန်းကမှ ရေမသောက်ဘူးလေ။ အရှင်မင်းသားက တော်ဝင် နန်းတော်က အကောင်းဆုံးဝိုင်တွေကိုပဲ သောက်တာပါ"
"ဟမ်...."
Feng-ming မျက်တောင်ခတ်ကာ ပြောဖို့ စကားလုံးတွေတောင် ပျောက်ဆုံးသွားသည်။
ငါက ရေမသောက်ပဲ ဝိုင်ပဲသောက်တယ်ပေါ့။ ဒီမင်းသားက တော်တော်သောက်တဲ့ အရက်သမားတစ်ယောက်ပဲ။ ဒါကြောင့်လည်း မြစ်ထဲပြုတ်ကျတာဖြစ်မှာ။ အရက်သမားယစ်ထုပ်ကြီးပဲ....
Feng-ming ညင်သာစွာ ချောင်းတချက်ဟန့်လိုက်ပြီး ပြောလိုက်သည်။
"အင်း....... ဆရာဝန်က...မဟုတ်ဘူး..ငါပြောတာ  သမားတော်က ဝိုင်အရက်သောက်တာက ကျန်းမာရေးထိခိုက်စေတယ်လို့ ငါကိုအကြံပေး ထားတယ်။ အဲဒါကြောင့် ရှေ့လျှောက် ငါအရက် သောက်မှာ မဟုတ်တော့ဘူး။"
Chiu-lian ရှေ့မှာ သူ့ရဲ့ကို့ယို့ကားယား အမူယာကို မပြချင်လို့  Feng -ming နောက်ကိုလှည့်ကာ ကိုယ်နေဟန် ထားပြင်သလို နဲ့ ပြောလိုက်သည်။
"အခုကစပြီး ငါသောက်ဖို့တောင်းဆိုတိုင်း ရေပဲပေးပါ"
သူ အသေအချာ အမိန့်ထုတ်လိုက်သည်။
"ဝိုင်အရက် မသောက်တော့ဘူးလား အရှင်မင်းသား "
Chiu-lian သူမ ကြားတဲ့စကားကိုအတည်ပြုဖို့ အကြိမ်ကြိမ် အခါခါမေးနေမိသည်။ သူမ နှုတ်ခမ်းတွေတုန်ယင်နေကာ အခုစကားပြောရတာက မကောင်းဆိုးဝါးတစ်ကောင်လို ထင်နေပုံရသည်။ 
"နားလည်ပါပြီ...အရှင်မင်းသား"
Feng-mingက  Chiu-lian ယူလာတဲ့ အရသာရှိတဲ့ရေကို တဝသောက် လိုက်ပြီး သူ့ပါးစပ်ထဲက မကောင်းတဲ့ဝိုင် အရသာပျောက်အောင် ပလုတ်ကျင်း လိုက်ပြီး  အစေခံယူလာတဲ့ ငွေထွေးခံထဲကို ထွေးထုတ် လိုက်သည်။ ဒီအချိန်မှာ တခုခုစားရမှာဖြစ်ပေမဲ့ သူ့ စိတ်ထဲမှာ အိပ်ချင်စိတ်ကသာ ကြီးစိုးနေသည်။ ဒါက သူသောက်လိုက်တဲ့ သေရည်တွေကြောင့် ဖြစ်လိမ့်မည်။ သူ တချက်သမ်းဝေလိုက်ပြီး
အနားယူဖို့ အိပ်ယာပေါ်မှာခြေပစ်လက်ပစ်လှဲချ လိုက်သည်။
မင်းသားရဲ့အိပ်ယာဘေးမှာ Chiu-lian မတ်တပ်ရပ်နေကာ အားနည်းနေတဲ့ မင်းသားကို အသံတိုးတိုးလေးနှင့်နူးညံ့ညင်သာစွာ ပြောလိုက်သည်။
"အရှင်မင်းသား အစားစားသင့်ပါတယ်"
တဖြည်းဖြည်းအိပ်ပျော်စပြုနေပြီဖြစ်တဲ့ Feng-ming ကတော့ သူမပြောတာကို တုံ့ပြန်နိုင်ခြင်း မရှိတော့ပါ။ ကိုက်ခဲနေတဲ့ Feng-ming ရဲ့ ခန္ဓာကိုယ်ဟာ အိပ်ရာထဲမှာသက်တောင့်သက် ရှိနေပြီး ဘာမှပြန်မဖြေနိုင်တော့ပဲ နှစ်ခြိုက်စွာအိပ်ပျော်သွားလေသည်။
,,,,,,,,,,,,,, ,,,,,,,,,,,,,,, ,,,,,,,,,,,,,, ,,,,,,,,,,,,,,,
သူ နိုးလာတဲ့အချိန်မှာတော့ အပြင်ဘက်က ကောင်းကင်တပြင်လုံး မှောင်မည်းနေပြီ။ Feng-ming က ပတ်ဝန်းကျင်အသစ် ကို အကဲခတ်ပြီး အချိန်တွက်ကြည့်တော့သူအိပ်ပျော် သွားတာ အနည်းဆုံး သုံးနာရီ၊လေးနာရီလောက်ကြာသွားပုံပေါ်သည်။ အိပ်ရာနိုးပြီး မထသေးပဲ အိပ်ယာထဲမှာ မိန်းနေတတ်တာက သူ့အကျင့်ဖြစ်ပြီး အဲ့ဒီ အတွက် သူ့အခန်းဖော်က မကြာခဏ သူ့ကို နားညီးအောင် ဆူပူလေ့ရှိသည်။
နတ်ဘုရားတွေဖန်တီးလိုက်တဲ့ သူ့ရဲ့အခြေအနေသစ်ကိုစဉ်းစားမိတော့ အနည်းဆုံး သူ့အတွက်ကောင်းတဲ့အရာ တွေဖြစ်လာနိင်တယ်မလား။ သူ့ရထားတဲ့ အိမ်ရှေ့စံမင်းသားဆိုတဲ့နာမည်နှင့် အကျိုး ခံစားခွင့်ကို အသေအချာ အသုံးချရမည် ဖြစ်သည်။ သူတွေးနေစဉ်မှာပဲ သူ့ကိုလှောင်ပြောင်လိုက်သည့် သူ မရင်းနှီးတဲ့ အသံတစ်ခုကို ကြားလိုက်ရသည်။
"ကောင်းပြီ။ မင်း သေသွားတော့ ငါက လုပ်ကြံတယ်လို့ လူတိုင်းက ပြောကြတယ်။  ဘယ်လောက်တောင် ယုတ္တိမရှိတဲ့ နည်းလမ်းလဲ။ "
ပြောလိုက်သည့် အသံက တော်တော့်ကို ခါးခါးသီးသီးဖြစ်နေသည်။  Feng-ming သတိပြုမိချိန်မှာတော့ သူ့ကို ရည်ရွယ်ပြီးပြောနေ တဲ့ပြင်းထန်တဲ့စကားလုံး တွေနှင့် ရန်လိုမှုကို ခံစားနေရသည်။ Feng-ming ဒီနေရာသစ်မှာ သူတစ်ယောက် တည်းဖြစ်နေပြီး အခုလိုမျိုး သူ့ကို ပမာမခန့်ဝေဖန်တိုက်ခိုက်တဲ့ ကိစ္စမျိုးတွေနဲ့ပတ်သက်လာရင် သူ့ရဲ့ ချို့ယွင်းချက်တွေကို သေချာဖုံးရမယ်ဆိုတာ သူ နားလည်သည်။ ဒါကြောင့် ထပြီးနားထောင်မဲ့အစား ဆက်ပြီး အိပ်ချင်ယောင်ဆောင် လိုက်သည်။ သူ့ကိုရန်လိုနေတဲ့အသံပိုင်ရှင်က သူ့ရဲ့အိပ်ယာ နဲ့ သိပ်မဝေးတဲ့နေရာမှာရှိနေပြီး ထိုလူက မင်းသားကိုရိုသေလေးစားမှုမရှိဘဲ ရွံရှာဖွယ်အပြည့်နှင့် ပြောနေသည်။
" နောက်တခါ အဲလိုလုပ်ရင် သူကြိုက်တဲ့ သေရည်တွေပေးပြီး ရှင်းထားလိုက်။ တော်ဝင် နန်းတော်ထဲမှာ အုတ်အော်သောင်းနင်းအရုပ်ဆိုးစေတဲ့ကိစ္စမျိုးမဖြစ်အောင် ငါတို့ ဂရုစိုက်ရ မယ်"
Chiu-lian တီးတိုးလေးအရိပ်အမြွတ် ပြောကြားလိုက်သည်။
"အရှင်မင်းသား မနိုးသေးပါဘူး ..အရှင် Tong"
Chiu-lian ပြောတာကိုကြားရပြီးတော့ Feng-ming ပြန်စဉ်းစားလိုက်သည်။
သူ ဒီပုံပြင်ထဲမှာဆို အဓိကဇာတ်ဆောင်နေရာကနေရပြီး တိုင်းပြည်ရဲ့ အိမ်ရှေ့စံမင်းသားနေရာက နေ ရတာလေ။ သူ့ကို မင်းသားတစ်ယောက် အနေနဲ့ လေးလေးစားစားဆက်ဆံသင့်သည်။ ဒီလိုရိုင်းစိုင်းတဲ့ အပြုအမူမျိုးနဲ့ အရှင်Tong ဆိုတဲ့ကောင်က ဘာလဲ။ သူ့ရဲ့အခန်းထဲ မှာတောင် အိမ်ရှေ့စံကို သဘော မကျပုံနှင့် ရဲတင်းစော်ကားလွန်းလှ သည်။ မင်းသားကိုကြောက်လန့်ခြင်းမရှိဘဲ သူပြောချင်တာ ကို အိမ်ရှေ့စံမင်းသား ကြားအောင် တမင်အသံကို မြှင့်ပြောနေသည်။
နန်းတွင်းအစေခံတွေက Feng ming ကိုတော့ ချစ်ခင်လေးစားပုံ ရပြီး  သူ့ကို မကျေနပ်တဲ့ အမူအရာမျိုးကိုလည်းမတွေ့ရပေ။ ဒါပေမဲ့ သူ့ အတွက် ဘယ်အခြွေရံမှ  ဘာမှဝင်ရောက်ပြောဆိုပေးခြင်း မရှိကြပေ။ ဘာကိုမှ ဂရုမစိုက်ပဲ အရှင်Tong Yi ဟာ ခြေလှမ်းကျဲကြီးတွေနှင့် လျှောက်လာပြီး အစေခံတွေကို နောက်ဆုံးအကြိမ် အမိန့်ပေးလိုက်သည်။
"ငါ သွားတော့မယ်။ သူ့ကို သေသေချာချာ အနီးကပ်စောင့်ကြည့်ထား။ ဘာအမှားမှ ထပ်မလုပ်စေနဲ့။"
အရှင်Tong အိပ်ရာဘေးက ခွာသွားသည်နှင့် သူ့ခြေလှမ်းတွေကို ရပ်တန့်စေရန် အေးစက်စက် အမိန့် ပေးလိုက်သည့် အာဏာသံတခုထွက် ပေါ်လာသည်။
" ရပ်လိုက်စမ်း"
Feng-ming သူ အိပ်ယာထက်မှ ထကာ အမိန့်ပေး လိုက်သည်။
ရုတ်တရက် ပြောင်းလဲသွားသည့် အခြေအနေကြောင့် အခန်းထဲမှာရှိ တဲ့လူအားလုံး လန့်ဖြန့်ကုန်ကြသည်။ အရှင်မင်းသားရဲ့ အသံမှာ စိုးမိုးခြယ်လှယ်တဲ့ အရိပ်အယောင်တွေပါဝင်နေပြီး ဒါဟာခါတိုင်း မင်းသားရဲ့ပုံစံမဟုတ်ပေ။ အချိန်အတော်ကြာ နှိမ့်ချနာခံတတ်တဲ့ အရှင်မင်းသားရဲ့အသံဟာ ဒီနေ့မှာတော့ လုံးဝအလျော့မပေးဘဲ ရှိနေသည်။
အရှင် Tong Yi က အံ့အားသင့်သွားပုံရသည်။ အရှင်Tongက သူ့ကို  မထီမဲ့မြင်နဲ့ မှတ်ချက်ပေးလိုက်သည်။
"အား..ငရဲပြည်က ပြန်လာပြီး သတ္တိတွေ ကောင်းလာပုံရတယ်"
အရှင် Tong မျက်ခုံးတစ်ဖက်ပင့်တင်လိုက်ပြီး Feng-ming နှင့် မျက်နှာချင်းဆိုင်ဖို့  သူ့ဘက်က မှန်တယ်လို့ ယူဆပြီး ပြန်လှည့်လာသည်။
သူက  Feng-ming ရှေ့ကိုရောက်လာပြီး သူ့ရဲ့ပြိုင်ဘက် Feng-ming ကို ပြန်ချေပဖို့ အခွင့်အရေးပေးလိုက်သည်။ ရိုင်းစိုင်းပြီး ရွံရှာဖွယ်ကောင်းတဲ့ အသံပိုင်ရှင်ဟာ အသက်ငယ်ငယ် လူငယ်တစ်ယောက်ဖြစ်ကာ အသက်၁၈နှစ်၊  ၁၉နစ် ဝန်းကျင်လောက်ပဲ ရှိမည်ဟု ခန့်မှန်းလိုက်သည်။ နီရဲသော နှုတ်ခမ်းတွေက ပုံကျလှပနေပြီး တကိုယ်လုံးကိုခြုံကြည့်လိုက် ရင်တော့ တကယ်ချောမောလှပလေသည်။ ဒါပေမယ့် သူ့ရဲ့ ရိုင်းစိုင်းတဲ့ အမူအရာတွေနှင့် အပြောအဆိုတွေက Feng-ming ကို စိတ်အနှောက်အယှက်ဖြစ်စေသည်။
''ဒီနေရာမှာ သတ္တိကောင်းနေတာ မင်းလား''
Feng-ming မာန်ပါပါနှင့်ပြောလိုက်သည်။ လဲနေရာမှထလိုက်ပြီး လက်နှစ်ဖက်နှင့် အချက်ပြလိုက်သည်။
''Chiu-lian သူ့ကိုပြောလိုက်စမ်း။ မင်းသားတစ်ပါးကို မထီလေးစားပြုမူတာ ဘယ်လိုအပြစ်လဲဆိုတာ''
Feng-ming အမိန့်ပေးလိုက်ပြီး အစေခံမိန်းမပျိုကို မျက်လုံးနှင့်ကြည့်ကာ အချက်ပေးလိုက်သည်။ အမှန်တော့ Feng-mingလည်း ဘယ်လိုအပြစ် ဒဏ်ပေးရမယ်ဆိုတာ မသိပါဘူး။ အထူးသဖြင့် အခု သူရောက်နေတဲ့ မင်းဆက်ရဲ့ ပတ်သက်လို့ သူ့မှာ ဘာမှသိထားတာ မရှိဘူး။
Feng-mingရဲ့အသံမှာ စိုးရိမ်ပူပန်မှုတွေပါသွား ပေမဲ့ သူ့စွန့်စားမှုရဲ့ ရလဒ်ကတော့ ကောင်းတဲ့ ကိစ္စဖြစ်မလာနိုင်ဘူးလို့တွေးမိပေမယ့်  Chiu-lian သူခိုင်းတာကိုပြန်ပြောစေချင်သည်။ ဒါမှ တခုခု ကောင်းတာ လုပ်နိုင်လိမ့်မည်။
ပုံမှန်မဟုတ်တဲ့ အိမ်ရှေ့စံမင်းသားရဲ့အပြုအမူ ကြောင့် Chiu-lian ဒုက္ခရောက်နေရသည်။ သူမရဲ့မင်းသား စိတ်များပြောင်းမလားလို့ ခဏစောင့်နေပေမဲ့ မင်းသားဆီက ဘာသံမှ ထွက်ပေါ်လာခြင်း မရှိပေ။
မင်းသားရဲ့စိတ်က ဒီနေ့ထူးခြားနေပြီး တိုက်ခိုက်ရန်လိုစိတ်တွေ ပြည့်နှက်နေသလိုပဲ။  သူ့ရဲ့ မျက်လုံးတွေက သူမ ကို ပြောလိုက်ဖို့  အချက်ပေး နေသည်။ အဲဒါကြောင့် Chiu-lian သူမအရှင်ရဲ့ ဆန္ဒကို  ဖြည့်ဆည်းဖို့ ဆုံးဖြတ်လိုက်သည်။
Chiu-lian က  အမူအရာပျက်ယွင်းနေတဲ့ အရှင် Rong Tian ဘက်ကို လှည့်လိုက်သည်။ မင်းသားနှစ်ယောက်လုံးက တော်ဝင်မျိုးနွယ်များ ဖြစ်ပြီး Chiu-lian ကတော့ အစေခံ တစ်ယောက်သာဖြစ်လို့ အမိန့်ကို သူမ မနာခံလို့ မရပေ။ သူမ ကျဉ်းကြပ်တွေ့ကာ နှလုံးသားထဲက စိတ်အားငယ်ပြီး ငိုကြွေးနေမိသည်။ အချိန်အတော် ကြာအောင် တုံ့ဆိုင်းနေပြီး နောက် သူမတကိုယ်လုံးချွေးတွေနှင့် အေးစက်နေပေမယ့် သတိထားပြီး ပြောလိုက်သည်။
" တိုင်းပြည်ရဲ့ဥပဒေအရ အိမ်ရှေ့မင်းသားကို မလေးမစားပြုမူရင် အဲဒီအတွက် ကြိုးပေးသတ်ခြင်း ခံရပါတယ် "
လွယ်လွယ်ပြောရင် ဒါက သေဒဏ်ပါပဲ။ ဒါက တော်ဝင်မျိုးနွယ်တွေ အတွက် တိုင်းပြည်ရဲ့ အမြင့်ဆုံးတန်ဖိုးထားခြင်း ဖြစ်လိမ့်မည်။ အဖြေကိုကြားပြီးတဲ့အခါမှာတော့ Feng ming သူ့မှာ အာဏာရှိ ကြောင်းသိလိုက်ပြီး စိတ်အေးသွားတော့သည်။ Feng ming ဟန်မဆောင်နိုင်ဘဲ ပြုံးကာ မေးလိုက်သည်။
"ကောင်းပြီ။ ဒါဆို အခုတစ်ခေါက်တော့  ဒီမှာရှိနေတဲ့လူကို ကြိုးစင် မတင်သင့်ဘူးမလား"
အရှင်Tong မှာ မင်းသားကိုစော်ကားမော်ကား ဆက်ဆံတာနဲ့ ပတ်သတ်ပြီး နာမည်ဆိုးနဲ့ကျော်ကြားသည်။ သူရဲ့အပြုအမူဆိုးတွေအတွက် ဘာကိုမှကြောက်လန့်ခြင်း မရှိ။ အကြောင်းကတော့ အရှင်မင်းသားဟာ သူ့ကိုအနိုင်ကျင့်စော်ကားခြင်းနှင့်ပတ်သက်လို့ ဘာမှမတုံ့ပြန် သလို ထိပ်တိုင်ရင်ဆိုင်ဖို့ အမြဲလိုလိုရှောင်ရှားလေ့ရှိသည်။ ဒီနေ့ အခြေအနေကတော့ အရှင်Tong ကို အနည်းငယ် စိတ်ပူပန်သွား စေသည်။
လူဖျင်းလူညံ့တစ်ယောက်က သူ့ကိုရှုတ်ချဖို့ ဘယ်လိုတောင် သတ္တိကောင်းနေရတာလဲ။ သူ့ရဲ့ အမှားတွေကိုလည်း တာဝန်ယူခိုင်းနေ သည်။
အရှင် Tongဟာ အသုံးမကျတဲ့အရှင်မင်းသား ရဲ့ ဒေါသတွေကနေ ချမ်းသာခွင့် ရရှိခဲ့သည်။ မကြာခဏဆိုသလိုပဲ သူ့ရဲ့ဖိနှိပ် မှုတွေနဲ့ အိမ်ရှေ့မင်းသားကို ဖိအားပေးခဲ့ ဖူးသည်။ အပြစ်ဒဏ်က ကင်းလွတ်ခဲ့တယ်ဆိုရင်ပဲ သူ့ကိုစူးစိုက်ကြည့်နေတဲ့ အိမ်ရှေ့မင်းသားရဲ့ ရဲရဲတောက်မျက်ဝန်းတွေကို ရင်ဆိုင်မိလိုက်သည်။
တကယ်တမ်းပြောရရင် ပြောင်းလဲသွားတဲ့စကားလုံး တွေရဲ့နောက်ကွယ်က အမှန်တရားက အိမ်ရှေ့မင်းသားက တော်ဝင်မိသားစု အတွက် နယ်နယ်ရရမဟုတ်သလို တိုင်းပြည်ရဲ့ ဂုဏ်ဆောင်အိမ်ရှေ့မင်းသားကို စော်ကားတာက တကယ့်ကို အပြစ်ကြီးမားလှခြင်းဖြစ်သည်။ တကယ်လို့ အိမ်ရှေ့မင်းသားက သူ့ကိုပြစ်တင်ပြီး အစေခံတွေကို အပြင်ဆွဲပြီး သူ့ခေါင်းကို ဖြတ်ခိုင်းရင်တောင် ဘယ်သူမှ သူ့အသက်ကို ဝင်ကယ်နိုင်မှာ မဟုတ်ပေ။
ဖြတ်သန်းလာတဲ့နှစ်တွေမှာ အရှင် Tong ဟာ ဒီလိုအဆင့်အတန်းခွဲခြားဆက်ဆံရမှုမျိုးကို ဘယ်တုန်းကမှ မခံရဖူးပေ။ အိမ်ရှေ့မင်းသားကို ခြိမ်းခြောက်မိလို့ အရှင် Tong yi ဟာ ရုတ်တရက် တုန်လှုပ်သွား သည်။ သူ့ရဲ့မာနကိုခဏချိုးနှိမ်ကာ အာဏာရှိတဲ့ အိမ်ရှေ့မင်းသား ကိုတောင်းပန်စွာကြည့်ရင်း အသနားခံ လိုက်သည်။
''ကျွန်ပ် အရှင့်ကိုစိတ်အနှောက်ယှက်ဖြစ်စေ မိပါတယ်။ ကြီးမြတ်လှတဲ့အိမ်ရှေ့မင်းသားက ကျွန်ပ်ရဲ့အပြုအမူတွေအတွက် ခွင့်လွှတ်ပေးပါ"
စာနာထောက်ထားဖွယ်စကားလုံးတွေပါဝင်နေ တဲ့ စကားဆုံးသွားတယ် ဆိုပဲ အဆောင်ထဲမှာရှိတဲ့ အစေခံတွေအားလုံးရဲ့ မျက်နှာက မူးမေ့ မတတ်ပုံစံဖြစ်သွားကြသည်။
လောကကြီးမှာ ဘာတွေဖြစ်ကုန်တာလဲ။ အိမ်ရှေ့မင်းသားက ဒီပြဇာတ်မှာ အဓိကသရုပ် ဆောင်တစ်ယောက်လား။
Feng ming ဟာ ဒီလိုရလဒ်ဖြစ်လာလိမ့်မယ်လို့ မျှော်မှန်းမထားခဲ့သလို ဘယ်လိုတုံ့ပြန်ရမလဲဆို မသိဖြစ်နေသည်။ ဒါပေမဲ့ သိပ်အများကြီး တွေးမနေဘဲ သူ့ရဲ့စကားလုံးတွေပေါ်မူတည်ပြီး အမိန့်ပေး သည်။ သေမိန့်ပေးရမယ့်အစား သူ့ခေါင်းကိုဖြေးညှင်းစွာ ညိမ့်လိုက်ပြီး ခွင့်လွှတ်လိုက်သည်။
"ဒါဆို ကောင်းပြီ။ ငါ ဒီနေ့တော့ မင်းကိုခွင့်လွှတ် ပေးမယ်"
သူက တည်ငြိမ်စွာ ပြောလိုက်သည်။
အရှင် Tong yi က သူ့အောက်နှုတ်ခမ်းကို ကိုက်ကာ မထီမဲ့မြင်ပြု လိုက်ရင်း ဒေါသတွေကို မျိုသိပ်ထားလေသည်။ လွတ်ငြိမ်းချမ်းသာခွင့် ကိုကြားပြီးတာနဲ့ အရှင် Tong yiဟာသူ့ရဲ့ခေါင်းကိုမော့ကာ Feng ming ကို စိန်းစိန်းဝါးဝါးကြည့်လိုက်သည်။
အိမ်ရှေ့မင်းသားလို လူဖျင်းလူညံ့တစ်ယောက် ဆီမှာ အညံ့ခံရမယ့် တစ်နေ့ ရှိလာလိမ့်မယ်လို့ ဘယ်သူတွေးမိမှာလဲ။ အရှင်Tong yi ဟာ လူတွေ သူ့ကိုလှောင်ပြောင်နေကြတဲ့အသံတွေ ကိုကြားနေရတယ်လို့ သူ့စိတ်ထဲမှာခံစားနေရ သည်။ ရင်နာစရာဖြစ်ရပ်ကြောင့် သူ့ရဲ့သိက္ခာ တွေရော အာဏာတွေပါ ကျဆင်းကုန်သည်။ ဘာကိုမှ အလေးမထားဘဲ အရှင်Tong yi က အိမ်ရှေ့မင်းသားရဲ့ နန်းဆောင်ထဲကနေ ဒေါသတကြီးထွက်ခွာသွားသည်။
ဒေါသထွက်နေတဲ့ အရှင်Tong yi ထွက်သွားတာ နဲ့  Feng ming က  အစေခံမိန်းမပျိုကို လက်ဟန်ပြလိုက်သည်။
"ငါ အ ဗိုက်ဆာတယ်။ အခုထိ ဘာမှမစားရ သေးဘူး။ ငါ့စားဖို့ တစ်ခုခု လုပ်ပေးနိုင်မလား"
Feng ming ဖျော့တော့စွာပြောလိုက်သည်။
သူမသခင်ဆီကိုပြန်မလှည့်ခင် Chiu lianရဲ့ မျက်ဝန်းတွေဟာ တံခါးဝကို အထိတ်တလန့် ကြည့်လိုက်သည်။ အဲဒီနောက် စိတ်လှုပ်ရှားတဲ့အသံဖြင့် လျင်မြန်စွာပြောလိုက်သည်။
"အရှင်မင်းသား အရှင်Tong yi ကို တကယ်ဒေါသထွက်နေတာပဲ"
''ဘာဖြစ်လို့လဲ ၊အိမ်ရှေ့မင်းသားကို မထီမဲ့မြင်ပြု တာကို ငါက ဘာမှလုပ်လို့မရဘူးလား။ သူ့ရဲ့ အပြုအမူတွေကို ဒေါသတောင် ထွက်လို့မရ ဘူးလား။ လုပ်ပိုင်ခွင့်အရကြည့်ရင်လည်း ငါ ဒေါသထွက်သင့်တယ် မဟုတ်လား"
"ဒါပေမဲ့....."
Chiu lian ဟာသူမကိုယ်တိုင် အိမ်ရှေ့မင်းသားရဲ့ ဖိနှိပ်ခံဘဝကို မျက်မြင်တွေ့ခဲ့ဖူးသည်။ ဒါပေမဲ့ ဒီနေ့မှာ အိမ်ရှေ့မင်းသားဟာ စိတ်အားထက်သန် နေပေမဲ့ မနက်ဖြန်မှာ ဘာဖြစ်လာမယ်ဆိုတာ ဘယ်သူ သိမှာလဲ။ ဒီနေ့မဆင်မခြင်လုပ်လိုက်တဲ့ ကိစ္စရဲ့တန်ရာတန်ကြေးကို သူမရဲ့အိမ်ရှေ့မင်းသားက ဘယ်လောက်တောင် ပြန်ပေးဆပ်ရမလဲ။
အိမ်ရှေ့မင်းသားဆီမှာနှစ်နှစ်ကြာမျှတာဝန်ထမ်း ဆောင်ခဲ့ပြီးပြီမို့ ဖြစ်လာနိုင် သမျှအဖြေ အားလုံးကို သူမဆက်စပ်တွေးကြည့်လိုက်သည်။
''တကယ်လို့အရှင်Tong yi က အရှင် Rong Wang ကိုတိုင်ကြားလိုက်ရင် ကျွန်မတို့ဘယ်လို လုပ်မလဲ"
''အရှင် Rong Wang, အရှင် Rong Wang ဆိုတာ ဘယ်သူလဲ"
Feng ming စိတ်ဝင်တစားမေးလိုက်သည်။
Chiu lian ရဲ့မျက်နှာပေါ်မှာအရောင်တွေဖြတ် ပြေးသွားတာကိုကြည့်ပြီး သူ့ရဲ့မိုက်မဲတဲ့မေးခွန်းကို သတိရလိုက်သည်။ ဒါပေမဲ့ အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ ကံဆိုးမှု ကိုပြောလိုက်ပြီး သူ့ရဲ့အမှားကိုဖုံးကွယ်လိုက်သည်။
"ငါ မြစ်ထဲကိုပြုတ်ကျပြီး သတိရလာတော့ ငါ့ဦးနှောက်ကို ထိသွားတယ်ထင်တယ်။ တချို့အကြောင်းအရာတွေကို ငါမမှတ်မိတော့လို့"
သူ အသေအချာပြောလိုက်သည်။
"အိုး   ဒါဆို အရှင်မင်းသားက ခဏတာ မှတ်ဉာဏ်ဆုံးရှုံးသွားတာပဲ။ ကောင်းပါပြီ။ အရှင် မင်းသား။ အရှင် Rong Wang က Xi-Re တိုင်းပြည်ရဲ့ ကိုယ်စားအုပ်ချုပ်သူ ဘုရင်ခံပါ။ အခုချိန်မှာ တိုင်းပြည်ရဲ့အုပ်ချုပ်ခွင့်နဲ့ စစ်တပ်အာဏာကို ရရှိထားသူဖြစ်ပါတယ်"
ဒါက ငါ့အစား ကိုယ်စားအုပ်ချုပ်သူ ဘုရင်ခံ ရှိတယ်လို့ ပြောတာပေါ့။
တိုင်းပြည်ရဲ့အရေးကြီးကိစ္စတွေနှင့်ဦးနှောက်စားစရာကိစ္စတွေကို ဆောင်ရွက်ဖို့ သူ့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုဖြစ်ပြီး ဟန်ဆောင်ပြီး လုပ်ဖို့ဆိုတာလည်း တီဗီထဲကသရုပ်ဆောင်တွေလို ပီပြင်ဖို့မလွယ်ဘူး။ ဒီထက်ပိုပြီး အမှားတွေလည်းမလုပ်ချင်ဘူး။  သူ့ရဲ့အတွေး တွေကိုရပ်ပြီး ညိုးငယ်တဲ့မျက်နှာနဲ့  ပတ်ဝန်းကျင်ကိုလှည့်ပတ်ကြည့်လိုက်ရင်း အာရုံပြောင်းလိုက်သည်။ ဒီအချိန်မှာပဲ သူ့အတွက် စားစရာတွေကိုသယ် လာခဲ့သည်။
Feng ming ဟာ ဘုရင်တစ်ပါးအတွက်ပြင်ဆင်ထားတဲ အရသာရှိတဲ့ ဟင်းပွဲတွေပြည့်နေတဲ့စားတော်ပွဲ ကြီးကို သူ့စိတ်ထဲမှာ မြင်ယောင်လိုက်သည်။  သူ့အခန်းထဲက စားပွဲပေါ် မှာ ဟင်းပွဲ ၁၁ပွဲနဲ့ ၁၂ပွဲဝန်းလောက်ရှိနေ သည်။ မကြာမီမှာပဲ Feng mingဟာ ပန်းကန်တခုစီက အစားအစာတွေရဲ့အရသာကို မခန့်မှန်းနိုင် ကြောင်း သဘောပေါက်လိုက်သည်။ သူတို့အားလုံးကို သစ်သီးသစ်ရွက်တွေနှင့် ရှုပ်ယှက်ခတ်နေအောင်အလှဆင်ထားသည်။ Feng ming သူ့ရဲ့တူတွေနှင့် အစားအစာတွေကို စိုးရိမ်မှုအနည်းငယ်ဖြင့် ညှပ်ယူလိုက်သည်။
သူ့ရဲ့ရှေ့ဆက်ရမယ့်နေ့ရက်တွေမှာ စိုးရိမ် ကြောင့်ကြမှုတွေရှိခဲ့ရင် နန်းတွင်းဆိုင်ရာစား သောက်မှုဓလေ့ထုံးတမ်းတွေကိုသိရဖို့ သမိုင်းစာအုပ်များများကို သူလေ့လာရလိမ့်မည်။
သူတို့တွေ သူ့ကိုယှဉ်ပြိုင်ပြောဆိုလာတဲ့အခါ သူပိုကောင်းအောင် ပြောနိုင်တာက သတိထားရမလား၊ သတိမထားရဘူးလား။ နောင်တရသင့်လားဆိုတာ တွေးဖို့နောက်ကျသွားပြီ။ သူက ဒီနေရာကို ရောက်နေပြီဖြစ်လို့ အကောင်းဆုံး ဆက်နေသွားဖို့ကလွဲပြီး ဘာမှမတတ်နိုင်တော့ဘူး။  ဘာပဲဖြစ်ဖြစ် ငါကမင်းသားတစ်ပါးပဲ။ ငါအပြုအမူတွေ မှားယွင်နေရင်တောင် ငါ့ကို ဆူပူကြိမ်းမောင်းတဲ့လူ မရှိနိုင်ပါဘူး။
Feng ming သူ့နဲ့အနီးဆုံးမှာရှိတဲ့ပန်းကန်ထဲက မျှစ်အလွှာတစ်ခုကို ယူပြီးကိုက်လိုက် တယ်ဆိုပဲ သူ့ဘေးနားမှာသူ့ကိုစိုက်ကြည့်နေတဲ့ Chiu lian ကိုသတိထားမိလိုက်သည်။ မသိမသာခေါင်းမော့လိုက်ပြီး သူ့ရဲ့အစေခံမိန်းမပျိုကိုမေးလိုက်သည်။
''Chiu lian မင်းစားပြီးပြီလား "
''အရှင်မင်းသား မြန်မြန်သုံးဆောင်သင့်ပါတယ်။ ကျွန်မလု အစေခံတစ်ယောက်ကို စိုးရိမ်စရာ မလိုပါဘူး အရှင်မင်းသား"
သူမပြန်ဖြေလိုက်သည်။
Feng ming ဟာ သူ့ရဲ့ဘေးနားမှာထိုင်စားစေ ချင်တာမို့ သူမကို ဖိတ်ခေါ်မှုပြုဖို့ အကြောင်းပြုချက်ပေးပြီး ပြောလိုက်သည်။
"ငါ တစ်ယောက်တည်းစားချင်စိတ်မရှိလို့် ငါတို့ စကားပြောရင်း စားကြတာပေါ့။ ငါ့ကို အဖော်လုပ်ပေးပါ။ ဘယ်လိုလဲ"
သူ့ဘေးနားက ထိုင်ခုံမှာ ဝင်ထိုင်ဖို့ လက်ဟန်ပြလိုက်ပြီး
့်ပြောလိုက်သည်။
သူမလို အဆင့်နိမ့်တဲ့ဘယ်အစေခံမဆို သခင်နဲ့စားပွဲမှာ ဘယ်လို အတူတူထိုင်ရဲ မှာလဲလို့ Chiu lian နက်နက်နဲနဲတွေး လိုက်သည်။
Chiu lian ဟာ ထိုင်ခုံမှာထိုင်ဖို့ ဘယ်လိုမှမဖြစ်နိုင်လို့ သူမရဲ့သခင်ကို ယဉ်ကျေးပျူငှါစွာပြန်ပြောလိုက်သည်။
"အရှင်မင်းသားက ကျွန်မကိုစကားပြောဖော် ဖြစ်စေချင်ရင် ကျွန်မပြောပါ့မယ် "
သူမ မျက်တောင်တွေခတ်ကာ ဆက်ပြောလိုက် သည်။
"အရှင်မင်းသားက ဘယ်လိုအကြောင်းအရာကို ကြားချင်တာလဲ "
ဘယ်လိုတောင်ကောင်းတဲ့အခွင့်အရေးလဲ။ Feng mingမှာ မေးဖို့မးခွန်းတွေရှိနေသည်။
"ငါစဉ်းစားရတာ သိပ်အဆင်မပြေလို့ ငါ့အကြောင်းနဲ့ ပတ်သက်သမျှကိစ္စတွေကို ပြည့်ပြည့်စုံစုံ ငါ့ကိုပြောပြပါ။ အားလုံး သေသေချာချာပြောပါ။ ငါက ဘယ်လိုလူမျိုးလဲဆိုတာက အစ ပြောပြပါ။"
အဲဒီနောက် သူပြုံးလိုက်သည်။
"အရှင်မင်းသားက အခုလက်ရှိတိုင်းပြည်အခြေအနေကို မသိဖူးပေါ့။ အဲဒါနဲ့ပတ်သက်လို့ကျွန်ပ်ဆီက အကြံဉာဏ်ယူတာလား အရှင့်သား"
အိမ်ရှေ့မင်းသားရဲ့ထူးဆန်းတဲ့တောင်းဆိုမှုကြောင့် Chiu lian မှာ မင်းသားအပေါ် ထင်ချင်တာ ထင်လာတယ်။ Chiu lian ဟာငယ်သေးတာမို့ ရယ်ချင်စိတ်ကို မထိန်းနိုင်ဘဲ ပါးစပ်ကို လက်နဲ့ပိတ်ကာခိုးခိုးခစ် ခစ်ရယ်လိုက်မိသည်။
"ဒါက........"
Feng ming မျက်လုံးတွေကို ပေကလပ် ပေကလပ် လုပ်ရင်း ရှင်းပြလိုက်သည်။
"ငါသိချင်တာက လူတွေက ငါ့ကို သူတို့စိတ်ထဲမှာ  ဘယ်လြိုမင်လဲဆိုတာ "
"ကောင်းပါပြီအရှင်မင်းသား။ ကျွန်မပြောပြပါ့မယ်"
သူမ နန်းတော်ထဲမှာအစေခံအဖြစ်ဝင်ရောက်ခဲ့တဲ့ နှစ်နှစ်အတွင်းမှာ ရေခပ်ရခြင်းနဲ့အဝတ်တွေကို ပဲ လုပ်ခဲ့ရတာမို့ အိမ်ရှေ့မင်းသားနဲ့ ရင်းနှီးနိုင်ပြီး စကားပြောဆိုဖို့ဆိုတာ ဘယ်တုန်းကမှ အခွင့်အရေး မရှိခဲ့ပေ။ ဘာမှထွေထွေထူးထူး လုပ်ပေးရတာမျိုးမရှိလို့ Xi-re နန်းတော်ရဲ့ အသွားအလာအကြောင်းကို အသေးစိတ်ရှင်းပြ နိုင်သလို သူမမှာလည်းပြောစရာတွေအများကြီး ရှိနေသည်။ ဇာတ်လမ်းတစ်ခုချင်းမှာ အသေးစိတ်အချက်အလက်တွေပြည့်နှက်နေ လေသည်။
====================