Chapter (3-1) (zawgyi+Unicode)
1.6K 191 24
Chapter (3-1) (zawgyi+Unicode)
လက်ရှိမှာ ဒီတိုင်းပြည်တစ်ပြည်လုံးကို ပြည်နယ်များစွာဖြင့်ပိုင်းခြားထားပြီး ပြည်နယ်တစ်ခုနှင့်တစ်ခုလည်း ရန်စောင်နေကြသည်။  တစ်ပြည်လုံးကို ပြည်နယ် ၁၂ခုနဲ့ ပိုင်းခြားထားပြီး အုပ်ချုပ်သူ အသီးသီက သူတို့ပိုင်သည့် ပြည်နယ်များကို  ကိုယ်ပိုင်အုပ်ချုပ်မှုဖြင့်အုပ်ချုပ်ကြသည်။
Feng ming က ဒီအချက်ကိုကြားလိုက်တာနဲ့ ချက်ချင်းတွေးလိုက်တာက  တရုတ်ပြည်ကြီး မှာ နယ်မြေ ခုနှစ်ကွဲကာ ခုနှစ်ပြည်ထောင် စစ်ဖြစ်တာထက် ပိုဆိုးမယ်ဆိုတာဖြစ်သည်။
အိမ်ရှေ့စံမင်းသားသည်  Xi Re ဘုရင်ရဲ့တစ်ဦးတည်း သောသားတော်ဖြစ်ပြီး လွန်ခဲ့တဲ့ခုနှစ်နှစ်ခန့် က Xi Re ဘုရင်ဟာ  လေဖြတ်ရောဂါကြောင့် သတိလစ်သွားပြီး နတ်ရွာစံသွားခဲ့သည်။
Xi Re တိုင်းပြည်ဟာ တော်ဝင်မျိုးနွယ်တွေက အစဉ်အဆက် တိုင်းပြည်ကို ဧကရာဇတ်ဘုရင်အုပ်ချုပ်မှုအောက်တွင် သူတို့တိုင်းပြည်ကို အုပ်ချုပ်နေခြင်း ဖြစ်သည်။ အုပ်ချုပ်ပုံစည်းကမ်းများကတော့ ဒီတိုင်းပြည်ကို လာရောက်ကြီးကြပ်သည့် ဘုရင်ခံပ်ါမှာပ မူတည်သည်။ ဒါကြောင့် Xi Re တိုင်းပြည်ရဲ့ လုပ်ပိုင်ခွင့် အာဏာအားလုံးဟာ အရှင် Rong Tian ဆိုတဲ့လူ့ရဲ့လက်ထဲမှာရှိလေသည်။
Chiu lian ဟာ အရှင် Rong Tian Wang အကြောင်းပြောနေချိန်မှာ သူမ ရှက်ကြောက်နေပြီး စိုးရိမ်နေပုံရသည်။ Feng ming ကတော့  Chiu lian ဟာ သူမသဘောကျတဲ့ နာမည်ကြီး ရုပ်ရှင်သရုပ်ဆောင် ဒါမှမဟုတ် နာမည်ကြီးအဆိုတော်တစ်ယောက် အကြောင်းပြောနေသလို စိတ်လှုပ်ရှားဟန်ရှိပေါ်သည်ဟု ထင်သည်။
ပထမဆုံး Feng Ming စိတ်ထဲမှာတွေးလိုက်တာ က အရှင် Rong Tian ဆိုသည့် လူသည် သန်မာထွားကြိုင်း ပြီး မကောင်းဆိုးဝါးဘုရင် လိုပုံဖြစ်မည်ဟု ထင်သည်။  သို့သော် Chiu Lian စိတ်လှုပ်ရှားနေသည့် ပုံစံကို ကြည့်ပြီး အရှင် Rong Tian ပုံကို မခန့်မှန်း တတ်အောင်ဖြစ်နေ သည်။
အရှင် Rong Tian  ခေါ် လုံဝမ် က ဘယ်လိုလူမျိုးလဲ။ သူက နန်းတွင်းအပျိုတော်တွေကို မူးမေ့မတတ်စိတ်လှုပ်ရှားအောင် ဘယ်လောက် ချောမောယောကျာ်းပီသနေလို့လဲ။
"ဒါဆို  Tong Yi  မင်းသားဆိုတာ ဘယ်သူလဲ"
Chiu Lian က သူမရဲ့ အိမ်ရှေ့စံမင်းသားကို ကြုံတောင့်ကြုံခဲ လျို့ဝှက်ချက်များ ပြောပြနေရလို့ အတော်ကို စိတ်ကျေနပ်နေသည်။ ဒါပေမယ့် ဒီမေးခွန်းကို ကြားတော့ ထူးဆန်းတဲ့အကြည့်တွေနဲ့ တွေဝေနေပြီး ပြောပြခဲ့သည်။
" Tong Yi မင်းသားက တော်ဝင်မင်းမျိုးမင်းနွယ်ထဲက ဖြစ်ပြီး အရှင်  Rong Tian နဲ့ ...... ဟိုဒင်း... ."
ရှေ့ဆက်ရမည့်စကားအတွက် သူမရှက်ရွံ့နေပုံပေါ်ပြီး တုံ့ဆိုင်းပြီးနောက် လျင်မြန်စွာဆက်ပြောလိုက်သည်။
'' လုံဝမ် နဲ့ ဆက်ဆံရေးကာင်းမွန်တဲ့ပုံ ပေါ်ပါတယ်"
ဒါစကားကိုကြားလိုက်တာနဲ့ Feng Ming ရဲ့သိချင်စိတ်တွေပြင်းပြလာ
သည်။
''သူက Rong Tian ဘုရင်ခံ နဲ့ရင်းနှီးတာလား။ Tong Yi လိုလူကို ဘယ်လို လူလက သည်းခံနိုင်တာလဲ...."
အစောပိုင်း  သူခံလိုက်ရတဲ့ မင်းသား Tong Yi ရဲ့စိတ်ကြီးဝင် ရိုင်းစိုင်းမောက်မာမှုကို Feng Ming  မကျေနပ်ဖြစ်နေဆဲပင်။
Tong Yiက  ဘုရင်ခွ Rong Tian ရဲ့ အရင်းနှီးဆုံး ညီအကို ဒါမှမဟုတ် ဆွေမျိုးနီးစပ်ဖြစ်လောက်သည်ဟု Feng Ming ယူဆလိုက်သည်။
"ဒါက အစေခံတွေကြားက တီးတိုးပြောနေတဲ့ ကိစ္စပါ။  ဒါက အတင်းအဖျင်းသက်သက်သာဖြစ်ပါလိမ့်မယ်။ ကျွန်တော်မျိုးမလည်း ဒီအကြောင်းကို သေသေချာချာ မသိပါဘူး"
Chiu Lian က ကြောက်ကြောက်လန့်လန့်နဲ့  စကားလမ်းကြောင်း လွှဲလိုက်သည်။ သူမ က Feng Ming ရဲ့ အလုပ်တာဝန်တွေကို သတိပေးလိုက်သည်။
"အရှင်မင်းသား စားပွဲမှာထိုင်နေတာ အချိန်ကြာသွားပါပြီ။ ညဥ့်နက်နေပြီဖြစ်လို့ အခု ရေချိုးပြီးတော့ အနားယူသင့်ပါတယ်"
Feng Ming က  သူမရဲ့အကြံပြုအတိုင်း စကားဝိုင်းကိုအဆုံးသတ်ပြီး ထမင်းကိုမြန်မြန်စားသည်။ ပြီးမှ အစေခံတွေကို ပန်းကန်တွေသိမ်းခိုင်း လိုက်သည်။ Feng Ming   မျက်မှောင်တွေကြုတ်လိုက်ပြီး စားပွဲကိုရင်း မတ်တပ်ထရပ်လိုက်သည်။ တကိုယ်လုံး နာကျင်ကိုက်ခဲမှုတွေ ဆက်လက်ရှိနေသေးတာက  အချိန်ခရီးသွားထားလို့ဖြစ်ပြီး နောက်ပိုင်း ပျောက်သွားလောက်တယ်လို့ Feng Ming  စဉ်းစားလိုက်သည်။
လှပတဲ့အခြွေရံ မိန်းမပျိုနှစ်ယောက်ကြောင့်  Feng Ming  ရဲ့အတွေးတွေ လွင့်ပြယ်သွားသည်။
"အရှင်မင်းသား၊ အခု ရေချိုးသင့်ပါပြီ"
လှပတဲ့အခြွေရံတွေက ကြည်လင်တဲ့အသံနှင့် Feng Ming ကို ပြောလိုက်သည်။ Feng Ming က ဘာမှမထူးဆန်းသလို  ခေါင်းညိတ် လိုက်ပေမယ့်  နေရာမှ မရွေ့ဘဲရပ်နေသည်။ သူတို့က ရေချိုးဖို့ အဆင်သင့်ဖြစ်ပြီလို့လျှောက်တင်နေလည်း ရေချိုးခန်းက ဘယ်နေရာမှာလဲဆိုတာ သူ မသိဘူး။ သူ့ရဲ့အဝတ်အစားတွေ လဲလှယ်ဝတ်ဆင်ဖို့ကရော ဘယ်လိုလုပ်ရမှာလဲ။
ရှက်စရာကောင်းတဲ့အတွေးတွေ ဝင်လာတာနဲ့ Feng Ming  က သူကြည့်ဖူး ခဲ့တဲ့ နန်းတွင်းဇာတ်ကားတွေကိုပြန်စဉ်းစားလိုက်သည်။ ဇာတ်ကားထဲကလို လှပတဲ့ မိန်းမပျိုအုပ်စုက သူတို့အရှင်ကိုရေချိုးကန်ထဲ မှာ အရှက်ရအောင် လုပ်မှာမဟုတ်ပဲ  ဘေးမှာရပ်နေကြမှာမလား။ ဒါဆို ကိုယ်လုံးတီးနဲ့ သူ ရေချိုးနေတာက သူမတို့ကို အခမဲ့ဖျော်ဖြေပေး တာနဲ့တူနေမယ်မဟုတ်လား။
ဒီအချိန်မှာ Chiu Lian  က စားပွဲကိုသန့်ရှင်းပြီး ဘယ်ထွက်သွားမှန်း Feng Ming မသိလိုက်ပါဘူး ။ အစေခံမိန်းမပျိုနှစ်ယောက်က သူ့ကိုမျက်လုံးဝိုင်းတွေနဲ့ကြည့်ကာာ စောင့်နေပေမယ့်  သူ့မှာ ဘာပြန်ပြေရမှန်း မသိလို့ အချိန်ဆွဲဖို့ ကြိုးစားနေသည်။
"အာ...မင်းတို့နှစ်ယောက့်နာမည် ဘယ်လိုခေါ်လဲ"
သူတို့ရဲ့ အိမ်ရှေ့စံမင်းသားက သူများနဲ့နှုတ်ဆက်ပြောဆိုရာမှာ တိုးတက်လာတယ်လို့စိတ်ထဲမှာတွေးထင်ကြပေမယ့် သူမတို့ နှစ်ယောက်က စိတ်ရှုပ်ထွေးသွားဟန်ပေါ်ပြီး အဖြေမပေးခင် မင်းသားကို ထူးထူးဆန်းဆန်း စိုက်ကြည့်လိုက်သည်။
"ကျွန်တော်မျိုးမက Chiu Yueပါ။"
''ကျွန်တော်မျိုးမက Chiu Xing ပါ"
Feng Ming  ခေါင်းကိုတညိတ်ညိတ်လုပ်ပြီး သူတို့နာမည်ကို ရွတ်လိုက်သည်။ 
''ChiuYue၊  Chiu Xing မင်းတို့ရဲ့နာမည်က နာမည်ကောင်းတွေပဲ"
Feng Ming  ရဲ့အမူအယာက Chiu Yue ကို စိတ်ဝင်စားသွားစေပြီး  သူမရဲ့ပါးစပ်ကိုအုပ်ကာနူးညံ့စွာရယ်မောလိုက်သည်။
"အခု အတော်နောက်ကျနေပါပြီ အရှင်မင်းသား။ ရေချိုး သင့်ပါပြီ။ ဒါမှမဟုတ်ရင် ရေတွေအေးပြီးချမ်းစိမ့်စိမ့်ဖြစ်နေပါလိမ့်မယ်"
ခါတိုင်းအရှင်မင်းသားဟာ နူးညံ့သိမ်မွေ့တဲ့အမူအယာရှိပြီး ဘယ်တုန်းကမှ ဒေါသထွက်လေ့မရှိပါဘူး။ ဒါမေမဲ့ အခိုမင်းသားက အရင်စရိုက်နှင့်အနည်းငယ်ကွဲပြားနေသည်။ သူက သဘောထားကြီးစွာနှင့် အခြွေရံများကို ပြုံးပြုံးရွှင်ရွှင်နှင့်စကားပြောနေသည်။
Chiu Yue နဲ့Chiu Xing တို့က အတော်ငယ်ရွယ်ကြပြီး လှပကာ အပြစ်ကင်းသော သူများဖြစ်သည်။ သူတို့မင်းသားက အရမ်းနူးညံ့စွာ ပြုံးနေတာကို ကြည့်ပြီး အရှင့်သားကို ကူညီဖို့လုပ်လိုက်ကြသည်။
Chiu Yueက အရှင့်သားအင်္ကျီလက်ကို အမြန်ဆွဲကာ ရေချိုးခန်းရှိရာကို လမ်းပြပေးသည်။
Feng Ming  ဘာဆက်လုပ်ရမှန်းမသိဘဲ စိတ်ရှုပ်ထွေးသွားပေမဲ့ အခုလို လမ်းပြတာလည်း သူ့အတွက် အဆင်ပြေသွားလို့  သူမဆွဲခေါ်ရာနောက်ကို ဘာမှမေပြောပဲ ပြုံးကာ  လိုက်သွားလိုက်သည်။
အိမ်ရှေ့မင်းသားရဲ့ ရေချိုးဆောင်ဟာ နန်းဆောင်ထဲကနေ သီးသန့် ခွဲထွက်နေပြီး ကျောက်တုံးတွေနဲ့စီတန်းဆောက်လုပ်ထားသည်။ ရေနွေးစီးကြောင်းလေးတွေ စီးဆင်းနေပြီး ရေချိုးကန် ထဲမှာ ရေငွေ့တွေ ထောင်းထောင်းထနေပြီး သက်တောင့်သက်သာရှိပုံရတဲ့ ရေကူးကန်အငယ်စားလေးဖြစ်သည်။ ဘေးပတ်လည်ကို ငွေပိုးထည်တွေနဲ့အလှဆင်ထားတဲ့ ပဝါပါးတွေနဲ့ကာရံထားကာ စိတ်အပန်းဖြေဖွယ် အခြေအနေတစ်ခုကိုဖန်တီးထားသည်။
ရေကန်ရဲ့ဘေးကကျောက်စိမ်းစားပွဲကြီးပေါ်မှာ တော့ များပြားလှတဲ့ အဝတ်စားပုံကြီးတစ်ခုရှိနေသည်။ ဒါဟာ သူရဲ့အဝတ်ဟောင်းတွေနဲ့ လဲလှယ်ဖို့ ပြင်ဆင်ထားတဲ့အဝတ်သစ်တွေဖြစ်လိမ့်မယ်လို့  ကောက်ချက်ချလိုက်သည်။
" အရှင်မင်းသား အဆင့်သင့်ဖြစ်ပြီဆိုရင် ရေချိုးပါတော့"
မိန်းမပျိုနှစ်ယောက်ဟာ ခေါင်းကိုနှိမ့်ချကာပြောလိုက်ပြီး မရယ်မိအောင်ကြိုးစားရင်း လှည့်ထွက်သွားကြသည်။
Feng Ming  က မိန်းမပျိုလေးနှစ်ယောက်ထွက်သွားမှ စိတ်သက်သာရာရသွားသည်။
 သူတွေးထားတဲ့ အတိုင်းမဖြစ်လို့ ကံကောင်းတယ်။ သူရေချိုးတဲ့အခါ တစ်ယောက်ယောက်ကကူညီလိမ့်မယ်လို့ သူတွေးလိုက်မိတာက အတော် ရက်စက်တဲ့ အတွေးပဲ။ တကယ်ဖြစ်လာရင် ရှက်ဖို့လည်းကောင်းတယ်။
သူ့ကို ဆွဲဆောင်နိုင်တဲ့ရေကန်လေးကို စိတ်အားထက်သန်စွာ ငေးကြည့်လိုက်ပြီး အဝတ်တွေကို ချွတ်လိုက်သည်။ Feng Ming  ဒီလိုနေရာမျိုးမှာရေချိုးဖူးတာ ပထမဦးဆုံးဖြစ်သလို ဒီကန်လေးထဲ ဝင်ချိုးရရင်  တခဏလေးအတွင်း သန့်ရှင်းစင်ကြယ်စေလောက်သည်။ သူ့ရဲ့ လွန်ခဲ့တဲ့ဘဝကို တခါတည်း ရှင်းလင်းလိုက်တာနဲ့တူနေသည်။
Feng Ming  က အရင်ဘဝတုန်းက ငယ်ငယ်လေးနဲ့ မိဘမဲ့ ဖြစ်လာရပြီး ဆက်လက် အသက်ရှင်ခွင့်ရတာကိုက သူ့အတွက် ကျေးဇူးတင် စရာ ဖြစ်နေပြီ။ ဒါကြောင့် သူက ကြိုးကြိုးစားစား စာပေကို သင်ယူခဲ့ပြီး ကျောင်းပြီးတော့လည်း ချိန်းတွေ့ခြင်း မရှိခဲ့ဖူးပေ။
Feng Ming အင်္ကျီစချွတ်တဲ့အချိန်မှာ ဒီလို အဝတ်တွေ အလွှာအထပ်ထပ် ဝတ်ဖို့ လုပ်ခဲ့တဲ့သူကို ကျိန်ဆဲလိုက်မိသည်။ သူက စိတ်မရှည် လက်မရှည် နှင့်  သူ့ကိုယ်ပေါ်က အဝတ်ပုံအထပ်ကြီးကို တစ်လွှာပြီးတစ်လွှာချွတ်ချ လိုက်သည်။ ဒီတိုင်းပြည်ကလူတွေ ဒီလိုအဝတ်ထူကြီးတွေ ဝတ်ရတာချွတ်ရတာနဲ့  သူတို့ရဲ့အချိန်တဝက်လောက်ကို ဖြုန်းတီးပစ် လိုက်တာပဲလို့ တွေးပြီး သိပ်ပြီးအားစိုက်စရာမလိုတဲ့ ရိုးရှင်းတဲ့ဝတ်ရုံ နောက်ဆုံးလွှာကိုချွတ်ပြီးချိန်မှ စိတ်သက်သာရာရသွားသည်။
သမင်တစ်ကောင် လုံးဝန်းလှပတဲ့မျက်လုံးတွေကို စောင်းပြီး သူ့ကိုယ်ကို ကြည့်မိတော့ မြင်လိုက်ရတဲ့အရာတွေကြောင့် ပင့်သက်ရှိုက် ရလောက်အောင် ထိတ်လန့်စေလေသည်။  ပေါင်နဲ့ ရင်ဘတ်ပေါ်က ရိုက်နှက်ရာတွေနဲ့လတ်လတ်ဆတ်ဆတ်ဒဏ်ရာတွေက အရေပြားပေါ်မှာ နေရာယူထားတာကို  မြင်လိုက်ရချိန်မှာ သူ လုံးဝထိတ်လန့် ကြောက်ရွံသွားသည်။ ကျာပွတ်နဲ့ကြိမ်ဒဏ်ပေးရာမှကျန်နေခဲ့တဲ့အရှိုး ရာတွေက အခြား ကြောက်စရာအတွင်းကြေ ဏ်ရာတွေနဲ့အတူတူ ရှိနေသည်။ ဘယ်သူချန်ထားမှန်းမသိတဲ့ သွားကိုက်ရာတွေလည်း ရှိနေသလို ကိုက်ရာ၊ စုပ်ထားတဲ့ အရာတွေလည်း နေရာအနှံ့ မျိုးစုံရှိနေသည်။ သူ့ရဲ့ပါးလျတဲ့ခန္ဓာကိုယ်နေရာတိုင်း အရေပြားပေါ်က တစ်လက်မ မကျန် ဒဏ်ရာတွေနဲ့အမာရွတ်တွေပြည့်နှက်နေတာပဲ။
နှိပ်စက်ခံရခြင်းကြောင့်  Feng Ming  မူးမေ့မတတ်ဖြစ်သွားကာ အသက်ရှုဖို့ကို မေ့လျော့နေခဲ့သည်။ Feng Ming  ခြေထောက်နှစ်ချောင်းကို  ခွဲရပ်လိုက်ပြီ  အသက်ပြင်းပြင်းရှူကာ စိတ်ကိုတင်းလို့ စစ်ဆေးလိုက်သည်။ သူထင်ထားတဲ့အတိုင်း  ဒဏ်ရာုဒဏ်ချက်တွေကို တွေ့လိုက်ရတော့ ခြေထောက်တွေ ကိုမြန်မြန်ပြန်စိ လိုက်ပြီး  စက်စုပ်ရွံရှာမှုကြောင့်  Feng Ming ပါးစပ်အဟောင်းသားပင်ဖြစ်သွားသည်။
ခါးနဲ့ပေါင်ပေါ်ကနူးညံတဲ့အရေပြားပေါ်မှာပါ အမှတ်အသားတွေ အပြည့် ချယ်မှုန်း ထားပြီး လျို့ဝှက်တဲ့နေရာတွေကိုတောင်အလွတ်မပေးထားပေ။
ဒါက တစ်ယောက်ယောက်က ဒီခန္ဓာကိုယ်ပိုင်ရှင်ကို မတော်မတရားပြု ကျင့် ထားတယ် လို့ ဆိုချင်တာလား။   Xi Re  တိုင်းပြည်ရဲ့ အိမ်ရှေ့စံမင်းသား ကိုတောင် ဘယ်လိုလူမျိုးက ဒီလို လူမဆန်တာကို လုပ်ရဲရတာလဲ။ ဒါမှမဟုတ် အိမ်ရှေ့စံမင်းသားရဲ့ အထက်မှာရှိတဲ့လူက 
နှိပ်စက်ပြီး လိင်ဆက်ဆံရတာကိုအစွဲအလမ်းကြီးသူ တစ်ယောက်ဖြစ်နေတာလား။ သူအနားယူချိန်ကတည်းက နာကျင်မှုတွေကြောင့် ပင်ပန်းနေတာကို သူ မအံသြတော့ပေ။ အချိန်ခရီးသွားခဲ့ရလို့ ပင်ပန်းတယ်လို့ သူထင်ခဲ့ပေမဲ့ တကယ်တမ်းအကြောင်းအရင်းက.........။
''မင်း...ငါ့ကိုစောင့်နေတာလား"
သူတွေးနေတဲ့ အချိန်လေးမှာပဲ ရုတ်တရတ် သူစိမ်းယောကျာ်း အသံတစ်ခုထွက်ပေါ်လာလို့ အတွေးစတွေပြတ်တောက်သွားသည်။
လူတစ်ယောက်ရဲ့လေးနက်တည်ကြည်တဲ့အသံက သူ့ရဲ့အခြေအနေကို သတိရလာစေသည်။ သူ့ရဲ့အနားမှာ လူစိမ်းရှိနေတာကြောင့်Feng Ming အံ့သြသွားသည်။
ပြီးတော့ ကိုယ်လုံးတီးဖြစ်နေတာရော သူ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေနဲ့အမှတ်ရာတွေကို သတိရပြီး သူ့ကိုယ်သူ ဖုံးကွယ်ဖို့ အဝတ်ပုံကြီးရှိရာဆီ ကမူးရှူးထိုးနှင့် ပြေးသွားလိုက်သည်။ အဝတ် တွေရှိရာကို အမြန်သွားလိုက်ပေမဲ့ ရုတ်တရုတ် သူ့ခန္ဓာကိုယ်က နာကျင်မှုလာပြီး  အားမရှိတဲ့ ခြေထောက်ကြောင့် ရေကန်ကျယ်ထဲကိုသာ ရှယ်ဖွယ်ကောင်းစွာ ပြုတ်ကျပြီးနစ်မြှုပ်သွားသည်။ ရေထဲကျသည့်ဲ့အရှိန်ကြောင့် ရေကန်ပတ်လည်မှာ ရေစက်တွေ လွင့်ပျံသွားတော့သည်။
"ဟား...ဟား...ဟား...''
ယောကျာ်းတစ်ယောက်ရဲ့ ခြောက်ကပ်ကပ် ရယ်သံတစ်ခု ထွက်ပေါ်လာခဲ့သဖြင့် Feng Ming အရမ်းရှက်သွားခဲ့သည်။ ခဏနေတော့ Feng Ming က သူ့ကိုယ်သူ တည်ငြိမ်အောင်ထိန်းလိုက်ပြီး သူ့ကို အရှက်တကွဲလုပ်တဲ့လူကို အပြစ်တင်ဖို့ကြည့်လိုက်သည်။ ဒီလူစိမ်က ဘယ်လိုလုပ်ပြီး သူ့ရေချိုးဆောင်ထဲကို ကျူးကျော် ဝင်ရောက်လာရဲတာလဲ။
'' အိမ်ရှေ့စံမင်းသား ရေချိုးတာကို ခိုးကြောင်ခိုးဝှက်လာချောင်းရဲတာ  မင်းက တော်တော် သတ္တိကောင်းတာပဲ''
ဝင်ရောက်လာသူကို ပြစ်တင်လိုက်ပေမဲ့ Feng Ming တစ်ယောက် သူ့အာဏာနဲ့ လုပ်ပိုင်ခွင့်တွေကို ယုံကြည်မှု ပျောက်ဆုံးနေသည်။ သူ ဘာဆက်ပြောရမလဲ မသိဖြစ်နေပြီး သူက ရေကန်ဘေးကို ကပ်သွားပြီး ရေကန်ထဲ ပြုတ်ကျသွားတုံးက သူနဲ့အတူ ပြုတ်ကျလာတဲ့ အဝတ်တွေကို ယူပြီး ကိုယ်ကို လွှမ်းဖို့ကြိုးစားလိုက်သည်။ ဒါပေမယ့် အဝတ်တွေက ရေပေါ်ပဲပေါ်နေပြီး ကြည်လင်တဲ့ရေကန်အောက်မှာ သူ့ကိုယ်လုံးတီးကို အထင်းသားမြင်နေရတာ ရှက်စရာကောင်းလှသည်ဟု ခံစားလိုက်ရသည်။
နောက်ဆုံးတော့ သူ့ရဲ့ အရှက်ကွဲမှု အခြေနေကို စူးစမ်းနေတဲ့ မျက်ဝန်း တစ်စုံအောက်မှာ သူ့ကိုယ်ကို ဘယ်လိုမှဖုံးကွယ်လို့မရတော့ပေ။ ထိုဖိတ်ခေါ်မထားတဲ့ လူ့ရဲ့မျက်နှာမှာ ချောမောခန့်ညားခြင်းနှင့်အတူ ဘာကိုမှဂရုမစိုက်တတ်တဲ့အရိပ်အယောင်တွေ ထင်ဟပ်နေသည်။ မျက်ဝန်းတစ်စုံဟာ မကောင်းဆိုးဝါးမျက်ဝန်းလို စူးရှတောက်ပနေပြီး တစ်ချိန်တည်းမှာပဲ သူ့ကို လက်အောက်ခံ လူသားတစ်ယောက်လို အထင်အမြင်သေးစွာကြည့်လိုက်ရင်း သူ့ရဲ့လှစ်ဟနေတဲ့ခန္ဓာကိုယ်ကို  စူးစိုက်ကြည့်လိုက်သည်။
''ကောင်းတယ်။ မင်းမှာ ငါ့ကို ပြန်ခံပြောဖို့ သတ္တိတွေရှိလာပြီပေါ့ ။ တကယ်ကိုပဲ ငါ့ကို ဒီလိုလေသံနဲ့ပြောရဲတာပဲ''
ထိုလူ၏ ပြစ်တင်ရှုံချခြင်းကို Feng Ming  ခံရလေသည်။
ထို နတ်ဆိုးဘုရင်နဲ့ တူသည့်လူချောက မျက်ခုံးကိုအနည်းငယ်ပင့်တင်ကာ လှောင်ပြောင်ရင်းပြောလိုက်သည်။
''ငါကြားတာကတော့ မင်း မြစ်ထဲကိုကျပြီးတဲ့နောက် Tong Yi ကိုတောင်မှ ပြစ်တင်ကြိမ်းမောင်းလိုက်သည်ထိ နည်းနည်း ရူးသွားတယ်ဆိုပဲ။ ဒါပေမဲ့ ငါ့ကို မမှတ်မိလောက်အောင် ရူးသွားရအောင်တော့ မမိုက်မဲလောက်ဘူးလို့ ငါ ထင်တယ်''
သူက ဘယ်သူလဲ? ဘာကြောင့် အရမ်းသတ္တိကောင်းပြီး တော်ဝင်အိမ်ရှေ့မင်းသားကို အထက်စီးကနေ အမိန့်ပေးပြီး ပြောနေတာလဲ။ ဒါက အတော်ကို ဆိုးဝါးတဲ့ အပြုအမူပဲ။
Feng Ming  က စိတ်ထဲမှာ တွေးနေရင်း တခုကို သတိရပြီး လွှတ်ခနဲမေးလိုက်သည်။
''ခင်ဗျား က အရှင် Rong Tian လုံဝမ် လား''
ထိုလူရဲ့နှုတ်ခမ်းထောင့်က ကျေနပ်သွားသလို အပေါ်ကိုကွေးညွှတ် သွားပြီး  မာနကြီးကြီးနဲ့ အေးစက်စက်ပြောလာခဲ့သည်။
''မင်း မှတ်မိလာပြီတူတယ်။ မင်း အရူးလုပ်တမ်း ကစားနေတယ်လို့ ငါထင်ခဲ့တာ''
သူက ပြောပြီးသည်နှင့် မထင်မှတ်ထားသည်ကို လုပ်လိုက်သည်။ သူက ရေကန်ထဲကို ခုန်ချလိုက်ပြီး Feng Ming ကိုယ်ပေါ်ကို ခုန်အုပ်လိုက်သည်။
သေးသွယ်တဲ့ လူငယ်လေးဟာ တခဏအတွင်း မထင်မှတ်ထားသည့် အဖြစ်ကို ကြုံလိုက်ရသည်။ ထိုလူရဲ့ မကောင်းဆိုးဝါးလို ဆာလောင်နေတဲ့ မျက်ဝန်းတွေဟာ Feng Ming ရဲ့ ကျောက်စိမ်းချောင်းလို ကိုယ်ပိုင်လှံတံလေးပေါ်ကို စူးစိုက်ကြည့်ကာ သူ့ ခန္ဓာကိုယ်ပေါ်က ဖုံးအုပ်ထားတဲ့အဝတ်စလေးကိုလည်း ချက်ချင်း ဆုတ်ဖြဲပြီး အဝေးကို လွှင့်ပစ်လိုက်တော့သည်။
"ကြီးမြတ်လှတဲ့ အိမ်ရှေ့မင်းသားက ကိုယ့်ကိုယ်ကို သတ်သေရဲ လောက်အောင် ရင့်ကျက်လာတာပေါ့ ဟုတ်လား ''
ပြစ်တင်ကဲ့ရဲ့ခြင်းရဲ့နောက်ကွယ်မှာ တွေးမထားလောက်အောင် ရက်စက်ခြင်းတွေ ကပ်ပါလာလို့ Feng Ming စိုးထိတ်စွာနဲ့ နောက်ဆုတ်လိုက်ပြီး  နောက်ပြန်လဲကျသွားသည်။ သနားကြင်နာမှု ကင်းမဲ့စွာနဲ့ လုံဝမ်  ရဲ့ သံမဏိလို မာကျောတဲ့လက်ချောင်းတွေဟာ Feng Ming  ရဲ့နူးညံ့တဲ့ လည်တိုင်ကိုရစ်ပတ် ဆုပ်ကိုင်ပြီး ညစ်ထားတော့သည်။
"မင်းရဲ့ဘဝကို မင်းကိုယ်တိုင်ပိုင်တယ်လို့ ငါ ပြောဖူးလား။ ''
လုံဝမ် ဒေါသတကြီးနဲ့ ပြောလိုက်သည်။
"အား....''
Feng Ming ရဲ့လေပြွန်က လေမရတော့လို့  သူ့မျက်နှာပေါ်မှာ နာကျင်မှုတွေ ချက်ချင်းထပ်ဟပ်လာသည်၊၊ Feng Ming က သူ့လည်ပင်းကို ညစ်ထားတဲ့ လက်ကြီးတွေကို သူ့လက်နဲ့ ဖယ်ဖို့ကြိုးစားပေမယ့် အလကားပဲ။ သူ့လက်တွေက ဒီမကောင်းဆိုးဝါး လုံဝမ်ရဲ့လက်ကို ဆုပ်ကိုင်လို့မရပဲ ချောပြီး လွတ်ထွက်နေသည်။ အောက်ဆီဂျင်ပြတ်လတ်မှုကြောင့် သူ့ရဲ့အဆုတ်က မီးလို စတင်လောင်မြိုက်လာပြီး အမြင်အာရုံတွေဝေဝါးလာသည်။
Feng Ming ရဲ့သနားစရာကောင်းလှတဲ့ဘဝလေးက လုံဝမ်ဆိုတဲ့ မကောင်းဆိုးဝါးလူသားရဲ့ လည်ပင်းညစ်သတ်ခံရခြင်းကြောင့် အဆုံးသတ်ရပြန်တော့မလားလို့ သူ စိုးရိမ်လာမိသည်။
ဒီ သေဆုံးခြင်းနှင့်ရှင်သန်ခြင်းတွေဟာ ရယ်စရာလား ဒါမှမဟုတ် သူ့အဖြစ်ကိုက သနားစရာအဖြစ်လားဆိုတာ သူ မစဉ်းစားတတ်တော့ဘူး။ ကားတိုက်သေဆုံးပြီး တဖက်မှာ အသက်ရှင်နေထိုင်ဖို့ ခုမှသူ့မှာခနွာကိုယ်အသစ်လေးရှိရုံလေးမှာပဲ နောက်ထပ်တခါ  ပြန်သေဆုံးရတော့မှားလား။
===============