Why

278 38 11
                                    

<Unicode>

"ဒါဆိုရင် မင်းနာမည်က Chan Yeol...

အသက်ကဘယ်လောက်မှန်း(ကိုယ့်ကိုယ်ကို)မမှတ်မိဘူး..

မင်းကိုဒီထဲကနေဘယ်သူမှထုတ်မပေးနိုင်ဘူး...

ငါပြောတာဟုတ်လား"

"အင်းး"

သူရှင်းပြတဲ့အကြောင်းအရာလေးတွေကို တခုချင်းအတိုချုံးပြန်ပြောတော့ သူက အင်းး ဟုဆိုကာခေါင်းညှိမ့်ပြသည်

ညသန်းခေါင်ကျော်နေပေမဲ့ မြေအောက်ခန်းထဲကနေမထွက်ရသေး ဒီမှန်ရှေ့ကနေမခွာနိုင်သေး..

ကြောက်နေခဲ့တဲ့စိတ်တွေလဲ ခုတော့ဘယ်ရောက်လို့ရောက်ကုန်မှန်းမသိ

အနက်ရောင်အပြည့်ဝတ်ဆင်ထားသည့်မှန်ထဲကကောင်လေးရှေ့မှာပဲ ကိုယ်ကခြေချုပ်မိနေတာ

"မင်းငါ့ကိုဘယ်လိုသိနေတာလဲ"

အဲ့ဒါကအမေးချင်ဆုံးမေးခွန်း...

ဘာလို့ကျတော်မှလဲ

ဘာလို့ကျတော့်အိပ်မက်ထဲကိုလဲ

​ဒီထူးဆန်းတဲ့ဖြစ်ရပ်ကဘာလို့ကျတော့်စီမှာလာဖြစ်ရတာလဲ

မကြိုက်လို့မဟုတ်ပါဘူး...

စိတ်ဝင်စားစရာကောင်းပေမဲ့...ဒီကောင်လေးနဲ့ပတ်သက်မှုကသာမန်မဟုတ်သလိုပဲ

သူကကျတော့်ခေါင်းထဲမှာ နေထိုင်နေသလို ခံစားရတယ်

မှန်ထဲကပုံရိပ်ကသူဖြစ်နေတာကို ကျတော်နားလည်ဖို့ခက်ခဲနေတယ်

"....အမြဲတမ်းဖြူစင်နေလို့လေ...ဘဝတိုင်းးး ဘဝတိုင်းး"

ဆွေးဆွေးမြည့်မြည့်အသံနဲ့ပြောတဲ့ကောင်လေးရဲ့ အကြည့်တွေကလဲ ကြေကွဲနေခဲ့သည်

တယောက်ယောက်ကိုဆုံးရှုံးထားရသည့်အကြည့်မျိုး

"ခများက နတ်သားလေးဆိုရင်...ကျတော်ကနတ်ဆိုးဖြစ်ခဲ့တာ"

သူ့စကားတွေကရှုပ်ယှက်ခတ်လွန်းသည်

ကိုယ်မေးတဲ့မေးခွန်းကရှင်းလင်းသလောက် သူ့အဖြေကတော့ရှုပ်ထွေးနေတာ

တချို့ဆိုရင်ကိုယ်နားပင်မလည်
သူကလဲအကုန်လုံးကိုသေချာမရှင်းပြပဲ ပဟေဠိတွေလုပ်သည်

The boy in the mirror(completed)Onde histórias criam vida. Descubra agora