Get Out Of My Mind

273 33 26
                                    

<Unicode>

"Kris~~~! ပြန်လာခဲ့...."

"KRIS WUUUUUU!!!!"

နောက်ကနေကပ်ပါလာတဲ့အော်သံ..
မြေအောက်ခန်းနဲ့ဝေးသွားတာတောင် ကြားနေရစဲ

ကိုယ့်တကိုယ်လုံးလဲတုန်ယင်ကာ အကြည့်တွေကအစခြောက်ခြားနေသည်
ကိုယ်ကြည့်လိုက်တဲ့နေရာတိုင်းမှာ Chan yeolပုံရိပ်တွေ

သူ့စီပြန်လာဖို့အော်ဟစ်နေသံတွေ

"အားးးး ဟင့်အင်းး!"

နားနှစ်ဖက်ကို လက်တဖက်စီဖြင့်ပိတ်ကာ ​ထိုင်ချပြီးအော်နေမိသည်

မနားတမ်းကြားနေရတဲ့အသံတွေ မျက်လုံးမှိတ်ထားတာတောင်မြင်နေရတဲ့ chanyeolပုံရိပ်
ထွက်သွားပါတော့...
ထွက်သွားတော့ ငါ့ခေါင်းထဲက

ကိုယ့်ကိုတောင်းဆိုတာမဟုတ်ဘူး
သေဖို့အမိန့်ပေးနေတာ သူက

The Boy In The Mirror

*Kris Wu~~~~ခများ ကျတော့်ကိုချစ်တယ်ဆို*

*ကျတော်တို့အတူရှိခွင့်ရတော့မှာလေ*

*ကျတော့်စီကိုလာခဲ့ပါ....*

"ဟင့်အင်းးး!"

တညလုံးကောင်းကောင်းမအိပ်နိုင်ခဲ့တာတောင် သူပေးတဲ့အိပ်မက်ဆိုးကနေတော့ရုန်းထွက်လို့မရ...

မြေအောက်ခန်းကိုကျတော်ထပ်မသွားတော့ဘူး အဲ့မှန်ရှေ့ကိုကျတော်နောက်တကြိမ်မသွားတော့ဘူး.

ကျတော့်ကိုခေါ်တဲ့သူ့အသံ အကြည့်တွေက...အချစ်ထက်...
မကောင်းတဲ့အငွေ့အသက်တွေလွင့်နေတာ..

သူ့ကိုကျိန်စာတိုက်ခဲ့တယ်ဆိုရင်..အဲ့ကျိန်စာကိုကျတော်ဖျက်ပေးစေချင်တာလား...
ဒါ ဒါဆို အဲ့လိုလုပ်လိုက်ရင် ကျတော်..သေပြီး သူက လွတ်လပ်သွားမှာလား
ကျတော်ကသူလွတ်လပ်ဖို့ စတေးခံရမှာပေါ့
သူလိုချင်တာအဲ့ဒါလား

"သား.."

"Omma!!"

စိတ်မမှန်တဲ့လူတယောက်လိုပဲ တုန်ယင်ကြောက်လန့်နေတုန်း အခန်းတခါးဖွင့်ကာဝင်လာတဲ့ommaကြောင့် အနည်းငယ်တော့သက်သာသွားတယ်

"..o omma...သူ သူ အဲ့ထဲမှာရှိတယ် ကျတော့်ကိုခေါ်နေတယ်"

မျက်လုံးထဲ ပြန်မြင်လာရတာက မှန်ကြီး...အဲ့ထဲကchanyeol
ကျတော့်ကိုကြည့်နေတဲ့ Chan Yeol...

The boy in the mirror(completed)Where stories live. Discover now