Ending

350 38 35
                                    

<Unicode>

*K r i s...ကျတော် ခများကို ချစ်တယ်*

*ခများ ကျတော်နဲ့အတူရှိပေးပါ*

*KRIS WU!!!!*

မှန်ကိုအတွင်းထဲကနေထုရိုက်နေတဲ့Chanyeolပုံရိပ်ကခေါင်းထဲရှိနေတုန်းပဲ
မအိပ်နိုင် မစားနိုင်အောင်ကိုကြောက်လန့်လာတယ်
အိပ်မက်တွေထဲမှာနတ်ဆိုးတကောင်လိုပုံစံနဲ့Chanyeolကိုတွေ့ရင် အသက်ရှူတောင်ရပ်တန့်သွားပြီထင်ရတဲ့အထိ

ဒေါသတွေထွက်ပြီးး မှန်ကို တဒုန်းဒုန်းနဲ့ထုနေတဲ့သူ့ပုံစံ

ကျတော်ဘယ်လိုမှထွက်ပြေးလို့မရဘူး..
Ommaကလဲ ကျတော်ပြောတာကိုတခွန်းတလေတောင်မယုံကြည်ဘူး
ရူးသွားပြီထင်လို့ဆရာဝန်တောင်စီစဥ်နေတယ်လေ

ဒီနေ့က...လပြည့်နေ့ပဲ..

ဒီပြဿနာကိုကိုယ်ပဲစတင်ခဲ့တာမို့လို့ကိုယ်ပဲအဆုံးသတ်မယ်
အင်းး ဟုတ်တယ် ဒီလိုပုံစံနဲ့ကြာရင်ရူးသွားလိမ့်မယ်
ကိုယ်ချစ်မိတာက chanyeolကိုပါ မှန်ထဲကမကောင်းဆိုးဝါးတကောင်ကိုမဟုတ်ဘူး..

(12:00PM)

နာရီသံတချက်ချက်နဲ့အတူ 12ဆိုတဲ့နံပါတ်နေရာမှာ လက်တံနှစ်ခုလုံးတထပ်ထဲကျနေလေပြီ
ကိုယ့်နှလုံးခုန်သံကိုတောင်ပြန်ကြားနေရလေရဲ့

(ရှပ် ရှပ်)

မြေအောက်ခန်းစီလှမ်းနေတဲ့တလှမ်းချင်းသောခြေလှမ်းတေွကတောင် ကိုယ့်ကိုယ်ကိုမလုံမလဲ
လက်ထဲမှာကိုင်ထားသည့် သံတုတ်တ​ချောင်းကလဲ လက်ဖဝါးကချွေးတွေနဲ့အနည်းငယ်ချော်နေသည်

"...kris...ခများ ပြန်လာပြီလား"

မှန်ထဲမှာပေါ်လာတဲ့Chanyeolကကိုယ့်ကိုမြင်တော့ ခပ်ယဲ့ယဲ့ပြုံးတယ်..
မှန်ရှေ့အနီးဆုံးထိကိုယ်လျှောက်သွားလိုက်ပြီး

"တောင်းပန်ပါတယ် Chan Yeol...ကိုယ်တို့ နောက်တကြိမ် ဒီလိုပုံစံမျိုးနဲ့မတွေ့ကြရအောင်"

တောင်းပန်ပါတယ်...
ကိုယ်မင်းကိုသိပ်ချစ်တယ် Chan Yeol ဒါပေမဲ့ ဒီလိုမျိုးဆက်သွားလို့မဖြစ်ဘူးမလား
တခုခုတော့ လုပ်သင့်တယ်လေ

"Kris! မလုပ်နဲ့....."

(ခွမ်းးးးးး)

လွင့်စင်သွားတဲ့မှန်စတွေကကြမ်းပြင်ပေါ်ပျံ့ကျဲလျက်..

The boy in the mirror(completed)Where stories live. Discover now