I Love Him

270 37 19
                                    

<Unicode>

"အဲ့ဒါကြောင့် တယောက်ထဲနေခဲ့တယ်ပေါ့"

"အင်းလေ အဲ့တော့ အေးချမ်းတာပေါ့"

မှန်ကြီးရှေ့မှာထိုင်ပြီးစကားပြောနေတာ နည်းနည်းတော့ရူးကြောင်ကြောင်နိုင်ပေမဲ့ ပျော်စရာကောင်းသည်

အမှောင်ဆိုတာကလဲမှန်ထဲကကောင်လေးကိုမြင်နေရရင်ကြောက်စရာမကောင်းတော့

ညတိုင်း ညတိုင်း မှန်ရှေ့ကိုရောက်လာပြီး စကားပြောကြ ရယ်မောကြတယ်

မနက်ပိုင်းဆိုရင်တော့ သူ့ကိုဘယ်လိုမှခေါ်မရဘူး မှန်ထဲမှာပေါ်မလာဘူးလေ

ကျတော့်မေးခွန်းတချို့ကိုလဲသူမဖြေခဲ့ဘူး..
သူပြောတဲ့ နတ်ဆိုး ဆိုတာကိုလေ..

ဘာတွေဘယ်လိုပဲပတ်သက်ခဲ့သည်ဖြစ်စေ..အခုအချိန်မှာတော့ ကျတော်တိ​ု့က မျက်နှာချင်းဆိုင်ရှိပေမဲ့ ကမ္ဘာချင်းခြားနေခဲ့တာပဲ..

"မင်းဒီထဲကထွက်လို့ရရင်ကောင်းမယ်"

"....အင်းး မရတာခက်တယ်"

ကျတော်သူ့ကို ထိကိုင်ချင်တယ်...

သူ့လက်ကိုဆုပ်ကိုင်ချင်တယ်
ခပ်သေးသေးကိုယ်လေးကိုပွေ့ဖက်ထားချင်တယ်...
နီဆွေးဆွေးပါးပြင်ကိ​ု ဆွဲညှစ်ချင်တယ်...

ဘာခံစားမှုမှမရှိတဲ့ ပြင်ညီ မှန်တချပ်က ကိုယ်တို့ကြားထဲမှာခြားနေတာကိုသိပ်မုန်းတယ်

"တသက်လုံး အဲ့မှာနေရမှာလား"

"...ဒီထဲမှာက...​အသက်လဲမကြီး သေလဲမသေဘူး...
ဘယ်လောက်တောင်ကြာနေပြီလဲမသိပါဘူးဗျာ"

ဘာလို့ထွက်လိ​ု့မရတာလဲ...

ကျိန်စာဆိုရင်လဲ ဖျက်လို့ရတဲ့တခုခုရှိမှာပဲလေ
အခွင့်အရေးတခုမှမရှိတာတော့မဖြစ်နိုင်ဘူး

သူ့ကိုကျတော့်အနားရှိစေချင်တယ်...
သာမန်လူတွေလိုမျိုး...

ကျတော် သူ့ကိ​​ု

*ချစ်တယ်*

To be continued

#Thurein

<Zawgyi>

"အဲ့ဒါေၾကာင့္ တေယာက္ထဲေနခဲ့တယ္ေပါ႔"

"အင္းေလ အဲ့ေတာ့ ေအးခ်မ္းတာေပါ႔"

မွန္ႀကီးေရွ႕မွာထိုင္ၿပီးစကားေျပာေနတာ နည္းနည္းေတာ့႐ူးေၾကာင္ေၾကာင္ႏိုင္ေပမဲ့ ေပ်ာ္စရာေကာင္းသည္

အေမွာင္ဆိုတာကလဲမွန္ထဲကေကာင္ေလးကိုျမင္ေနရရင္ေၾကာက္စရာမေကာင္းေတာ့

ညတိုင္း ညတိုင္း မွန္ေရွ႕ကိုေရာက္လာၿပီး စကားေျပာၾက ရယ္ေမာၾကတယ္

မနက္ပိုင္းဆိုရင္ေတာ့ သူ့ကိုဘယ္လိုမွေခၚမရဘူး မွန္ထဲမွာေပၚမလာဘူးေလ

က်ေတာ့္ေမးခြန္းတခ်ိဳ႕ကိုလဲသူမေျဖခဲ့ဘူး..
သူေျပာတဲ့ နတ္ဆိုး ဆိုတာကိုေလ..

ဘာေတြဘယ္လိုပဲပတ္သက္ခဲ့သည္ျဖစ္ေစ..အခုအခ်ိန္မွာေတာ့ က်ေတာ္တိ​ု႔က မ်က္ႏွာခ်င္းဆိုင္ရွိေပမဲ့ ကမၻာခ်င္းျခားေနခဲ့တာပဲ..

"မင္းဒီထဲကထြက္လို႔ရရင္ေကာင္းမယ္"

"....အင္းး မရတာခက္တယ္"

က်ေတာ္သူ့ကို ထိကိုင္ခ်င္တယ္...

သူ့လက္ကိုဆုပ္ကိုင္ခ်င္တယ္
ခပ္ေသးေသးကိုယ္ေလးကိုေပြ႕ဖက္ထားခ်င္တယ္...
နီေဆြးေဆြးပါးျပင္ကိ​ု ဆြဲညႇစ္ခ်င္တယ္...

ဘာခံစားမႈမွမရွိတဲ့ ျပင္ညီ မွန္တခ်ပ္က ကိုယ္တို႔ၾကားထဲမွာျခားေနတာကိုသိပ္မုန္းတယ္

"တသက္လုံး အဲ့မွာေနရမွာလား"

"...ဒီထဲမွာက...​အသက္လဲမႀကီး ေသလဲမေသဘူး...
ဘယ္ေလာက္ေတာင္ၾကာေနၿပီလဲမသိပါဘူးဗ်ာ"

ဘာလို႔ထြက္လိ​ု႔မရတာလဲ...

က်ိန္စာဆိုရင္လဲ ဖ်က္လို႔ရတဲ့တခုခုရွိမွာပဲေလ
အခြင့္အေရးတခုမွမရွိတာေတာ့မျဖစ္ႏိုင္ဘူး

သူ့ကိုက်ေတာ့္အနားရွိေစခ်င္တယ္...
သာမန္လူေတြလိုမ်ိဳး...

က်ေတာ္ သူ့ကိ​​ု

*ခ်စ္တယ္*

To be continued

#Thurein

The boy in the mirror(completed)Where stories live. Discover now