Into the mirror

269 36 21
                                    

<Unicode>

"ကျတော့်ကိုချစ်နေပြီမလား kris..."

"...ဟင်.."

ခပ်စိမ်းစိမ်းအကြည့်တွေက သူမျှော်လင့်ထားသလို ဖြစ်လာလို့သဘောကျနေသည့်ပုံနှင့်

ထိုအကြည့်တွေကကြောက်စရာကောင်းသည်
ပထမဆုံးအကြိမ်သူ့ကိုမှန်ထဲမှာတွေ့တုန်းကတောင်အဲ့လောက်မလန့်ခဲ့ ဒီတကြိိမ်ကတော့ ကိုယ်အသက်ကိုပြင်းပြင်းရှူမိသည်အထိ လန့်သွားရသည်

သူ့ပုံစံက အဖြူတလှည့်အမည်းတလှည့်နှင့်
ကြောက်တလှည့် ချစ်တလှည့်ပုံစံမျိုး

"ခများရဲ့အချစ်ကိုရဖို့ ကျတော်အကြာကြီးစောင့်ခဲ့ရတာ"

တဖန် ပြန်ပြီး မှိုင်ထွေကျသွားတဲ့သူ့အကြည့်တွေက တခုခုကို ပြောချင်နေသလို...ဒါမှမဟုတ် ရယူချင်နေသလို

"ကိုယ်မင်းနဲ့အတူရှိချင်တာ...
ဒီလိုပုံစံမျိုးမဟုတ်ပဲနဲ့"

မလုပ်နိုင်တဲ့အရာ.မဖြစ်နိုင်တဲ့အရာကိုကျတော်မျှော်လင့်မိနေပြန်ပါပြီ
ချစ်နေလဲဘာတတ်နိုင်မှာလဲ...
သူ့ရဲ့လက်လေးကိုတောင်ကိုင်ခွင့်မရှိတာ..

ကြည့်နေရုံကလွဲပြီးမတတ်နိုင်ဘူးလေ

ဘဝကိုကဆိုးတာပါ...ကျတော်ကလှုပ်ရှားမှုရှိတဲ့ဓာတ်ပုံတပုံကိုကြည့်နေရသလို..ချစ်နေရသလိုပဲ
နီးကပ်နေရင်တောင် ကျတော်ထိကိုင်ခွင့်ရှိတာက သူ့ကိုပိတ်လှောင်ထားတဲ့မှန်တချပ်ကိုပဲ

ဘယ်သူမှမသိကြဘူး ညဘက်တွေကျတော်မြေအောက်ခန်းထဲရောက်ရောက်နေတတ်ကြောင်း...
အင်းလေ ကျတော်တယောက်ထဲသက်သက်အိမ်ခွဲနေတယ်ဆိုတော့

"ကျတော်အပြင်ထွက်မလာနိုင်ပေမဲ့....

ခများဝင်လာနိုင်တယ်လေ"

သူ့စကားကြောင့် နှလုံးခုန်မြန်လာတာတော့အမှန်ပဲ
မှန်ထဲကိုဝင်လို့ရမယ်လို့ကိုယ်စိတ်မှမကူးခဲ့ဖူးတာ
နောက်ပြီးဘယ်လိုနည်းနဲ့လဲ

ကိုယ့်ခေါင်းထဲမူးဝေနေတုန်းမှာပဲ သူ့မျက်လုံးတွေကနတ်ဆိုးတကောင်လိုအကြည့်တွေလွှမ်းလာကာ ​အသံကလဲ အခန်းတခုလုံးဟိန်းထွက်ပြီး သွေးပျက်စရာကောင်းစွာနှင့်

The boy in the mirror(completed)Where stories live. Discover now