Ep - 11 [U]

5K 498 21
                                    

အခန်း (၁၁)

Warning [Age limited feeling]

“ ကျူး ”

လက်ကျန် လျော့နည်းလာတဲ့ ပုလင်းကို ကြည့်ပြီး သင်္ကာမကင်းစိတ်က ကိုကို့ ဦးနှောက်လှိုင်းမှာ အပြေးအလွှား အခစား ဝင်ထောက်တယ်။ ဒါပေမဲ့ နောက်ကျသွားပြီ။ မယုံကြည်နိုင်မှုကြောင့် မှင်သက် တွေဝေဆဲ မျက်ဝန်းတွေနဲ့ ဆွံ့အ,သွားရှာတဲ့ ကိုကို။ မလှုပ်မယှက် ငြိမ်ကျနေချိန်မှာပဲ ကျူးက နောက်တစ်ဆင့် တက်ပြီး လွန်ကဲဖို့ ရွယ်တယ်။ ကိုကို့အင်္ကျီက ကော်လံစကို ခပ်ဖွဖွ ဆွဲကိုင်လို့ ရိသဲ့သဲ့ ပြုံးပြတယ်။ ဒီလောက်ဆို ကိုကို သဘောပေါက်ရောပေါ့။

“ ဒါ နောက်စရာကိစ္စ မဟုတ်ဘူး ကျူး ”

စူးရှတဲ့ အကြည့်တစ်စုံနဲ့ ကိုကို့ လေသံတွေ အေးစက် ခဲနေရှာတယ်။ ကျူးရဲ့ လက်ကို ပုတ်ချပြီး မတ်တပ် ထရပ်ဖို့ ပြင်တော့ အထ မမြောက်လိုတဲ့ ကျူးကပဲ ကိုကို့ ရင်ဘတ်ကို ဆောင့်တွန်းပြီး အိပ်ရာပေါ် လှဲချပစ်တယ်။

အတင့်ရဲနိုင်စွမ်းတွေနဲ့ ရမ်းကားဖို့ အသင့်ဖြစ်နေတဲ့ ကျူးက ကိုကို့ခန္ဓာပေါ်မှာ အုံ့အုံ့ဆိုင်းဆိုင်း မှိုင်းရင်း ဆွဲငင်ညှို့မယ်။ ကာယအားမှာ မယှဉ်သာလည်း အငိုက်မိနေရှာတဲ့ ကိုကို့ကို မြန်ဆန်ဖျတ်လတ်မှုနဲ့  သိမ်းပိုက်နိုင်ဖို့ ကြိုးစား အားထုတ်ရမှာပေါ့။ ကျူးရဲ့ တုံ့ဆိုင်းခြင်းတွေကို တံခါးပိတ်ဝါဒနဲ့ မျက်စိစုံမှိတ်လို့ ဆင်ခြင်နိုင်စွမ်းရဲ့ အဝေးတစ်နေရာမှာ ခေါက်သိမ်းထားလိုက်ပြီ။

ကိုကိုနဲ့ပဲ နီးချင်တယ်။ ရင်ခုန်သံ ပြင်ပရပ်ဝန်းက ဘေးထွက်ဆိုးကျိုးအကြောင်းတွေ မစဉ်းစားချင်။ ဝေးမယ့်အဖြစ်လည်း တွေးပြီး မဆွေးချင်။

“ ကိုကို ”

“ --- ”

“ ကျူးနဲ့ ကစားရအောင်လေ .. နော် ကိုကို ”

ဖျားယောင်းလိုတဲ့ အငွေ့အသက်နဲ့ ချော့မြှူမိတဲ့ လေသံက ကျူးရဲ့ နားစည်မှာပါ လာခတ်တော့ အော့အန်ချင်စိတ်ပါ ပေါက်တယ်။ ဘဝသက်တမ်း တစ်လျှောက်လုံး လွတ်လွတ်လပ်လပ် ဆိုးခဲ့တဲ့ ကောင်က ခုကျမှ ကလူဇာတ် အခင်းအကျင်းနဲ့ မလိုက်မဖက် ရုပ်ပေါက်နေလိုက်တာများ။

Private AreaWhere stories live. Discover now