Ep - 16 [Z]

2.5K 191 36
                                    

အခန်း (၁၆)

“ ရောက်လာပြီလား ဆရာ ”

ဆေးရုံရောက်တော့ လူနာ ကြည့်ပြီးပုံ ရတဲ့ ဆရာမကြီး ဒေါ်ခင်သိန်းနဲ့ တွေ့တယ်။ အရပ် မနိမ့်မမြင့်နဲ့ ခပ်ဖိုင့်ဖိုင့် ခန္ဓာကိုယ် ပိုင်ဆိုင်ထားတဲ့ ဆရာမကြီးက သနပ်ခါးကိုလည်း နှစ်ခြိုက်စွာ လိမ်းတတ်လေ့ ရှိတယ်။

“ ဆရာ့ ကလေးက ဒီနေ့မှ ရောက်တာမလား။ မီးကလည်း ပျက်နေတော့ နေရာစိမ်းမှာ ကြောက်နေလိမ့်မယ်။ ဒီညတော့ လူနာကြည့်ပြီး စောစော ပြန်လိုက်ပါ။ ကျွန်မလည်း ရှိနေမှာဆိုတော့ သိပ်ပြီး စိတ်မပူပါနဲ့ ”

တာဝန်ကျ ဆရာဝန် နားနေခန်းထဲ ၀င်တော့ ဘေးက ပါလာတဲ့ ဆရာမကြီးက စောစောပြန်ဖို့ တိုက်တွန်းလာတယ်။ ကျူးကို မမြင်ဖူးသေးတော့ ကလေးလို့ပဲ ထင်နေရှာတယ်။

“ လူနာ ကြည့်ပြီးရင် ပြန်မှာဆိုတော့ ဆေးရုံကို ဆရာမကြီးနဲ့ပဲ အပ်ခဲ့ရတော့မယ် ”

“ စိတ်ချပါ ဆရာ။ Emergency Case ရှိလာရင် ကျွန်မ ဆရာ့ကို အကြောင်းကြားလိုက်ပါ့မယ် ”

“ ကောင်းပါပြီဗျာ။ ဘယ်အချိန်ဖြစ်ဖြစ် လှမ်းခေါ်လိုက်ပါ။ ကျွန်တော် အရောက် လာခဲ့ပါ့မယ် ”

“ ဟုတ်ကဲ့။ ဒါဆို ကျွန်မကို သွားခွင့်ပြုပါဦး ”

ဆရာမကြီးကို ခေါင်းညိတ်ပြပြီး လူနာမှတ်တမ်းကို တစ်ချက် စစ်ကြည့်လိုက်တယ်။ စကား နည်းပြီး ကူညီတတ်တဲ့ ဆရာမကြီးက မျက်နှာ တည်တာမို့ လူနာတွေအဖို့ ရှိန်စရာ ဖြစ်နေတယ်။

ညရှစ်နာရီ ထိုးတာနဲ့ Stethoscope ကိုင်ပြီး အမျိုးသမီး အဆောင်ကို အရင် သွားတယ်။ ဆေးရုံမှာ အမျိုးသမီးနဲ့ အမျိုးသားဆိုပြီး ဘယ်ညာနှစ်ဖက် အဆောင်ခွဲထားသလို သံဃာတော်တွေအတွက် သီးသန့်အဆောင်လည်း ပေးထားတယ်။

သွေးပေါင်ချိန်တိုင်း ကိရိယာနဲ့အတူ ဆရာမ မမူက ဘေးမှာ အတူလိုက်ပါတယ်။ ဆေးရုံမှာ ကျန်းမာရေးဝန်ထမ်း နည်းသလို လိုအပ်တဲ့  ဆေးဝါးထောက်ပံ့ ကိရိယာတွေလည်း ပြည့်ပြည့်စုံစုံ ရှိမနေဘူး။ အပြင်းအထန် ခံစားရတဲ့ အနေအထားမျိုးမှာ အောက်ဆီဂျင် ကုသရေး ပေးဖို့တောင် ခက်ခဲလှတယ်။

Private AreaWhere stories live. Discover now