episode 1

694 28 6
                                    

*** #ဆယ့်နှစ်ကြိုးခင်သုန် ***

(၁)
"သေချင်ရင် စိန်မစား နဲ့ ဒေါ်ပန်းအိ ဆီ သွား" ယောနယ်တဝိုက်မှာအခု
တလော ဒီစကားကခေတ်စားသည်...။
ဘာပဲဖြစ်ဖြစ်ဒေါ်ပန်းအိရဲ့ သမီးတွေ ွဖြစ်တ ဲ့ခင်မှုံနဲ့ ခင်သုန်တို့ရဲ့ အလှအပ စွဲဆောင်မှုအားကိုတော့.....ဒီစကား
လောက်နဲ့မတားဆီးနိုင်တာသေချာ
သည်။

ဒေါ်ပန်းအိ..စုန်း ၊အောက်လမ်း၊
မှော်ပညာရှင်တွေ ပေါပါတယ်လို့
နာမည်ကြီးတဲ့ဒီနယ်တစ်ကြောမှာ
တော့ဒေါ်ပန်းအိဆိုတ ဲ့နာမည်ကြား လျှင် တော်ရုံလောကီပညာတတ် ပါတယ်ဆိုတ ဲ့လူတွေဖြုံသ ွားတတ်ကြ သည်......။ရွာသူအဆင့်…...ကျင်းစား
အဆင့်…..တိုက်စုန်း....ပြုစုန်း…..
ခေါင်းလွတ်စုန်း အဆင့်လောက်တော့ ဒေါ်ပန်းအိကိုသွားမယှဉ်နဲ့ဒေါ်ပန်းအိက တိမ်ညွန့်စားတ ဲ့အဆင့်…..လို့
ရွာနီးချုပ်စပ်မှာ နာမည်ကြီးသည်....။
ဒေါ်ပန်းအိက မွေးကတည်းက လျှာမှာ
အနီစက်တွေပါသည်တဲ့..လျှာစက်အာစက်လို့ ခေါ်သတဲ့....။

ဒေါ်ပန်းအိကိုလူ တွေစသတိထားမိလာတာကတော့
သူရင်းငှားအုန်းမြင့်နဲ့ပတ်သက်တဲ့
ပြသနာတွင်ဖြစ်သည်။သူရင်းငှား အုန်းမြင့်က ဒေါ်ပန်းအိယောင်္ကျား ဦးကျား မသေခင်ကတည်းကဒေါ်ပန်း အိ တို့လယ်တွေမှာသူရင်းငှားလုပ်လာ တ ဲ့ကောင်...ဦးကျားသေပြီးကတည်းက သူရင်းငှားအုန်းမြင့်ကအချိ ု းတွေ ပြောင်းလာသည်......သူ့စိတ်ထ ဲမှာ မုဆိုးမကြီး ဒေါ်ပန်းအိ နှင့် သမီးနှစ်
ယောက်ကို အပိုင်တွက်ထားပုံရသည်။
ရွာဘုန်းကြီးပျံတုန်းက ဖွင့်သည့် ကက်ဆက်ဇာတ်လမ်းတွေထဲကလို
လယ်ကူလီနဲ့ လယ်ရှင်သမီး ဇာတ်မျိုး ခင်းခြင်ပုံရသည်....ဒီတော့အုန်းမြင့်ချိန်
နေတာက သူနှင့် ရွယ်တူအကြီးမ ခင်မှုံ…..အငယ်မ ခင်သုန်ကတော့
အခုမှဆံရစ်ဝိုင်းသိမ်းခါစဆံတောက် စချသည့်အရွယ်ဆိုတော့သူနှင့်မကိုက်.
အုန်းမြင့်ဇာတ်လမ်းစပုံကနည်းနည်း ကြမ်းသည်........။

တစ်နေ့ဒေါ်ပန်းအိ မရှိတုန်း ခင်မှုံနွားစာစဉ်းနေချိန်မှာ နွားတင်းကုတ်ထဲကိုအုန်းမြင့်၀င်လာ သည်… ...ခင်မှုံကိုရွာဘုရားပွဲတုန်းက မင်းသားအကြောင်းတွေ...ရုပ်ရှင်မင်းသား ပြေငြိမ်းသေသည့်အကြောင်း တွေ လာပြောတော့ခင်မှုံကလည်းငယ်ငယ် ငကတည်းက ကစားဖော်တွေမို့ ရိုးရိုးသားသားပဲ ရယ်ရယ်မောမော နဲ့ စကားပြန်ပြောသည်....။

ဆယ့်နှစ်ကြိုး ခင်သုန်Where stories live. Discover now