episode 2

335 20 0
                                    

*** #ဆယ့်နှစ်ကြိုးခင်သုန် ***
အပိုင်း( 2 )
……………………….

•••••••••
(၂)
ဒုတိယအကြိမ်ဒေါ်ပန်းအိကိုနာမည်
ကြီးအောင်လုပ်ပေးတာက….မစန်းခင်
မစန်းခင်က ဒေါ်ပန်းအိကို အစာမကြေ
သူ......ဒေါ်ပန်းအိဆီမှာ မစန်းခင်က သူ့ရွှေနားကပ်လေးအပေါင်ထားသည်သူ့ယောင်္ကျားဖိုးအေးကို သင်္ဘောသား ဖြစ်အောင်ရန်ကုန်ကဦးလေးတ၀မ်းကွဲက လုပ်ပေးမည်ဟုဆိုကာ လှမ်းခေါ် သဖြင့် ရွှေနားကပ်ပေါင်ပြီး ငွေထည့် ပေးလိုက်သည်..တစ်ပတ်လောက်ကြာ
တော့ ဖိုးအေး ရန်ကုန်ကပြန်ရောက်
လာသည်  သူ့ဦးလေတ၀မ်းက ွဲက
သူ့ရွှေနားကပ်ပေါင်ထားတဲ့ပိုက်ဆံ
ရော.....ပါသမျှပိုက်ဆံတွေပါလိမ်ပီး
ယူသွားသည်တဲ့.....အခုတော့ဖိုးအေး
ဖိုးအေး သင်္ဘောမတက်ဘ ဲ ရွာကထန်းပင်ပြန်တက်လိုက်ရသည်။

နားကပ်ဖိုး အတိုးကတက်လာပီး ပြန် မရွှေးနိုင်သောအခါ မစန်းခင်ကဂွင်ဖန် တော့သည်…...ရွာက ရှင်ပြုတစ်ခုမှာ
နားကပ်လေး ခဏ ပြန်ငှားရန် ဒေါ်ပန်း
အိကို တောင်းပန်သည်....ဒေါ်ပန်းအိ
ကလည်း ကိုယ်၀န်ကြီးတကားကားနဲ့ သူ့နာကပ်လေး လာပြန်ငှားသော မစန်းခင်ကိုသနားသဖြင့် ခဏပြန်ပေး လိုက်သည်…. ဖိုးအေး က လူကသာ သင်္ဘေားသားလုပ်မလိုလို..... ထန်းတက်သမားလုပ်မလိုလိုနဲ့ စောက်သုံးမကျတာ....ဒါမျိုးကျတော့
ကျွှမ်းကျွှမ်းကျင်ကျင်တတ်မြောက်ထားပုံရသည်......ခုကြည့် မစန်းခင်မှာ (၅)ယောက်မြောက်။

ရှင်ပြုပွဲကပြီးသွားပြီ……..တစ်ရက်....တစ်ပတ်…..နှစ်ပတ်…..မစန်းခင်က တော့ဒေါ်ပန်းအိတို့အိမ်ဘက်ခြေဦး
ပင် လှည့်မလာတော့…။

ဒေါ်ပန်းအိ သမီးအကြီးမ ခင်မှုံကိုခေါ်ပြီးမစန်းခင် အိမ်ကိုလိုက်သွားသည်…..အိမ်ရှေ့ ရောက်လို့မှနားကပ်အကြောင်းစကားစရသေး မစန်းခင်က ခုနှစ်သံချီ ဖြင့် ရန်တွေ့သည်..."ပိုက်ဆံပေးပြီးပြန်ရွှေး ထားတာကို… ..ကလိန်ကျပြီးလာပြန်
တောင်းနေတယ်အရပ်ကတို့ရေ..... ဒီအဘွားကြီး အသက်ကြီးပြီးအချိန်မစီး ဘဲလူလည်လာကျနေပါတယ်" ဆိုပြီး
စတင်ပါလေရော... အ ဲ့မှာခင်မှုံက  မခံနိုင်ဘ ဲ ၀င်တောင်းပန်တယ်...

ဆယ့်နှစ်ကြိုး ခင်သုန်Where stories live. Discover now