episode 3

322 18 3
                                    

*** #ဆယ့်နှစ်ကြိုးခင်သုန် ***

•• အပိုင်း ( 3) ••

…ဓါးထိပ်ဖျားတွင် ပေကျံနေသော သွေးများ အား လျှာဖြင့် လျက်ကာ မြိုချလိုက်သည်………….။

ခင်သုန့် မျက်၀န်းတွင် မျက်ရည်များ တစစီ စီးကျနေသလို..ခင်သုန့်၏ နီရဲစိုမည့်နေသော နှုတ်ခမ်း ဖူးဖူးတွင်လည်း ဒေါ်ပန်းအိ ၏ သွေးစက်တစ်ချို့က စီးကျနေသည်………

"ကိုကြီး မောင်လွင်… အမေ့အလောင်းကို ရွာအပြင်မှာပဲ ထားလိုက်ပါ……..အမေ့ကို မီးသဂြိုလ်ပေးပါ.. ကျွန်မ မလာဘူး……ရက်မလည်ဘူး………အမေသေပြီး(၁၀)ရက်မြောက်နေ့မှ ကျွန်မ အိမ်ထဲက ထွက်မလာရင် အ်ိမ်တံခါးဖြတ်ပြီး ၀င်ခဲ့ကြပါ"

ခင်သုန် က ခင်မောင်ကျော် အား ကြိုးဖြင့်တုပ်ရင် သူ့အား ကြောင်ကြည့်နေသော ကာလသားခေါင်း မောင်လွင် အား ကြည့်ကာ……အမိန့်ဆန်ဆန်ပြောဆိုမှုကြောင့် မောင်လွင် ပါ တုန်တက်သွား သည်………..။
ခင်သုန်က အားလုံးကို ကျောခိုင်းပြီး ခြံအတွင်း ပြန်၀င်သွားသည်…….။

သေခြင်ရင် စိန်မစားနဲ့ ဆိုသော ဒေါ်ပန်းအိ ကတော့ သွေးအိုင်ထဲတွင် ငြိမ်သက်လျက်..
ခင်မောင်ကျော်က တော့ ခေါင်းငိုက်စိုက်လျက်………………………………
အဲ့ဒီညက ရွာကလေးက ထူးထူးခြားခြား ခြောက်ခြားဖွယ်ကောင်းအောင် တိတ်ဆိတ်နေတော့သည် ။

……………………….

( ၄)

"ဆယ်ရက်မြောက်တော့မမ ခင်သုန်ပြန်ထွက်လာလား"

"ဟိုကောင်ဟိုကောင်ခင်မောင်ကျော် ရော ဘာဖြစ်သ ွားလဲ" ရဲဖြို း နှင့် အာကာ၏ အမေးကို ယောနယ်သား ၀င်းထိုက်က လက်ကာပြပြီး ဝီစကီ ပုလင်းကိုခွက်ထဲငှဲ့ထည့်လိုက်သည်

"ဆက်ပြောမယ်.....ခဏလေးပါဟ.... ငါလခွီး..…ချီးမှပဲ" ယောနယ်သား ၀င်းထိုက်က သူတို့ရွာက ဆယ့်နှစ်ကြို း စုန်းမ မမခင်သုန်အကြောင်းဟု အစချီ ကာအရက်ဝိုင်းတွင်ပြောပြနေသည်ကိုရဲဖြို း နှင့် အာကာ က စိတ်၀င်စားနေ သလို.....ခုတင်ပေါ်တွင်စာဖတ်နေ
သောခက်ဇော်ပါ စိတ်၀င်တစားလာ နားထောင်သည်....။

"အေး……….(၁၀)ရက်မြောက်နေ့မှာ မမခင်သုန်ပြန်ထွက်လာပြီးသူ့အမေရဲ့ ဂူကိုသွားတယ်ကွ…..ရွာဦးကျောင်း ဘုန်းကြီး ဦးဝါယမ နဲ့ ရွာလူကြီးတွေက မမခင်သုန်ကိုသချိ ုင်းအထိလိုက်လာ
ပြီးရက်လည်လုပ်ပေးဖို့ပြောတယ်.....
မမခင်သုန်က ဘာမှမပြောဘူး...... ဆရာတော်ကိုတောင် ခပ်စိမ်းစိမ်းတစ်
ချက်ကြည့်ပြီးပြန်လှည့်ထွက်သွားတော့ တာပါပဲကွာ။"ခင်မောင်ကျော်ကတော့ မခင်သုန် အိမ်ထဲပြန်ထွက်လာတဲ့နေ့ မှာပဲ မုံရွာအချု ုပ်ထဲဆုံးတယ်......
ထူးဆန်းတာက အချ ုပ်ထဲမှာခွေးရူးပြန် သလိုဖြစ်ပြီး လက်တွေ ခြေတွေကို သူ့ကိုယ်သူပြန်ကိုင်တယ်တဲ့......
ပြီးတော့…..အချုပ်ခန်းသံတိုင်ကိုရဲတွေအလစ်မှာ ခေါင်းနဲ့ပြေးဆောင့်တာ ပွဲခြင်းပြီးပဲတ ဲ့ကွာ"  အဲဒီနေ့ကစပြီး ရွာနီးချုပ်စပ်မှာ ပြောကြတဲ့သတင်း
တစ်ခုကတော့…....မခင်မှုံဆုံးပြီးတဲ့ ဲ့နောက်ဒေါ်ပန်းအိဟာ ခင်သုန်ကို ဘူးသွင်းပေးခဲ့တယ်"  အာကာ က

ဆယ့်နှစ်ကြိုး ခင်သုန်Where stories live. Discover now