final

361 22 0
                                    

*** #ဆယ့်နှစ်ကြိုးခင်သုန် ***

•••••••••••••••••••••••••••••••••
အပိုင်း (5) ဇာတ်သိမ်း

"မင်းတော်တယ် ခက်ဇော်"

မမခင်သုန်က အခုမှ သူ့မျက်လုံးတွေစီးထားသော ဇော်ဂနက်ထမီစကို ဖြည်ပေးလိုက်ခြင်းဖြစ်သည်.. ဒါဆိုခုနက…

"အေး ဒီအဆင့်ကတော့ ဇော်ဂနက်မျက်ကွင်းလိမ်းတာပဲ..ဇော်ဂနက်မယ်တော်ကြီးရဲ့ ထမီစမှာ အစီအရင်အင်းတစ်ခုကို ရေးထားတယ်.. ပြီးတော့ မင်းမျက်နှာကို စည်းလိုက်တဲ့အချိန်မှာ… မသုန် တို့ စုန်းလောကရဲ့ သက်ဆိုင်ရာနယ်မြေအပိုင်အဆင့်တွေအကုန်လုံးကို မင်းမြင်ရတယ်.. သူတို့က မင်းကို စုန်းပညာ သင်ပေး ဖို့ အရည်အချင်းရှိ မရှိ လာအကဲဖြတ်တာပဲ….
မင်းမြင်ခဲ့တာက အဆင့်မြင့်စုန်းပညာရှင်တွေဖြစ်တဲ့ မောက်လုံး မောက်ပြား နဲ့ ဆယ့်နှစ်ကြိုးကဝေ တို့ရဲ့ မူလပညာပရမတ်ရုပ်တွေပဲ…..မင်းလည်း ဒီပညာခန်းအဆင့်ဆင့်ကို (၆)နှစ်အတွင်းလေ့ကျင့်ပြီး (၁၂)ကြိုးအဆင့်ရောက်ရင် မသုန် တို့လို မူလပညာပရမတ်ရုပ်တွေ ဖြစ်လာလိမ့်မယ်"
ကဲ…ခက်ဇော်………..ဘယ်လိုလဲ..စုန်းဖြစ်ချင်သေးလား…"

..စကားတင်းတင်းပြောနေသော်လည်း ခက်ဇော်ကို စိုက်ကြည့်နေသည့်မျက်လုံးတွေက အရည်လဲ့နေသည်…

"မင်း…မိုက်လိုက်တာ မောင်လေးရယ်…"

မမသုန် အသံက ရှိုက်သံပါလာသည်…. ခက်ဇော် မမသုန်ကို စိုက်ကြည့်နေမိသည်….
မမသုန် ရင်ခွင်ထဲ ခက်ဇော် ကလေးလေးတစ်ယောက်လို တိုး၀င်မိသည်..မမသုန်က ဒူးထောက်ထား သော ခက်ဇော် ကို မတ်တပ်ရပ်လျက်ကနေ ဖက်ထားသည်……….။

"မင်း..မင်း..စုန်းမဖြစ်ရဘူး…မောင်….
မင်းကို မမသုန် လူမိစ္ဆာဖြစ်ခွင့် မပေးနိုင်ဘူး"

"ဟာ မမသုန်.. အဲ့လိုမလုပ်နဲ့လေ.. စည်းကမ်းကို ဖောက်ဖျက်တဲ့ စုန်း ပညာသင်ကို ချိုးဖောက်တဲ့ စုန်း ဟာ ဝိညာဉ်နှုတ်ခံရတယ်ဆို…မမ မလုပ်ပါနဲ့ဗျာ..ကျွန်တော့်ဘာသာ ဘာဖြစ်ဖြစ်..မမ ဘာမှမဖြစ်ဖို့လိုတယ်.. နော်..မမသုန်……ကဲ့ ပညာရပ်နောက်တစ်ခန်း ဆက်တက်မယ်..ကျွန်တော့်အတွက် စခဲ့ပြီးပဲ..ခုန မသုန်ပြောသလိုပေါ့"

You've reached the end of published parts.

⏰ Last updated: May 24, 2020 ⏰

Add this story to your Library to get notified about new parts!

ဆယ့်နှစ်ကြိုး ခင်သုန်Where stories live. Discover now