episode 4

300 16 0
                                    

*** #ဆယ့်နှစ်ကြိုးခင်သုန် ***

အပိုင်း ( 4 )
•••••••••••••••••••••••••••••••••••••••••

(၈)
"ဘယ်လိုပြောလိုက်တာလဲ ခက်ဇော်ရယ်… စုန်းပညာ ဆိုတာ အပါယ်လားဖို့ ကျိန်းသေအာမခံထားတဲ့ ပညာရပ်ပါလို့ မမ ခုနက ပြောခဲ့ရဲ့သားနဲ့….မင်းက ဘာလို့သင်ချင်ရတာလဲ"
"မဟုတ်ဘူး..မမ..ကျွန်တော်ဒီကိုလာတဲ့ရည်ရွယ်ချက် နံပါတ်(၁)က အဲ့ဒီ စုန်းပညာကိုသင်ချင်လို့ပဲ… နံပါတ်(၂)ကတော့ မမခင်သုန် ကို တွေ့ချင်လို့ပဲ………မမ…ကျွန်တော့်ကို စုန်းပညာ သင်ပေးလို့ရလား..မမ"

"မမ…..မင်းကို လုံး၀ မသင်ပေးနိုင်ဘူး…..ခက်ဇော်… ဒီအကြောင်း မင်းဆက်ပြောမယ်ဆိုရင် မမ အိမ် မင်းဘယ်တော့မှ မလာနဲ့တော့….ဒါ….မမ မင်းကို သံယောဇဉ်ရှိလွန်းလို့ ပြောရတာပါ…သိလား"

"ကျွန်တော်က စုန်းပညာကို စိတ်၀င်စားတယ်…ပြီးတော့…အဝေစိ ဆိုလည်း ဘာဖြစ်လဲ..မမသုန် ပါတာပဲ…နှစ်ယောက်အတူတူ သွားကြတာပေါ့ဗျာ……မမသုန်ပါရင် ကျွန်တော် အဝီစိလည်း မကြောက်ဘူး"

ခက်ဇော် ၏ စကားလုံးတွေကြောင့် ခင်သုန်တစ်ကိုယ်လုံး နွေးထွေးသွားသလို..အရင်လို တစ်ကောင်ကြွက် ခင်သုန် မဟုတ်တော့ပါလား ဆိုသည့် အတွေးမျိုးကြောင့် အားရှိသွားမိတာတော့ အမှန်..
အဝိစိကိုတောင် အတူလိုက်မတဲ့လား…..ကောင်လေးရယ်..။

အဲ့ဒီနေ့ကစပြီး ခက်ဇော် နှင့် စကားအတိုက်အခံမပြောချင်သဖြင့် ခင်သုန်တစ်ယောက် ရှောင်နေခဲ့သည် ။ ခြေထောက်ကလည်း သက်သာလာပြီဖြစ်သဖြင့် စက်ဘီးဖြင့် တစ်ဖက်ရွာက စာရင်းငှားချထားသည့် လယ်တွေဆီ တစ်နေကုန် လျှောက်သွားနေမိသည်………….။
မမခင်သုန်……လို ဘ၀ မျိုး မင်းမရောက်ချင်ပါနဲ့……ခက်ဇော်ရယ်…။
မမခင်သုန် ဆုတောင်းမပြည့်ခဲ့ပါ………………….။

…………………………………………………………..

ခက်ဇော် က ၀င်းထိုက်အဖေနှင့်အတူ
နွားနောက်မွေးသည့်ခြံများဘက် ခြေဦးလှည့်နေသည်… ယောနယ်က ချင်းပြည်နယ်နှင့်ကပ်နေသောကြောင့် နွားနောက်များဖြစ်ထွန်းသည်….ဘာပဲဖြစ်ဖြစ် နွားနောက်ခြံ တွေဆီ လာရောက်ခြင်းက ခက်ဇော်၏ ကံကြမ္မာအတွက် အဆိုးအကောင်း..ဆုံးဖြတ်စေခဲ့တော့သည် ။

ဆယ့်နှစ်ကြိုး ခင်သုန်Where stories live. Discover now