From Unrequited Love To...(1)💞

3.6K 161 4
                                    

Uni

"Senior
ကျွန်တော် senior ကိုချစ်တယ်"

"ကိုယ့်မှာရည်းစားရှိတယ်"

"ဟုတ်ကဲ့ ကျွန်တော်သိပါတယ်
ပြီးတော့သူနဲ့ senior ဒီနေ့ညနေကျောင်းဆင်းရင်
ပြတ်မယ်ဆိုတာလည်း သိထားပါတယ်"

"Wow မင်းကသေချာစုံစမ်းထားတာပဲ"

"........."

"ထုံးစံအတိုင်း ငါမင်းနဲ့ တစ်ပတ်တွဲမယ်
အဲ့ထက်လျော့ မလျော့ဆိုတာတော့ မင်းအပေါ်
မူတည်တယ်"

"Senior senior တစ်ကယ်ပြောတာလား"

"tsk ငါဘယ်တုန်းကပြောပြီးသားစကားကို ပြန်ပြောဖူးလို့လဲ
မင်းဒါလေးတောင်မ"

"တောင်းပန်ပါတယ် တောင်းပန်ပါတယ် ခင်ဗျာ
ဒါဆိုကျွန်တော်တို့ မနက်ဖြန်စတွဲမှာလားဟင်"

"မတွဲတော့ဘူး"

"ဗျာ ဘာ ဖြစ်လို့လဲ"

"မင်းခုနက ငါပြောနေတုန်းကြားဖြတ်ပြောတယ်လေ
ငါစကားပြောနေတုန်း ကြားဖြတ်ပြောတာ ငါမကြိုက်ဘူး ဆိုတာမသိဘူးလား"

"သိ သိပါတယ်
ကျွန်တော် နောင်မဖြစ်စေရဘူးလို့ အာမခံပါတယ်
ကျိန်ဆိုလည်း ကျိန်ပါ့မယ်
senior ကျွန်တော့်ကို အခွင့်အရေး‌လေးတစ်ခါလောက်ပေးပါ"

"ပြောပြီးသားစကားကိုပြန်မပြောတတ်တာ ငါ့အကျင့်ဘဲ ကောင်လေး
မင်းငါ့အကြောင်းသေချာ မသိဘဲတွဲဖို့ လာမပြောသင့်ဘူး
နောက်တစ်ခေါက်မှပေါ့"

"........"

Wang Yibo သူ့ရှေ့က ကောင်လေးမျက်ရည်ဝဲနေတာကိုကြည့်ပြီးစိတ်မကောင်း
senior Xiao Zhan ကသူတို့တစ်ကျောင်းလုံးရဲ့ King,
မိန်းကလေးတွေပါမက ယောင်္ကျားလေးတွေကလည်း ge ကိုကြိုက်ကြတယ်
ge ကလည်းသူ့ကိုရည်းစားစကား လာပြောတဲ့လူတိုင်းကို ပြန်လက်ခံတယ်
ge က အရပ်ရှည်တယ် ပိန်တယ် six pack မရှိဘူး ဒါပေမယ့် ချစ်ဖို့ကောင်းတယ်
အသားက ဖြူတဲ့ဘက်အရမ်းမသွားဘဲနဲ့ ၀င်း၀င်းလေး
နှုတ်ခမ်းအောက်လေးမှာလည်း တခြားသူတွေရဲ့
နှလုံးသားတွေကို ခိုးနေတယ့် သူခိုးပိစိလေးကလည်းရှိသေးတယ်
တခြားသူတွေလို ရီရင်လှတာတို့ ပြုံးရင်ချစ်ဖို့ကောင်းတာတို့ မဟုတ်ဘဲ ကျွန်တော့်ရဲ့ကောလေးက ဘာလုပ်လုပ် ချစ်ဖို့ကောင်းနေတာ
ပြုံးလိုက်ရင်နန်းဆန်တယ်
ရီလိုက်ရင် ယုန်ပေါက်လေးလိုဘဲ ချစ်ဖို့ကောင်းတယ်
တည်နေတဲ့အချိန်ကျတော့လည်း နတ်သားလေးတွေလိုပဲ ချောတယ်
သူ့သူငယ်ချင်းတွေနဲ့ ရန်ဖြစ်လို့ နှုတ်ခမ်းလေး ထော်နေတဲ့ အချိန်ဆို
ကျွန်တော့်မှာ သေလို့တောင်ရတယ်

From Unrequited Love To...(Complete)Where stories live. Discover now