From Unrequited Love To...(2)💞

1.4K 123 11
                                    

Uni

"Senior senior
Senior Xiao Zhan နဲ့ Senior Hao Xuan"

Xiao Zhan နဲ့ Hao Xuan ကျောင်းဆင်းလို့
အတန်းထဲကထွက် ခါစဘဲရှိသေးတယ်
သူတို့နာမည်ခေါ်နေသံကြားလို့
အနောက်လှည့်ကြည့်လိုက်တော့ အလယ်တန်းကကောင်းလေးတစ်ယောက် သူတို့နာမည်ကို အော်ခေါ်ပြီးပြေးလာတာတွေ့လိုက်တယ်
အာ့နဲ့ဘဲ နံရံကိုမှီပြီး အဲ့ကောင်လေးအလာကိုစောင့်နေလိုက်တယ်

"ဟောဟဲ ဟောဟဲ"

Xiao Zhan ကောင်လေးကိုကြည့် လိုက်တော့
ဟောဟဲ ဟောဟဲ နဲ့တော်တော်မောနေပုံရတယ်
အာ့နဲ့ သူအမောဖြေတာ ခဏ စောင့်ပြီးတော့မှ
သူပြေးလာရတဲ့ အကြောင်းကိုမေးလိုက်တယ်
မမေးလို့လည်း မရတော့ သူပဲပြောစရာရှိလို့
အသည်းအသန်ပြေးလာပြီးတော့ အမောဘဲဖြေနေပြီး
ဘာမှမပြောဘူးလေ
ဟိုကောင် Hao Xuan ကလည်းအဲ့ကောင်လေးကိုငမ်းနေတာ ငမ်းနေတာ ဆိုတာ မျက်လုံး ကျွတ်ထွက်မတတ်

"ဘာကိစ္စလဲ"

"ဟို ကျွန်တော်တို့အတန်းထဲက Wang Yibo ဆိုတဲ့တစ်ယောက်ကို senior အုပ်စုတစ်စု အနိုင်ကျင့်နေလို့ပါ"

"ဘာ!!!!!!!!!
မင်းအဲ့တာကိုအခုမှပြောရလား
ဘယ်မှာလဲ"

"ကျွန်တော်အလယ်တန်းအဆောင်ကနေ
အထက်တန်းအဆောင်ထိပြေးလာရတာဗျ မောတယ်"

Xiao Zhan သူ့ကို မျက်စောင်းကြီးထိုးပြီး ပြန်အော်နေတယ့် ကောင်လေးအင်္ကျီကိုဆောင့်ဆွဲလိုက်တယ်

"မင်းကမောဘဲမောတာကွ
ဟိုမှာဘာဖြစ်နေပြီလဲမင်းသိလို့လား
အခု Yibo ဘယ်မှာလဲ"

"Xiao Zhan ဖြည်းဖြည်းပြောပါကွာ
သူလည်းမင်းကိုလာပြေးပြောတာဘဲ"

Hao Xuan တစ်ယောက် Xiao Zhan ကို
ပြေရာပြေကြောင်းပြောပေးပြီး
ကြောင်နေတဲ့ကောင်လေးကိုလည်း

"ကောင်လေး Yibo ဘယ်မှာလည်း"

"အိမ် အိမ်သာမှာ"

ကောင်လေးဆီကနေသိတာနဲ့ Xiao Zhan
ကောင်လေးရဲ့ အင်္ကျီကိုလွှတ်လိုက်ပြီး
Yibo ရှိတဲ့နေရာကိုပြေးသွားတယ်
စိတ်ထဲကလည်း
*Yibo လေး ge ကိုစောင့်နေနော်
မကြောက်နဲ့ ကောလာနေပြီ*

Hao Xuan လည်း Xiao Zhan ပစ်ချလိုက်လို့
ခါးနာသွားဟန်ရှိတဲ့ ကောင်လေးကိုထူပေးရင်းနဲ့

From Unrequited Love To...(Complete)Where stories live. Discover now