From Unrequited Love To...(5)💞

1.1K 93 2
                                    

Uni

Xiao Zhan တစ်ယောက် alarm အကူအညီမပါဘဲ
မနက် ခြောက်နာရီတည်းက နိုးနေလေရဲ့
နိုးကတည်းက အင်္ကျီတွေ တစ်စုံပြီးတစ်စုံလဲနေပြီး
တစ်စုံမှလည်းစိတ်တိုင်းမကျ
အမှန်ဆို ကျောင်း၀တ်စုံဖြစ်တဲ့အတွက်
အကုန်လုံးက အတူတူဘဲ
အဲ့ဒါကိုဘဲ ဘာကိုအားမလိုအားမရ ဖြစ်နေမှန်း စဉ်းစားလို့မရ
၀တ်စုံရွေးမှုကို တစ်နာရီနည်းပါးလောက် ဆောင်ရွက်ပြီးသည့်အခါမှာတော့ 50% လောက် perfect
ဖြစ်သွားပြီ
100% perfect ဖြစ်စေရန် မျက်နှာလေးကို
suncream လေးပါးပါးလေး လူးလိုက်တော့ နဂိုမျက်နှာ ‌ဖွေးဖွေးလေးက ပိုဖွေးနေ သယောင်
နှုတ်ခမ်းလေးကိုလည်း lip balm လေးဆိုးလိုက်တော့
Wow... ကိုယ့်နှုတ်ခမ်းတောင် ကိုယ်ပြန်နမ်းချင်လာတယ်
😆😆😆

( ငါလေးစိတ်လေတယ်နော် 🙄🙄 )

ပြီးရင်ကိုယ့် ပုံမှန် hair style လေးကိုပုံမပျက်စေရန်
hair spray လေးဖြန်းလိုက်ချိန်တွင်တော့
Perfect 😎😎

ကိုယ့်ကိုယ်ကို မှန်ရှေ့ 4 5 ခေါက်လောက်လှည့်ပတ်ကြည့်ပြီး လုံး၀စိတ်တိုင်းကျတော့မှ ပုံမှန်ထက် တည်ငြိမ်သော ခြေလှမ်းများဖြင့် အောက်ဆင်းလာခဲ့တယ်
ဟုတ်တယ်လေ အရင်နေ့တွေတုန်းကလို ပြေးလွှားဆင်းရအောင်လည်း ကျောင်းနောက်ကျတာမှမဟုတ်တာ
အရေးကြီးဆုံးကတော့ တစ်နာရီခွဲနီးပါးလောက်သထားရသည့် style ပျက်မှာစိုး၍ပင်ဖြစ်သည်

သူအပေါ်ထပ်ကဆင်းလာတာကို ဧည့်ခန်းထဲမှာသတင်းစာဖတ်နေတဲ့ပါးကမြင်တော့

"သား Zhan Zhan
ထူးထူးဆန်းဆန်း ဘယ်လိုဖြစ်လို့"

"ဟဲ ဟဲ
အဲ့လိုလေးတွေရှိတယ်"
"သားသွားတော့မယ်နော်ပါး
Breakfast မစားတော့ဘူး မားကိုပြောပေးအုံးနော်"

"အေးအေး"

ပါးကိုပြောပြီးသည်နှင့် ကျောင်းကိုမြန်မြန်သွားလိုက်တယ်
သူကျောင်းရောက်တော့ ဘယ်သူမှတောင်မရောက်သေး
ဘယ်ရောက်အုံးမလဲ သူကချိန်းထားတဲ့အချိန်ထက် နာရီ၀က်လောက် စောပြီးရောက်နေတာလေ
သူရောက်ပြီး 15 မိနစ်လောက်ကြာတော့
Yubin ရောက်လာကာ

"အမယ် ကိုကို Zhan တို့များနော် ထူးထူးဆန်းဆန်း
ကျောင်းကိုအစောကြီးရောက်နေပါလား"

From Unrequited Love To...(Complete)Where stories live. Discover now