From Unrequited Love To...(14)💞

1.7K 80 8
                                    

Uni

"ge တို့ကျောင်းမရောက်ခင်အရင်‌ကျောင်းမှာတုန်းက
ကျွန်တော်က ခဏခဏ ရန်ဖြစ်တယ် ရန်ဖြစ်တယ်ဆိုတာကလည်း ge တို့လိုမျိုး အခြားလူတွေကိုကူညီတာပါ
ဒါပေမယ့် ge တို့လိုမျိုးအုပ်စုလိုက်တော့မဟုတ်ဘူး
ကျွန်တော်တစ်ယောက်တည်း နောက်တော့
Wang Yibo ဆိုတာနဲ့ အကုန်လုံးနီးပါးကြောက်တဲ့အထိဖြစ်လာတယ်
အဲ့တာကိုပါးကမကြိုက်ဘူး
အာ့ကြောင့် ပါးကကျွန်တော့်ကို America သွားခိုင်းတာ
ကျွန်တော့ရဲ့မားကပါးရဲ့နောက်မိန်းမလေ"

"ဟင်"

"အင်း ကျွန်တော့်ရဲ့ အမေကဆုံးသွားတာကြာပြီ"

"ge ကို Yibo လေးမားနဲ့တွေ့ဖို့ခေါ်သွားပေးဦးလေ"

ခေါင်းလေးမော့ပြီးပြုံးကာပြောနေတဲ့ ge ရဲ့ နှဖူးလေးကိုနမ်းလိုက်ရင်း

"မနက်ဖြန်ခေါ်သွားပေးမယ်"

"အင်း ဆက်ပြော"

"အင်း အာ့နဲ့ကျွန်တော်ကမားကို အဲ့တုန်းကမိထွေးဆိုပြီး
သဘောမကျဘူး
အာ့တာနဲ့သူနဲ့ဝေးရာမသွားချင်ဘူး
ကျွန်တော်မရှိတဲ့အချိန် ကျွန်တော့အဖေကိုအယုံသွင်းမှာစိုးလို့လေ"

"🤣🤣ge Yibo ကတစ်ကယ့်ကလေးလေးဘဲ"

"😒😒"

"ဆက်ပြော ဆက်ပြော😁"

"အာ့နဲ့ ကျွန်တော် America မသွားဘဲ ge တို့ကျောင်းကိုပြောင်းလာတာ"

"အော်"

"အင်း ကျွန်တော်ကျောင်းပြောင်းပြီး တစ်ပတ်အကြာလောက် ge နဲ့စတွေ့တာ"

"အဲ့ ကတည်းက ge ကိုကြွေသွားတာလား"

"အင်း"

"ဟင်"

"တစ်ကယ် ကျွန်တော် ge ကိုအဲ့ကတည်းကစကြိုက်ခဲ့တာ
အဲ့တုန်းက ge တို့သုံးယောက်ကကောင်လေးတစ်ယောက် အနိုင်ကျင့်ခံရတာကိုကူညီပေးနေတာ
အဲ့ကတည်းကစပြီး ကျွန်တော် ge မသိအောင် ge ဘေးနားမှာ အချိန်ပြည့်ရှိနေခဲ့တာ"

"အဲ့တာများ Yibo ရယ် ge ကိုလာပြောတာမဟုတ်ဘူး"

"အဲ့တုန်းက ge က one week မင်းသားလေ
ကျွန်တော့်အချစ်က တစ်သက်လုံးစာတွက်ဗျ တစ်ပတ်စာအတွက်မဟုတ်ဘူး"

From Unrequited Love To...(Complete)Where stories live. Discover now