From Unrequited Love To...(6)💞

1.1K 95 8
                                    

Uni

7 years later

📱Zhan Zhan ဘယ်ရောက်နေပြီလဲ📱

📱ရောက်တော့မယ်ရောက်တော့မယ်
နောက်ဆယ်မိနစ်ပဲ📱

📱မြန်မြန်လာ
မင်းလုပ်နေတာ ရိုးရိုး boss ရဲ့ secretary မဟုတ်ဘူးနော်
တရုတ်ပြည် Top1, YZ gp, CEO secretary ရဲ့
လက်ထောက်📱

(ဟူးးးမောလိုက်တာ 😁)

📱သိပါတယ်ကွာ
ရောက်တော့ပါမယ်ဆိုမှ စောက်ရမ်းစကားများတာဘဲ
အဘိုးကြီးကျနေတာဘဲ
မင်းအဲ့လိုပါးစိပါးစပ်များနေပုံနဲ့
ဒီတစ်သက် အိမ်ထောင်ကျမှာမဟုတ်ဘူး😠😠📱

📱Xiao Zhan!!!!!!!!!!📱

အမလေးပြဲလိုက်တဲ့အသံဆိုတာ
Ph ချလိုက်တာတောင် နားထဲအူနေတုန်းဘဲ
ဟူးးးးး အဲ့လိုအသံတွေကြားရမှာစိုးလို့
မနက်စောစောထမယ်ဆိုပြီး alarm ပေးထားတာကို a.m နဲ့ p.m မှားပေးမိတာတော့မတတ်နိုင်ဘူး

ဒါဒါလေးတွေနဲ့ကျွန်တော်နဲ့ ၇ နှစ်ကြီးများတောင်ဝေးထားတာဆိုတော့ ကျွန်တော့်အကြောင်းလေးအကျဉ်းချုပ်ပြောပြပါရစေ

ကျွန်တော့်ပေါက်စလေးနဲ့ တွေ့ဖို့သွားတဲ့နေ့က ပေါက်စလေးရောက်မလာခဲ့ဘူး
ဒါပေမယ့် အဲ့နေ့မတွေ့ရတာကို အချိန်အတော်ကြာခွဲခွါနေရမှာလို့ခံစားနေရပြီး ဝေးသွားခဲ့ရင် ဆိုတဲ့အတွေးနောက်မှာတော့
ကျွန်တော့်မျက်ရည့်တွေ လိုက်လာတယ်

ဘယ်လောက်ကြာအောင်မျက်ရည်ကျနေမိလည်းမသိဘူး
နောက်ဆုံးရင်ဘတ်ထဲအောင့်လာကာ အသက်ရှူတွေလည်းကြပ်လာပြီး ကျွန်တော်လောကကြီးနဲ့ အဆက်အသွယ်ပျက်သွားတယ်
အိမ်မက်ထဲမှာတော့
ကျွန်တော့်ပေါက်စ‌လေးကမျက်ရည်တွေနဲ့
ကျွန်တော့်ကို တာ့တာပြနေခဲ့တယ်

ကျွန်တော်ပြန်နိုးလာတဲ့အချိန်မှာတော့ ဆေးရုံရောက်နေခဲ့ပြီး
ကျွန်တော်မကြားချင်ဆုံးသတင်းကို Jiyang ကပြောပြခဲ့တယ်
ကျွန်တော့်ပေါက်စလေး America ကိုကျောင်းပြောင်းသွားတယ်တဲ့လေ
ကျွန်တော်အငိုမျက်လုံးအပြုံးမျက်နှာနဲ့ဘဲခေါင်းငြိမ့်ပြလိုက်မိတယ်
နောက်ပိုင်းမှာတော့ ကျွန်တော်စီးပွါးရေးတက္ကသိုလ်တက်ပြီးဘွဲ့ရလာခဲ့တယ်
ပထမတော့ ပါးကုမ္ပဏီမှာဘဲ ပါး secretary ရဲ့ လက်ထောက်အနေနဲ့ အလုပ်တွေကိုလေ့လာဖို့စဉ်းစားထားပေမယ့် ပါးကရုတ်တရက်ကြီး YZ gp , CEO ရဲ့ secretary လုပ်ဖို့ပြောလာတယ်
အကြောင်းပြချက်ကတော့ Xiao gp ရဲ့ တစ်ဦးတည်းသောသားဆိုပြီး တစ်ခြားအဖွဲ့၀င်တွေရဲ့ ဦးစားပေးမှုမခံရအောင်လို့တဲ့လေ
အခုကျွန်တော် Yubin နဲ့ YZ Company မှာအလုပ်တူတူလုပ်နေတယ်
Yubin က YZ shopping mall ရဲ့တာ၀န်ခံဖြစ်ပြီးတော့ ကျွန်တော်ကတော့ CEO's secretary ရဲ့‌ လက်ထောက်
ကျွန်တော်အလုပ်၀င်တာ တစ်နှစ်ရှိပြီ CEO နာမည်က Leo နဲ့ America မှာနေတယ်ဆိုတာရယ်ကလွဲပြီးဘာမှမသိဘူး
interview ရင်လည်းသူ့လက်ထောက်ပဲအမြဲ view နေကျ
ကျွန်တော့်အထင်တော့အဲ့ CEO ဆိုတဲ့တစ်ယောက်ကရုပ်ဆိုးလို့လူလုံးထွက်မပြတာဖြစ်မယ် ဟိ ဟိ
‌ဟော ဒါဒါလေးတွေကိုပြောနေရင်းနဲ့ ကုမ္ပဏီရှေ့တောင်ရောက်လာပြီ
Yubin အအော်မခံရရေး ဒို့အရေးလု့ပ်ပြီးပြေးပြီ‌ဗျို့
Bye bye

From Unrequited Love To...(Complete)Where stories live. Discover now