အပိုင်း၂

62.5K 1.7K 123
                                    

Unicode

At Mandalay....

ပါးပါးကတော့ သားသားတို့3ယောက်ကိုပို့ပြီးချက်ချင်းပြန်သွားတာပဲလေ
ဖွားဖွားကမပြန်ပါနဲ့အုံးပြောတာတောင်
လူနာတွေရှိလို့ချက်ချင်းပြန်ရမယ်တဲ့
အဲ့ကြောင့်ပြောတာပေါ့သားသားကမွေးစားသားပါဆို 😏

"သားသားကဖွားဖွားကိုလွမ်းနေတာ😔"

သားအဲ့လိုပြောတော့ဟို2ကောင့်မျက်နှာကရှုံ့မဲ့လို့ပေါ့
အကဲပိုတယ်ဆိုပြီး

"အမလေး ငါ့မြေးလေးရယ် ဒီကအဖွားကြီးကလဲ လွမ်းနေတာပါကွယ်"

ဖွားဖွားအဲ့လိုပြောတော့သားသားလဲဖွားဖွားရင်ခွင်ထဲဝင်ပြီးချွဲတော့တာပေါ့
ဟဲ ဟဲ.....

"ကဲ မြေးလေးတို့ပင်ပန်းလာကျပြီမလား နားကျတော့လေ အပေါ်မှာမြေးလေးတို့အတွက်အခန်းပြင်ထားပြီးသား"

"ဟုတ်ကဲ့ ဖွားဖွား"

နန်းကြီးနဲ့သီဟကပြောလိုက်သည်

ရင်ခွင်ထဲကမထွက်သေးတဲ့ကောင်လေးကိုတော့
"ကဲ ဖွားဖွားမြေးလေးလဲနားတော့နော်
ညနေကျမ သားတို့လျောက်လည်ကျ
အိမ်ကdriverကိုမျိုးကို ခေါ် သွားကျ
ဟုတ်ပြီလား ခုတော့နားကျတော့"

ဟုဖွားဖွားကပြောတော့

"ဟုတ် ဖွားဖွား
ဒါဆို သားသားတို့အပေါ်တက်တော့မယ်နော်"

"ဟုတ်ပါပြီရှင့်"

အဲ့လိုနဲ့သားတို့လဲအပေါ်တက်နားကျတာပေါ့
နေ့လည်လောက်ကျမှပဲနိုးတော့တယ်
နိုးတာနဲ့ရေမိုးချိုးပြီးဟို2ကောင်ကိုသွား ခေါ် ရအုံးမယ်
သီဟအခန်းကိုတံခါးသွားခေါက်တော့

"ဒေါက် ဒေါက် ဒေါက်"

သီဟတော်တော်နဲ့တံခါးလာမဖွင့်ဘူး
စိတ်ကအလိုမ ရှည်ပါတယ်ဆို

"ဒေါက် ဒေါက် ဒေါက်"

လာမဖွင့်သေး

"ဒေါက် ဒေါက် ဒေါက်"
"ဒုံး ဒုံး ဒုံး ဒုံး"
ဘယ်ရမလဲ သားလဲတံခါးကိုထုတော့တာပေါ့
အဲ့ဒါမ လာဖွင့်တော့တယ်

"ဘာလဲကွာ တဒုံး ဒုံးနဲ့
အိပ်ရေးပျက်တယ်"

အမယ် အိပ်ရေးပျက်တယ်တဲ့
ထုပစ်ချင်စရာ မမှီလို့သာပေါ့
ဟုတ်တယ်ဗျ သီဟက သားထက်အရပ်ပိုရှည်တယ် သားကသာ3ယောက်ထဲအပုဆုံးနဲ့ချစ်စရာအကောင်းဆုံးလေ

သားသားရဲ့လူကြီး (Unicode+Zawgyi) [Completed]Where stories live. Discover now