အပိုင်း ၁၁

13.5K 860 15
                                    

Unicode

"အင်း.....လူကြီးကိုချစ်တယ်"

သားတိုးတိုးလေးပြောလိုက်တော့ ရယ်လျှက်လူကြီးရဲ့လက်နှစ်ဖက်ကသားပါးပေါ်ကိုအုပ်ကိုင်လာလေသည်

"ဟင်း..ဟင်း..အသံလေးကလဲကွာ
အခုကိုကိုမင်းကိုဘယ်လောက်အူယားနေလဲသိလား မင်းဘာလို့အဲ့လောက်တောင်အသည်းယားစရာကောင်းနေရတာလဲ..ဟင်"

"လူကြီးအရမ်းပိုတာပဲဗျာ တော်တော့
သားပြန်တော့မယ်"

"ဟာ ပိုတာမဟုတ်ဘူး
တကယ်ပြောတာ တကယ်ပြောတာပါဆို"

"အင်း သိပြီမလို့
သားလက်ကိုလွှတ်တော့နော်"

"အာ့ဆိုမနက်ဖြန်ကလေးကျောင်းအပြန်ကို
ကိုကိုလာကြိုမယ် ခွင့်ပြုမယ်ဆိုမှလွှတ်ပေးမှာ"

"သားသူငယ်ချင်းတွေနဲ့သွားမှာပါဆို"

"အင်း သွားလေ
ကိုကိုပြောတာကအပြန်ကိုပြောတာ"

"အင်းဗျာ လာကြိုလာကြို
ရပြီမလားလွှတ်တော့"

"လွှတ်ပါ့မယ်ကွာမင်းကလဲ
ကိုယ့်ချစ်သူကိုင်တာတောင်မင်းကတွန့်တိုနေတာလားပြော"

"မဟုတ်ပါဘူး နောက်ကျနေပြီလေ
ကိုကိုလဲပြန်တော့နော်"

"အင်း အဲ့လိုပဲခေါ်"

"ဟင် ဘာကိုလဲ"

"နောက်ဆို ကိုကို လို့ပဲခေါ်တော့လို့ပြောတာ"

"အင်းပါ"

"လာ အိမ်ရှေ့ထိလိုက်ပို့မယ်"

ကလေးလက်သေးသေးလေးတွေကိုကိုင်ပြီးရှေ့ကဦးဆောင်သွားလိုက်သည်
"ကလေးဝင်တော့ မနက်ကိုကိုလာကြိုမယ်နော်"
"ဟုတ်"
လှည့်ထွက်သွားဟန်ပြင်နေတဲ့ကလေးကိုမြင်မှကျွန်တော်တစ်ခုခုကိုသတိရလိုက်သည်

"ကလေးခဏ"
ကျွန်တော်ခေါ်လိုက်တော့
"ဘာဖြစ်ပြန်ပြီလဲပြော"
ဟုတ်သား ကျွန်တော့ကလေးကစိတ်အရမ်းရှည်တာကိုမေ့နေတယ်

"ကလေးဖုန်းနံပါတ်ကိုကိုမသိသေးဘူးလေ"

"အော် ဟုတ်သားပဲ"

"ရော့ ကလေးဖုန်းကိုခေါ်လိုက်"

ကျွန်တော်ဖုန်းနဲ့သူ့ဖုန်းကိုခေါ်ခိုင်းလိုက်တယ်

သားသားရဲ့လူကြီး (Unicode+Zawgyi) [Completed]Where stories live. Discover now