အပိုင်း ၁၇ (Final)

18.3K 761 33
                                    

Unicode

ဂိမ်းဆော့နေရင်းကိုကို့ဖုန်းဝင်လာသောကြောင့်ကိုင်လိုက်သည်။

"ဟလို ကလေးလေးဘာလုပ်နေလဲ"

"ဂိမ်းဆော့နေတာ"

"ဟုတ်လား ကလေး"

"ဗျာ"

"ဝရန်တာကိုထွက်ခဲ့"

"ဟမ်"

"ကလေးတို့အိမ်ရဲ့ဝရန်တာကိုထွက်လာခဲ့"

ကိုကိုပြောတဲ့အတိုင်းဝရန်တာကိုထွက်လိုက်တော့ခြံရှေ့မှာကားတစ်စီးကိုမှီပြီးရပ်နေသောသူ

"ကိုကို!!!......."

"လာဆင်းခဲ့"

အောက်ထပ်သို့အပြေးဆင်းကာခြံရှေ့ကကိုကို့ကိုအပြေးဖက်လိုက်သည်။

"ကိုကို့လွမ်းနေတာ ဘာလို့ကြိုမပြောတာလဲ"

"ကလေးကို surprise လုပ်တာလေ"

"ကိုကိုလူဆိုးကြီး"

"အဲ့လူဆိုးကြီးကိုမချစ်ဖူးလားပြော"

"ချစ်ပါဘူး"

"ဘာပြောတယ်!"

"ချစ်တယ်လို့ စတာကို"

"ဟွန်း....
ကလေးမိဘတွေရော"

"ဆေးရုံမှာ"

"ကလေးကို ကိုကိုနဲ့ပတ်သက်ပြီးဘာပြောကျသေးလဲ"

"ဟင် ဘာမှမပြောပါဘူး
ဘာလို့လဲ"

အဲ့ဒါဆိုကလေးမသိသေးဘူးထင်တယ်။
ကျွန်တော်နဲ့ဖေဖေရန်ကုန်မလာခင်တစ်ရက်အလိုကဝတ်လွှာကိုဆက်သွယ်ပြီးကလေးမိဘတွေရဲ့ဖုန်းနံပါတ်ကိုတောင်းထားခဲ့သည်။

ဖေဖေကသူကိုယ်တိုင်ဝတ်လွှာမိဘတွေကိုတောင်းပန်ခဲ့သည်။ကျွန်တော်နဲ့ဝတ်လွှာကမစေ့စပ်ရသေးပင်မယ့်လဲဖေဖေ့ဘက်ကစကားကျွန်ထားခြင်းကြောင့်ဖြစ်သည်။

ဖုန်းနံပါတ်ရတော့ဖေဖေကပဲကလေးမိဘတွေကိုဆက်သွယ်ကာကျွန်တော်နဲ့ကလေးကိုစေ့စပ်ပေးရန်ကမ်းလှမ်းခဲ့သည်။ကလေးမိဘတွေကလဲကျွန်တော်နဲ့ကလေးအကြောင်းကိုသိပြီးသားဖြစ်တဲ့အတွက်လက်ခံခဲ့သည်။ဖေဖေနဲ့ကျွန်တော်ရန်ကုန်ရောက်တာနဲ့နှစ်ဖက်မိဘချင်းတွေ့စုံကာရက်ကောင်းရက်မြတ်ရွေးပြီးလက်ထပ်ပေးကြမည်ဖြစ်သည်။

သားသားရဲ့လူကြီး (Unicode+Zawgyi) [Completed]Where stories live. Discover now