အပိုင်း ၃

19.6K 966 33
                                    

Unicode

"မင်းတို့ငါ့ကိုဘာလို့ ဆွဲခေါ် လာကျတာလဲ တော်ကြာ ငါ့ကိုကြောက်လို့ထွက်ပြေးတယ်ထင်နေအုံးမယ် "

‌"တော်ပါတော့ ငချစ်ရာ ဟိုမှာအားနာစရာကြီး မင်းကလဲမှားသေးတယ်မတောင်းပန်တဲ့အပြင်ရန်ပါတွေ့နေသေးတယ်"

"အေးလေဟယ် ဟိုအကို့ကိုအားနာစရာကြီး ပြီးတော့လူတွေကလဲဝိုင်းကြည့်နေကျတာ သူလဲရှက်သွားမှာပဲ"

နန်းကြီးကပြောတော့

"သူမပြောနဲ့ငါတောင်ရှက်တယ်"

"ဘာလဲမင်းတို့2ယောက်ကသူ့ဘက်ကလား မင်းတို့2ယောက်ကိုသူကဘာတွေပေးထားလို့လဲ ပြီးတော့ဘာရှက်စရာရှိလို့လဲ ငါကမှန်တာပြောတာလေ အဲ့ဒါကိုအဲ့လူကြီးကရုပ်တည်ကြီးနဲ့လာဖြဲတာလေ ဘယ်သူမှားတာလဲ ငါ့ပါးပါးနဲ့မားမားတောင် ငါ့ကိုအဲ့လိုရုပ်တည်ကြီးနဲ့ဆူဖူးတာမဟုတ်ဘူး သူကဘာမိုလို့လဲ လုံးဝမကျေနပ်ဖူး သွားပြောအုံးမယ်"

"အမလေး ကိုယ်တော်ချောရယ်တော်ပါတော့ သူများမြို့လာပြီးပြသနာမရှာချင်စမ်းပါနဲ့ ရုပ်ကြည့်တော့အုတ်ခဲရုပ်နဲ့ဟိုကကားတင်ပြေးကာမှယောင်္ကျားတစ်ယောက်အဖတ်တင်နေအုံးမယ် ပြီးတော့ငါတို့ကမှန်တာပြောတာဘယ်သူ့ဘက်မှမလိုက်ဘူး"

"ဒါများ မိန်းမတော်ပစ်လိုက်မှာပေါ့"
သားကပြောလိုက်တော့
သီဟက"မင်းကပဲမိန်းမတော်မလား ဟိုကပဲမိန်းမတော်သွားမလားကြည့်ရသေးတာပေါ့ကွာ ဒါနဲ့ဟိုဘဲကြီးကမင်းကိုပဲကြည့်နေသလားလို့"

"ကြည့်နေသလားလို့မဟုတ်ဘူးဟေ့ ကြည့်ကိုကြည့်နေတာ"

နန်းကြီးပြောတော့သားလဲဘာရယ်မဟုတ်ခပ်တည်တည်နဲ့လှည့်လိုက်တော့ ဟုတ်ပါ့ဗျာသားနဲ့မျက်လုံးချင်းစုံသွားတာတောင်မျက်လုံးလွှဲမသွားဘူး ဒီလူကြီးဒါဘာအချိုးချိုးတာလဲ မထီတာလားမျက်ခွက်လာပြောင်နေတယ် ငါလုပ်ရင်တော့သေတော့မယ် ဟွန်းးး

"ကဲ ကဲ အကြည်စိုက်နေတာလေးတွေလဲရပ် မုန့်လာချသွားပြီစားစရာရှိတာစားကျ ငါပြန်ပြီးနားချင်နေပြီ"

နန်းကြီးပြောမှသားလဲသတိဝင်လာတော့တယ် ဘယ်လိုလူကြီးမှန်းလဲမသိဘူးမုန်းချင်စရာကြီး ခုထိကြည့်တုန်းပဲ
သားဘက်ကပဲမျက်စောင်းထိုးပြီးအကြည့်လွှဲလိုက်တယ် စားစရာရှိတာစားပြီးအိမ်ပဲပြန်လာလိုက်တော့တယ်

သားသားရဲ့လူကြီး (Unicode+Zawgyi) [Completed]Where stories live. Discover now