အပိုင်း ၁၅

12.6K 818 28
                                    

Unicode

ကျွန်တော်ဝတ်လွှာဆီကအပြန်ကလေးကိုတွေ့ပြီးအကျိုးအကြောင်းပြောရန်ကလေးတက်သောကျောင်းသို့ထွက်လာခဲ့လိုက်သည်။

"ဟလို ကိုကို့"

"ကလေး ကိုကိုကလေးတို့ကျောင်းရှေ့မှာရောက်နေတယ် ကလေးကိုပြောစရာရှိလို့ ကလေးထွက်လာခဲ့ပါ့လား"

"ဟုတ်
ကိုကို15မိနစ်လောက်စောင့်ပေးပါ့လား
တီချယ်စာသင်နေတုန်းမို့"

"အင်းရတယ် ကိုကိုစောင့်နေမယ်"

"ဟုတ်"

ကိုကို့ဖုန်းကျသွားတာနဲ့ဘေးကနန်းကြီးက
"ဘယ်သူလဲ"

"ဘယ်သူကမှာလဲကိုကိုပေါ့"

"အမလေး အဆင်ပြေနေတော့ရုပ်ကတစ်မျိုး"မယ့်ရွဲ့ကာပြောနေသောနန်းကြီးရဲ့ရုပ်ကို ကိုဟိန်းကိုပေးတွေ့ချင်လိုက်တာ ဆိုးလိုက်တာဆိုတာ ကိုဟိန်းဘယ်လိုများချစ်မိသွားလဲမသိပါဘူး

"မင်းတို့နှစ်ကောင်ကို တီချယ်ကြည့်နေတယ်နော်"

သီဟရဲ့လေသံတိုးတိုးစကားကြောင့်နှစ်ယောက်သားပါးစပ်ပိတ်ကာ စာရှင်းတာဘယ်ရောက်သွားမှန်းမသိတဲ့စာအုပ်ကိုသာငုံ့ကြည့်နေတော့သည်။

တီချယ်ထွက်သွားသည်နှင့်ပြေးဖို့ပြင်နေသောသူ့ကိုသီဟကဆွဲထားလေသည်။

"မင်းကဘယ်သွားမလို့လဲ နောက်တစ်ချိန်ကျန်သေးတယ်လေ"

သီဟကိုပြန်ပြောဖို့ပြင်ရုံရှိသေးနန်းကြီးကဝင်ပြောလေသည်။

"ကျောင်းရှေ့မှာသူ့ဘဲကြီးရောက်နေလို့တဲ့ဟေ့"

"သွားပြီ ကိုကိုစောင့်နေတာကြာနေပြီကွ"

ပြောလဲပြောလှည့်ထွက်လာလိုက်သည်။အနောက်မှသီဟနဲ့နန်းကြီးရဲ့ မေတ္တာပို့သံတွေကိုလည်းလှည့်မကြည့်တော့။

ကျောင်းရှေ့ရောက်တော့ကားကိုမှီကာရပ်စောင့်နေသောကိုကို
ကောင်မလေးတွေကလည်းကွက်ကြည့်ကွက်ကြည့်နဲ့
ကားထဲကစောင့်နေတာမဟုတ်ပဲနဲ့ တော်တော်အငေးခံချင်နေလားမသိဘူး

သားကိုမြင်တော့ကားကိုမှီနေရာမှမတ်တပ်ရပ်လာကာလက်လှမ်းပြသည်။
သားလဲစူပုတ်ပြီးခြေစောင့်ကာကိုကို့နားကိုသွားလေသည်။

သားသားရဲ့လူကြီး (Unicode+Zawgyi) [Completed]Where stories live. Discover now