𝑬𝒑-1

1.8K 61 7
                                    

𝑼𝒏𝒊𝒄𝒐𝒅𝒆

"ကိုကိုကလည်းဗျာPerthကိုတောင်မစောင့်ဘူး🙄"

"ကိုကို ကိုကိုလို့"

"ဟာကိုကိုလို့ဆိုနေ Perthကိုစကားလည်းပြန်မပြောဘူး"

"Perthကိုစိတ်ဆိုးနေတာလားဟင်😢"

"ကိုကိုဘာပြောထားလဲကလေး ဘောလုံးကန်ချင်တယ်ဆိုလို့ကိုကိုကလိုက်လျောပေးထားတာနော် ကလေးအသားနာဖို့ ကိုကိုဆော့ခိုင်းထားတာမဟုတ်ဘူး"

"ကိုကိုရယ်တောင်းပန်ပါတယ်နော် Perthချော်လဲသွားလို့ပါ"

"ဒူးပြဲသွားတယ်မှတ်လား"

"ကိုကိုမကြိုက်ရင်Perthမလုပ်တော့ပါဘူးနော် Perthကိုစိတ်မဆိုးပါနဲ့"

"ကိုကိုစိတ်မဆိုးပါဘူး ဒါပေမယ့်ကိုကို့ကိုကလေးကတိပေးရမယ် နောက်ဆိုကိုယ့်ကိုယ်ကိုအသားနာအောင်မလုပ်ပါဘူးလို့"

"Perthကကိုယ့်ကိုယ်ကိုအသားနာအောင်လုပ်တာမဟုတ်ပါဘူး မတော်တဆဖြစ်သွားတာပါ"

"အဲ့တော့ကိုကို့ကိုကတိမပေးဘူး‌ပေါ့"

"အဲ့လိုမဟုတ်ပါဘူး ကတိပေးပါတယ်နော်☺️Perthကိုတစ်ယောက်ထဲမထားခဲ့နော်နောက်ဆို Perthကတော့ဝင်ခေါ်မယ်ထင်လို့စောင့်နေတာ ကိုကိုကအိမ်ရှေ့ကနေဖြတ်သွားပြီး Perthကိုလဲဝင်မခေါ်ဘူး🙄"

"အင်းပါကိုကိုတောင်းပန်ပါ‌တယ်နော်☺️"

အဲ့ဒါပါပဲကျွန်တော့်ကိုကိုက ကျွန်တော့်ကိုကြာကြာစိတ်မဆိုးနိုင်ပါဘူး။ကိုကိုကအနေအေးပြီးမျက်နှာခပ်တည်တည်နေတတ်ပေမယ့် ကျွန်တော့်ကိုတော့ဂရုစိုက်ပါတယ်။ကိုကိုကကျွန်တော့်ထက်၃နှစ်ကြီးပါတယ်မူလတန်းနောက်ဆုံးနှစ်ပေါ့။ကျွန်တော်ကတော့အခုမှကျောင်းစတက်တာပါ။ကိုကိုကတော့ကျောင်းမှာနာမည်ကြီးပဲ။ချောလည်းချော၊စာကလည်းတော်တော့ကိုကို့ကိုကြိုက်တဲ့သူ၊အားကျတဲ့သူကအများကြီးပဲ။ကျွန်တော်လည်းနာမည်ကြီးပါတယ်။ကိုကို့ရဲ့ဂရုစိုက်မှုကိုရလို့ အားကျတဲ့သူရော၊အမြင်မကြည်တဲ့သူရောပဲ😁မိဘတွေချင်းကလည်းရင်းနှီး၊ ခြံချင်းကပ်ရပ်နေပြီးစီးပွားရေးစပ်တူလုပ်ကြတာဆိုတော့ ကျွန်တော်တို့ညီအကိုအရင်းလိုဖြစ်နေတာမဆန်းပါဘူး။

Only You❤️🖤(Completed)Where stories live. Discover now