𝑬𝒑-8

425 36 0
                                    

𝑼𝒏𝒊𝒄𝒐𝒅𝒆

၄လပိုင်း၁၇ရက်နေ့

"ကလေး ကလေးထတော့လေ ကိုကိုတို့သွားရအောင်"

"ဟင် ဘယ်ကိုလဲ"ဟုဆိုပြီးမျက်လုံးလေးကိုပွတ်ကာမေးသည်။

"ဟာဒီနေ့ကိုကို့မွေးနေ့လေ ကိုကိုကလေးကိုပြောထားတယ်လေ ကလေးကိုခေါ်သွားစရာနေရာရှိတယ်လို့"

"ဟီးဟီးဟုတ်သားပဲ"

"ကဲမျက်နှာသစ်ရေမိုးချိုး ပြီးဆင်းလာခဲ့နော်ကိုကိုအောက်ကစောင့်နေမယ်"

"ဟုတ်ကိုကို"

ခဏကြာတော့

"ကိုကိုပြီးပြီ"

"ကိုကို့ကလေးကချစ်စရာလေး လာသွားရအောင် လမ်းရောက်မှကိုကိုတစ်ခုခုဝယ်ကျွေးမယ်"

"ဟုတ်ကိုကို"

ဒီလိုနဲ့ကလေးကိုလမ်းမှာမနက်စာဝယ်ကျွေးပြီး ခရီးဆက်ခဲ့ကြသည်။

"ကိုကိုဘယ်သွားနေတာလဲဟင် မြို့ပြင်တော့မဟုတ်လောက်ပါဘူးနော်"

"မြို့ပြင်ဆိုရင်ရောဘာဖြစ်လို့လဲ ကလေးကကိုကိုခေါ်တဲ့နေရာမလိုက်ရဲဘူးလား"လို့ရယ်ကျဲကျဲနှင့်မေးလိုက်တော့

"မဟုတ်ပါဘူးနော် Perthကလေကိုကိုနဲ့ဆိုရင် ရေမြေအဆုံးလိုက်ပြီးသားပဲ"

"ဟုတ်ပါပြီဗျာ"

ဒီလိုနဲ့စကားတွေပြောပြီးခရီးဆက်လာကြသည်။ကျွန်တော်တို့ရောက်တော့နေ့ခင်းလောက်ဖြစ်နေလေသည်။

"ရောက်ပြီကလေး"

"ကိုကိုဒါဘယ်နေရာလဲ"

"မြို့ပြင်နားလေ ပင်လယ်ကမ်းစပ်ရှိတယ် ကလေးကပင်လယ်ကိုသဘောကျတယ်မှတ်လား ဒီနေရာကလူရှင်းတယ်လေ အဲ့ဒါကြောင့်ကလေးကိုခေါ်လာတာ"

"ဟီးဟီးကိုကိုကကြိုတော့မပြောဘူး Perthမှာအင်္ကျီအပိုမပါဘူးကိုကိုရဲ့"

"အဲ့အတွက်စိတ်မပူပါနဲ့ ကလေးကြိုက်သလောက်ရေဆော့လို့ရတယ်"

"ဒါနဲ့ကိုကိုနဲ့Perthနဲ့နှစ်ယောက်တည်းလား တခြားသူရောပါသေးလား"လို့အရဲစွန့်ပြီးတော့မေးလိုက်မိသည်။

Only You❤️🖤(Completed)Where stories live. Discover now