𝑬𝒑-11

431 35 5
                                    

𝑼𝒏𝒊𝒄𝒐𝒅𝒆

"ကိုကို ကလေးကိုချစ်တယ်....❤️🖤"

ကျွန်တော့်ရဲ့တိုးညှင်းစွာပြောမှုကို ကလေးရော Pondရော Meanပါ အံ့ဩသွားကြသည်။ကလေးကကျွန်တော့လက်ကိုကိုင်ပြီး စာကြည့်တိုက်နောက်ဖက်သို့ခေါ်သွားသည်။

"ကိုကို ကိုကို ခုဏကဘာပြောလိုက်တာလဲဟင်"ဆိုပြီးမျှော်လင့်ချက်ရောင်ချည်သန်းနေသော မျက်လုံးလေးများနှင့်ကြည့်နေ‌သည်။

"ဟို ဟို ဘာမှမဟုတ်ပါဘူး😅"လို့ပြောလိုက်တော့ ချက်ချင်းမျက်နှာပျက်သွားသည်။

တစ်ဖက်‌တွင်တော့

"Saintကွာ မပြောရဲဘူး မပြောရဲဘူးနဲ့ ပြောမယ့်ပြောတော့ တည့်ကိုပြောလိုက်တာပဲ😄 ဒါနဲ့မင်းကဘာဖြစ်နေတာလဲ"

"ဟို ဘာမှမဖြစ်ပါဘူးအကို"

'ဟွင်း ဟွင်း ငါမသိဘူးများထင်နေလားကွာ ငါ့သူငယ်ချင်းအနှစ်နှစ်အလလကချစ်လာရတဲ့သူကို မင်းလိုလူလက်ထဲထည့်မပေးနိုင်ပါဘူး မင်းPerthကိုကြိုက်နေတာငါသိတာပေါ့ကွာ အခုတော့Perthက ငါ့သူငယ်ချင်းဆီပါသွားပြီ☺️'

"ဟိုအကို ကျွန်တော်သွားနှင့်လိုက်ဦးမယ်နော် ကိစ္စလေးရှိသေးလို့"

"Okပါ"

"တကယ်ဘာမှမဟုတ်ဘူးလားကိုကို"

"အင်း"ဆိုတော့စိတ်ဆိုးသွားပုံပင်

"ပြီးရောလေPerthသွားပြီ"

'ချစ်တယ်လို့ပြောဖို့ကမခက်ပါဘူး ဒါပေမယ့်ငယ်ငယ်ကလိုမဟုတ်တဲ့ခံစားချက်နဲ့ပြောရမှာမို့ ကိုကိုထပ်မပြောရဲဘူးကလေးရယ်'

"Saint...Perthကဘာဖြစ်သွားတာလဲ မျက်နှာကြီးလဲဆူပုတ်နေတာပဲ စိဝ်တိုသွားတဲ့ပုံစံနဲ့ မင်းနဲ့ဘာဖြစ်သွားလို့လဲ"ဆိုပြီးMeanကကျွန်တော့်ကိုပြူးကြည့်ကာမေးသည်။

"ဟိုကလေးက..."

"အင်းကလေးကဘာဖြစ်လဲ"

"ဟိုကလေးကလေ..."

"ကလေးက ကမတက်တော့ဘူး ဆက်ပြောစမ်းပါကွ"ဆိုပြီးစိတ်မရှည်တဲ့လေသံနဲ့မေးလေသည်။

"ငါ့ကိုဘာပြောလိုက်တာလဲလို့မေးတယ်"

"အဲ့တော့မင်းကဘာပြန်ပြောလိုက်လဲ"ဆိုပြီးစိတ်ဝင်တစားမေးလေသည်။

Only You❤️🖤(Completed)Where stories live. Discover now